" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စစ်တပ်ထဲတွင် ပြည့်တန်ဆာ ရုံဖွင့်ထားခြင်း Myanmar Prostitude Girl မြန်မာ မိန်းကလေးများ

ရန်ကုန် နှင့် နယ်မြို့ များရှိ စစ်တပ် အခြေစိုက် စခန်းများတွင် ကာရာအိုကေဆိုင် များ ၊ဗြူတီဆလွန်းများ
နှင့် တွဲဖက်၍  ပြည့်တန်ဆာရုံများပါတွဲဖက်ဖွင့် လာသည်ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ဘောက်ထောက်ရှိယခင် တပ်မတော် မှတ်တမ်းရုံး နေရာ ယခု အိမ်ထောင်သည် လိုင်းများ နေ
ရာတွင် အနှိပ် ခန်း နှင့် တွဲဖက် လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံနှစ် ခု ထက်မနည်းရှိကြောင်း ထိုနေရာသို့ 
သွားရောက်ဖူးသည့် ရန်ကင်း ၁၂ လုံးတန်းမှ လူငယ် တစ်ဦးက Freedom News Group သို့ ပြောသည်။
တပ်သက်သာချောင်ချိရေး အတွက် ဆိုပြီး ဖွင့် ထားတာ ဒီ ကျောင်းကုန်းကျောင်းကြီးတိုက် ဘေးကလမ်း
ကနေ ၀င်သွားရင် တပ်ထဲကို ရောက်တာနဲ့ ရုပ်ရှင်ရုံ ကုန်းဘက်မှာ ရှိတဲ့ ဗြူတီ ဆလွန်း တွေ မှာ ရတယ်။
လူစိမ်း ဆိုရင်တော့ မရဘူး ဟု သူကပြောသည်။
တပ်မတော်မှတ်တမ်းရုံးလိုပင် ကမ္ဘာအေးရှိ သနက ၄ နှင့် မင်္ဂလာဒုံ ရှိ ဗိုလ်ရွေးတပ် အပါအ၀င် အခြားတပ်
စခန်း များတွင် လည်း ပြည့်တန်ဆာရုံများ ဖွင့် လှစ်ထားရှိသည် ဟု သိရသည်။
အင်းစိန် ရှိ ခြေလျှင်တပ်ရင်း တစ်ခု မှ တပ်သားတစ်ဦးက လည်း တပ်ရင်းမှုး တို့ တပ်ရေးဗိုလ်ကြီး တို့ နဲ့ 
ပိုင်တဲ့ လူတွေ လုပ်ကြတာလေ ကာရာ အိုကေ ဆိုင်မှာ ကောင်မလေးတွေပါတစ်ခါတည်းရတယ်။တပ်နဲ့ 
စီးပွားရေး အဆက်အဆံရှိတဲ့ အပြင်က အရပ်သားတွေ လည်းလာကြတယ် ဟု အဆိုပါတပ်သားမှ ပြော
သည် ။
လွန်ခဲ့သည့် သုံးလခန့် က ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ မှုး အပြောင်း အလဲ ဖြစ်ချိန် တွင် ရန်ကုန် မြို့ ရှိ အနှိပ်ခန်း
များ ပြည့်တန်ဆာ ရုံများကို စတင် ရှင်းလင်းရာ မှ စစ်တပ် အရာရှိ များ နှင့် အဆက်အသွယ်ရှိသော အနှိပ်
ခန်းနှင့် တွဲဖက်လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံများသည် စစ်တပ်ထဲ သို့ ပြောင်းရွှေ့သွား ခြင်းဖြစ်သည်။
ရန်ကုန်မြို့ ရှိ စစ်တပ်များကဲ့ သို့ ပင် မန္တလေး တံခွန်တိုင်ရှိ သံချပ်ကာတပ်ထဲ တွင် လည်း အနှိပ်ခန်း နှင့်
တွဲဖက်လုပ်ကိုင်သည့် ပြည့်တန်ဆာရုံ နှစ်ခု ထက် မနည်းရှိသည် ။
အမှတ် ၁ သံချပ်ကာ ယန္တယား တပ်မှ တပ်ကြပ်ကြီး တစ်ဦးက မမ ဆိုတဲ့ ဗြူတီဆလွန်းက နာမည်ကြီးပဲ
ကောင်မလေးတွေ လဲရှိတယ်။ ညှိလို့ အဆင်ပြေရင် ခေါ်သွားလို့ လဲရတယ် စစ်တပ်ထဲမှာ ဆိုတော့ဘယ်ရဲ
မှလာမဖမ်း ဘူးလေ  ဟု ပြောသည်။
ဗြုတီဆလွန်း၊ကာရာ အိုကေ တို့ နှင့် တွဲဖက်လုပ်ကိုင်သည့် အနှိပ်ခန်းများ ရှိသကဲ့သို့ ပင် တပ်တွင်း ဗီဒီယို
အခွေအငှားဆိုင်များနှင့် ဗီဒီယို ရုံများတွင်လည်း ဟုမ်းမိတ် ခေါ် ညစ်ညမ်းအခွေများ ပြသရောင်းချခြင်းကို
တရား ၀င် နီးပါးပင် လုပ်ကိုင်နေကြသည်။
စစ်တပ်ထဲက မိသားစု တွေလည်း စားဝတ်နေရေး အဆင်မပြေဘူးဆိုတော့ တချို့ တပ်မှုးတွေက မသိချင်
ယောင်ဆောင်ပေးထားတယ်။ တချို့ ကျတော့လည်း တပ်မှုးက ဖွင့်ထားတဲ့ ဘီယာဆိုင် တို့ စားသောက်ဆိုင်
တို့ မှာ အော်ဒါ ရှိရင် ရယ်ဒီ ဖြစ်အောင်လုပ်ထားတာ ဟု မင်္ဂလာဒုံ လေတပ် စခန်းမှ အရာရှိ တစ်ဦးကပြော
သည်။
ရန်ကင်းမြို့ နယ် ၁၆ ရပ်ကွက် တွင် နေသူ တစ်ဦးက စစ်တပ်ထဲမှာ လိုချင်တာ အကုန်ရတယ်။ချဲဒိုင် လည်း
စစ်တပ်ထဲမှာ ပဲ ရှိတာ ၊ ဘာအခွေလိုချင်လည်း စစ်တပ်ထဲမှာ ရှိတယ် ဟု ပြောသည်။
ရန်ကုန် ရှိ ယခင် ထောက်လှမ်းရေး တပ် ၇ နေရာတွင် သောကြာနေ့ တိုင်း ၀စ်သောက်ကားများ အရောင်း
အ၀ယ်လုပ်သည်  ဟု သိရသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...