လှမြင့်ကြီး လွှတ်လိုက်တော့ ဟိုရောက်တော့ သမဂ္ဂထဲမှာ ကျောင်းသားတွေ မရှိတော့ဘူး ပြေးကုန်ကြပါပြီ၊ အဲဒီမှာ မွှေးကြီးက ROC နဲ့ ပစ်ရရင် နောက်က ဆရာကာအိမ်နဲ့ တခြားအိမ်တွေပါ ပြိုမယ်ဆိုလို့ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း အရာရှိငယ်တဦးက ဒိုင်းနမိုက်နဲ့ ခွဲပါလား ဆိုလို့ ဒိုင်းနမိုက်နဲ့ ခွဲဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် "ပစ်ဖြိုလိုက်" ဆိုတုန်းက အခြေအနေက အလွန်ဆိုးချိန် (သတင်းကြီးပေးပုံက သူပုန်တွေက ပစ်မလို့ နေရာယူထားတာမျို မို့ ဗိုလ်ချုပ်က စိတ်လိုက်မာန်ပါ အမိန့်ပေးခဲ့တာပါ။ ကျောင်းသား အခြေအနေဟာ ၆း၃၀ နာရီလောက်မှာ ပြီးသွားပါပြီ။ ဒဏ်ရာရသူ သေသူတွေ ဆေးရုံပို့၊ ကျန်တဲ့ ကျောင်းသားတွေ လစ်ပြီး၊ ရန်သူ ကျောင်းသား ရှင်းလင်းပြီးသွားချိန်မှာ ဒိုင်းနမိုက်ခွဲဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ (သမဂ္ဂထဲ တပ်သားတွေ ဝင်သိမ်းပြီးတာတောင် ကြာပါပြီ) သမဂ္ဂကို ဖျက်စရာ မလိုတော့ပါ။ ဒါကို လိုအပ်သေးသလားတောင် မဆုံးဖြတ်တတ်ပဲ ဟိုပုံချ သည်ပုံချ နောက်ဆုံး ဗိုလ်ချုပ်လိုလို ဖြစ်ရတာပါ။
ဒီတခါတော့ သံရုံးအားလုံးက TV လိုက်ရိုက်ကြတာ တရုံးရုံးပါ။ စင်္ကာပူသံရုံး အဖျက်ခံရတာ ပါမှာပါ။ သူတို့က ကန့်ကွက်လွှာ ဒီနေ့ မနက် နိုင်ငံခြားရေးရုံးကို ပို့မှာ ဖြစ်ပါတယ်။ ဒါကို ဆူပူသောင်းကျန်းသူတွေကလို့ ကြေငြာရင် မဟာအရှက်တော် ကွဲရမှာပါ။
ဒီ ကိစ္စဟာ UN နဲ့ ဂျနီဗာမှာ ရှိတဲ့ Human Right Organisation ကို သံရုံးတွေက ပို့တော့မှာ သေချာပါတယ်။ ကျောင်းသားတွေကတော့ ဒီတခါ ဗိုလ်ချုပ် မပါပါဘူးတဲ့။
အဲဒါ RIT မှာ နောက်ထပ် စစ်ပုံ မပေါ်အောင် အမြန်လုပ်ပါ။ ဗိုလ်ချုပ် လက်မလျှိုပါနဲ့လို့ တောင်းပန်ပါတယ် ခဗျား။
သေသူတွေဟာ ၁၁-၁၂ နှစ် ကလေးတွေချည်း ဖြစ်ပါလိမ့်မယ်။
လေးစားစွာဖြင့်
(အောင်ကြီး )
၂၂.၆.၈၈
စမ်းချောင်း
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com