" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ့ နည်းပညာ not remember website address


အင်တာနက် သုံးသူ တော်တော်များများမှာ တွေ့ နေရတာလေးတွေပါ ။ Website ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။ တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့ notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့် အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။


အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။ လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။

Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ
Ctrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menubar က Favorites ထဲမှာရှိပါတယ်။



ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာသုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။ Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေခေတ်စားလာတာပေါ့။

အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ ။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။

ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address bar မှာ http://ww.google.com/bookmarks လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့ Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။


Forward Mail တစ်ဆောင်ကရ၍ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...