" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ မိန်းကလေးများကို ကာကွယ်ပေးပါ Help to Myanamar Girls

Thursday, 19 March 2009 10:58
အိမ်ရှင်မှ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်မှုမှ လွတ်မြောက်လာသူ မြန်မာအိမ်ဖေါ် အလုပ်သမား အမျိုးသမီးတစ်ဦးက မြန်မာအလုပ်သမား မိန်းကလေးများအနေဖြင့် အိမ်ဖေါ်အလုပ်ကို မလုပ် သင့်ကြောင်း ပြောဆိုလိုက်သည်။
ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေစဉ်အတွင်း အိမ်ရှင်အဖိုးကြီး က သားမယားပြုကျင့်ရန် နည်းမျိုးစုံဖြင့်ကြိုးစားနေသဖြင့် ဘန်ကောက်မြို့အခြေစိုက် “ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအသင်း” ထံသို့ ရောက်ရှိလာသော ပဲခူးတိုင်းမှ အသက် (၂၀)အရွယ် မိန်ကလေးက ပြောဆို လိုက်ခြင်း ဖြစ်သည်။
“သမီး ဘန်ကောက်ရောက်တာ ၃လရှိပြီ၊ သမီးအလုပ်လုပ်တဲ့ အိမ်ရှင်သူဌေးရဲ့ မယားငယ်က ယောက်ျားလျာ လိုလို ဘာလိုလိုနဲ့ သမီးကို တချိန်လုံး အောကားတွေ ဖွင့်ပြတယ်။ သမီးရေချိုးရင် ရေချိုးခန်းထဲကိုလိုက်လာပြီး ဟိုကိုင် ဒီကိုင် လုပ်တယ်။ သူ့ကိုလည်း သမီးကိုကိုင်ခိုင်းတယ်။ ပြီးတော့ သမီးရှေ့မှာ သူတို့ လင်မယား လိင် ဆက် ဆံပြတယ်။ တော်တော် ရှက်စရာကောင်းပါတယ်။ သမီးကို မယားငယ်လုပ်ဖို့ စည်းရုံးတယ်။ သမီးက သူများ မယားငယ်လုပ်ပြီးမှ ရမယ့် ပိုက်ဆံကို မလိုချင်ဘူး။ အလုပ်ကြိုးစားပြီး ရတဲ့ငွေကိုပဲ သမီးရချင်တယ်’’
အဆိုပါသူဌေးမှာ အသက် ၆၀ကျော်အရွယ်ခန့်ရှိပြီး သူ၏မယားငယ်မှာ အသက် ၃၀ ၀န်းကျင်ဖြစ်သည်။ သူဌေးလင်မယားနှင့် အတူတူအိပ်စက်ရပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မိမိဘ၀ နစ်မွန်းနိုင်သည်ကိုမြင်သဖြင့် ထွက်ပြေး လွတ်မြောက်နိုင်မည့် အခွင့်အခါကို စောင့်နေခဲ့သည်။ သူမနှင့်အတူ အခြား မြန်မာအိမ်ဖေါ်တစ်ဦးပါ ရှိသဖြင့် နှစ်ယောက်သား ခြံစည်းရိုးကိုကျော်၍ ထွက်ပြေးလာခဲ့သည်ဟုဆိုသည်။
“သမီးကို သူဌေးကကြိုက်တယ်ဆိုပြီး မဲဆောက်က ပို့ပေးတဲ့ပွဲစားကို လှမ်းပြောတယ်။ ဘန်ကောက်မှာ ကရင်မ ပွဲစား(၂)ယောက်က သမီးကိုအကြီးအကျယ် လိုက်ရှာနေတယ်။ ဗမာလူမျိုး အချင်းချင်း သူတို့ငွေရရင်ပြီးရော သမီးကို ပြန်ပို့ဖို့ ရှာနေကြတယ်။ အိမ်ဖေါ်ဆိုပြီး အချိန်ပြည့်ခိုင်းတယ်။ ထမင်းကို ၀အောင်မကျွေးဘူး။ အသီး အရွက်နဲ့ပဲ စားရတယ်။ ထမင်းဂျိုးကို ရေးနှူးပြီး ကျွေးတယ်။ စိတ်ချမ်းသာတဲ့နေ့ဆိုတာ မရှိဘူး” ဟုပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သက် သက်ဦးက “ကျမတို့ဆီကို ဒီကိစ္စမျိုးတွေနဲ့ မကြာခဏဆိုသလို ရောက်လာကြတယ်။ ကျမတို့ကိုယ်တိုင်းလည်း အလုပ်သမားပဲလေ၊ နိုင်သလောက်တော့ ကူညီပေးတာပေါ့။ ကျမတို့က ငွေကြေးတတ်နိုင်တဲ့အဖွဲ့ မဟုတ်ဘူး လေ။ ကျမတို့စားသလို ကျွေးတယ်။ ကျမနဲ့အတူ အိပ်တယ်။ ကျမတို့သိတာလေးတွေကို ရှင်းပြပေးတယ်။ ဆေးဝါးကုသဖို့ကျရင်တော့ အခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းရတာပေါ့နော်။ ဘန်ကောက်မှာ မြန်မာ အလုပ်သမားတွေကို ထိထိရောက်ရောက် ကူညီနိုင်မယ့်အဖွဲ့တွေ လိုအပ်ပါတယ်။ အလှမ်းကျယ်ပြီး အလယ်လပ်နေတာ၊ ဘန်ကောက်မှာ အိမ်ဖေါ်တွေ အပြင်ကို လုံးဝမထွက်ရတဲ့ အလုပ်ရုံတွေရှိပါတယ်။ မြန်မာအမျိုးသမီးလေးတွေ အခြားအလုပ်ကိုပဲ လုပ်စေချင်ပါတယ်။ ဘ၀လုံခြုံမှု လုံးဝမရှိတဲ့ ဒီအိမ်ဖော်အလုပ်ကို မလုပ်ကြပါနဲ့လို့ ကျမတိုက်တွန်းချင်ပါတယ်’’ဟု ပြောသည်။
ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အိမ်ရှင်မှဖြစ်စေ တစ်စုံတစ်ယောက်မှဖြစ်စေ မတော်မတရား ပြုကျင့်ခံရ သော မြန်မာအလုပ်သမား အမျိုးသမီးများမှာ ဘတ်မရှိလျှင် နယ်စပ်ကိုပြန်ပို့ခံရမည်ဖြစ်သည်။ ထို့အပြင် အမှု ရင်ဆိုင် နေစဉ်အတွင်း အမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေမရရှိပဲနေရသည်။ အန်ဂျီအိုများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်းပြီး အမှုမှန်ပေါ်ပေါက်အောင် ဖေါ်ထုတ်ရမှုများမှာလည်း များစွာခက်ခဲကြန့်ကြာ တတ်သည်။
http://ghre.org/mm/index.php?option=com_content&view=article&id=264:2009-03-19-04-01-56&catid=1:la

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...