" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဒေါ်အောင်ဆန်းစုကြည် Daw Aung San Su Kyi

ဒေါ်အောင်ဆန်းစုကြည် သူ့ဖာသာသူ အိမ်ထဲနေတာတောင် အမှူပေါင်းစုံတပ်မှ ဗျာ..ကိုညီညီအောင်ကို မမိမချင်း အမျိုးမျိုး အမှူထပ်တတ်တာ..ဘာမှမဆန်းဖူး...
မြန်မာပြည်တရားရုံးနဲ့  တရားရေးဝန်ထမ်းတွေ ဒီလောက်မတရားတာ..သေတောင်လျှာ မီးလောင်မှာမဟုတ်ဖူး..
လိမ်လွန်းလို့  အထူးသဖြင့် အောင်တိုးဆိုတဲ့ အိုနာ ကျိုးကန်းကြီးပေါ့ဗျာ

ကိုညီညီအောင်ကို ပုဒ်မ ထပ်တိုးပြန်
အေးလဲ့
မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို ပုဒ်မတခု ထပ်တိုး စွဲဆိုလိုက်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ပြုလုပ်သည့် ကိုညီညီအောင်အတွက် အင်းစိန်ထောင်တွင်း တရားရုံး ရုံးချိန်းကို အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် အကျိုးဆောင် ရှေ့နေ ၂ ဦး တို့ ၁၅ မိနစ်ကြာ တက်ရောက် ကြားနာခွင့် ရခဲ့ကြောင်း သိရသည်။ နောက်တကြိမ် တရားရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၁ ရက်၊ သောကြာ နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ကိုညီညီအောင်ကို ယခု ထပ်မံစွဲဆိုသည့် အမှုသည် ရဲအရေးမပိုင်သော အမှု ဖြစ်သည့်အတွက် ဗိုလ်တထောင်မြို့နယ် မှတ်ပုံတင်ရုံးက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ဟု ၎င်းကဆိုသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း “အရင်က စွဲဆိုထားပြီး ဖြစ်တဲ့ အမှု နှစ်မှုကို စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက် စာနဲ့ ရေးတင်ရတယ်” ဟု ပြောသည်။

ကိုညီညီအောင်နှင့်ပတ်သက်၍ ရှေ့နေ ဦးဉာဏ်ဝင်းက “သူ့ကို ကြည့်ရတာ ကျန်းမာရေးက အရင်တပတ်ကထက်စာရင် အများကြီး ကောင်းပါတယ်၊ သူ့အမှုအကြောင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ စကားပြောဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်သုံးစွဲမှုဆိုင်ရာ ပုဒ်မဖြစ်သော စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်သည့်ပုဒ်မ (၄၂၀)၊ စာရွက်စာတမ်း အတုကို အသုံးပြုသည့် ပုဒ်မ (၄၆၈) နှင့် နိုင်ငံခြားငွေ စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်မှုဆိုင်ရာ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။

ယမန်နေ့က ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ ဒု ကောင်စစ်ဝန်အပါအဝင် တာဝန်ရှိသူတို့ ထောင်ဝင်စာတွေ့ခွင့်ရကြောင်း ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

သို့သော် အမေရိကန်သံရုံးမှ တာဝန်ရှိသူတဦးကမူ ယမန်နေ့က ထောင်ဝင်စာတွေ့ခွင့်ရခြင်းနှင့် ပတ်သက်ပြီး တစုံတရာမှ ပြောဆိုခြင်း မရှိပေ။

ဒီဇင်ဘာ ၁၈ ရက်နေ့က အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် ကိုညီညီအောင်တို့ ခေတ္တခဏတွေ့ဆုံခဲ့ရာ ၎င်း၏ အစာအငတ်ခံဆန္ဒပြမှု ပြီးဆုံးပြီဖြစ်ကြာင်းကို အတည်ပြုပြောဆိုခဲ့သည်ဟု သိရသည်။

ကိုညီညီအောင်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများအပေါ် ဆက်ဆံရေး မတရားမှုကို မကျေနပ်သည့်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း၊ ထို့ကဲ့သို့ ဆန္ဒပြခဲ့သောကြောင့် အာဏာပိုင်များက စစ်ခွေးတိုက် ထဲသို့ ပြောင်းရွှေ့ တိုက်ပိတ်လိုက်ကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။ ထိုအတောအတွင်း သူ၏ ကျန်းမာရေးမကောင်းဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

အင်းစိန်ထောင် ဝန်ထမ်းတဦးက ဒေါ်ခင်ခင်ဆွေအား တပတ်လျှင် တကြိမ် ထောင်ဝင်စာ တွေ့ခွင့် ပေးနေရာမှ နှစ်ပတ်လျှင် တကြိမ်သာ ပေးတွေ့တော့မည် ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားသည် ဟု ပြောသည်။ အလားတူ အမေရိကန်သံရုံးမှ တာဝန်ရှိသူများကိုလည်း နှစ်ပတ်လျှင် တကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ပေးသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့သည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...