ERD Commander က ၀င်းဒိုးစ် အက်ဒမင် ပါတ်စ၀ါဒ် မေ့သွားတဲ့ အခါမျိုးမှာ အက်ဒမင် ပါတ်စ၀ါဒ် ပြန်ပြောင်းပေးနိုင်တဲ့ စီဒီခွေဖြစ် ပါတယ်။ အခုတင်ပေးထားတာက Windows 7 (32 bit) x86 အတွက်ပါ။
Windows 7 (64 bit) x64 အတွက် တင်ထားတာကို လိုချင်ရင်တော့ ဒီလင့်ကို ကလစ်ပြီး ကြည့်လိုက်ပါ။
ပတ်စ၀ါဒ်မေ့တတ်သူများအတွက်၊ ကွန်ပြူတာ ပြုပြင်ထိန်းသိမ်းပေးသူများ လိုအပ်ရင် အသုံးတည့်ဖို့ပါ။ သူများ ကွန်ပြူတာ ပတ်စ်ဝါဒ်တွေ လိုက်ပြောင်းဖို့ မဟုတ်ဘူးနော် … ဟီး … ။
အခြား အသုံးဝင်တာလည်း အများကြီးပါ။ ၀င်းဒိုးစ်ပျက်သွားလို့၊ ဟာ့ဒစ်ပျက်သွားလို့ ကွန်ပြူတာဖွင့်မရတော့တဲ့အခါ အခု ERD နဲ့ ဖွင့်ပြီး လိုတဲ့ဖိုင်တွေကို backup လုပ်နိုင်တာမျိုးပေါ့။
၁။ အခုတင်ထားပေးတဲ့ ဖိုင် ၅ ပိုင်းလုံးကို ဒေါင်းလုတ်ချပါ။ ဖိုလ်ဒါ တခုထဲ အတူထည့်ထားပါ။
၂။ RAR, ZIP စတဲ့ ဆော့ဝဲတခုခုကို သုံးပြီး Part 1 ကို Right Click > Extract Here လုပ်ပါ။ ISO ဖိုင်တခု ရလာပါမယ်။
၃။ Nero တို့လို ခွေကူးတဲ့ ဆော့ဝဲတခုခုသုံးပြီး Burn Image လုပ်လိုက်ရင် Windows7 အတွက် boot CD ရလာပါမယ်။
၎။ အဲဒီ စီဒီခွေနဲ့ ၀င်းဒိုးစ်တက်လိုက်ပါ။
၅။ Start > System Tools > LockSmith ကို ဖွင့်ပါ။ အဲဒီမှာ ပတ်စ၀ါဒ် ပြောင်းလို့ရပါပြီ။
အဆင်ပြေပါစေဗျား။ ဖိုင်ဆိုဒ်က စုစုပေါင်း 237 MB ပါ။
Part 1 | Part 2 | Part 3 | Part 4 | Part 5
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com