တောင်တွင်းကြီးမြို့ အ၀င်...
အပိုင်း(၁)
သုံးလူ့အထွဋ် သဗ္ဗညုတမြတ်စွာဘုရား ဖွားမြင်တော်မမြင်မီ (၃၈) တွင် မဇ္ဈိမဒေသ သင်္ကဿနဂိုရ်ပြည်ကို အစိုးရတော်မူသော၊ ဘေရိန္ဒမင်းကြီး၏ သားတော်များဖြစ်ကြသော သာဂရနှင့်သာဂီရ ညီနောင်နှစ်ပါးတို့သည်၊ တက္ကသိုလ်ပြည်မှ သင်ကြားတတ်မြောက်ခဲ့သောပညာဖြင့် တွက်ချက်ကြည့်ရှူရာ၊ ဤသင်္ကဿနဂိုရ်ပြည်၌ ခမည်းတော်မရှိလျှင် မင်းစဉ်မင်းနွယ် သိရ်ငယ်ပပျောက်အံ့သော အကြောင်း ညီနောင်နှစ်ပါးတို့သည်လည်း မဇ္ဈိမဒေသနိမိတ်၏ အရှေ့မှာသာ မင်းအဖြစ်သို့ ရောက်နိုင်အံ့သောအကြောင်းများကိုမြင်၍ ဇမ္ဗူဒီပါမြေအပြင် သင့်ရာကွက်ရပ်၊ လျောက်ပတ်သောဒေသတွင် မြို့ပြပြုစု တည်ထောင်လိုကြောင်း ခွင့်တောင်းလျှောက်တင်သောကာလ.... သားတော်တို့လျှောက်တင်သောစကားကို အားရနှစ်သက်တော်မူသဖြင့် ချစ်ခင်လှသောသားတော်တို့အား အလုံးအရင်း ဆင်မြင်းလက်နက် ရဲမက်ဗိုလ်ပါ၊ ကိရိယာအစုံ ကုန်တံလုံလောက်အောင်အရေး ပေးမချီးမြှင့်တော်မူသည်နှင့်၊ ညီနောင်နှစ်ပါးတို့သည်လည်း ခမည်းတော်မယ်တော်တို့အား ဝပ်တွားရိုကျိုး ရှိခိုးကန်တော့ပြီးလျှင် တည်ထွင်ရာသောအကြောင်း ဗိုလ်ပေါင်းစည်းကြပ် အောင်တပ်ချီတော်မူလေရာ၊ သလ္လာ္လ္လ္လ္လ္လ္လ၀တီမြစ်ကိုအမှီပြု၍ ၊ဥဿာပဲကူးအရပ်တွင်၊ ညီတော်သာဂီရမင်းသည် ပြည်ရွာထီးနန်း တည်ထောင်နေရစ်သည်။ နောင်တော်သာဂရမင်းလည်း လျောက်ပတ်သော အလုံးအရင်းကို အပ်နှင်းလျက်၊ ဆက်လက်ထွက်ခွါလာရာ သက်ပန်း ပြူရွာအရပ်သို့ရောက်လျှင်၊ ရွာနေရွာသားတို့က တိုင်းပြည်ထီးနန်းကို သိမ်းမြန်းအုပ်ချုပ်နိုင်သော လက္ခဏာ ဘုန်းတန်ခိုးတို့ဖြင့် တိုးပွါးကြီးကျယ်အံ့သည်ကို မြင်၍၊..... အရှင်မင်းမြတ်- ဤရပ်ဤရွာကို ညှာတာသနားသဖြင့် တရားနှင့်ညီလျော် ကျွန်တော်မျိုးများ ဆင်းရဲသားတို့ကို အုပ်ချုပ်၍ မင်းလုပ်စံနေတော်မူပါမည့်အကြောင်းကို လက်ဆောင်ပဏ္ဍာ များစွာ ဆက်သလျှောက်ထားလျှင်- ထိုဒေသကို ပဌာန-နဂိုရ် တောင်းပန်ရင်းအလိုကြောင့် ထိုသူတို့နေသောအရပ်ကို ပဌာနဂိုရ်မြို့ဟု သမုတ်တော်မူပြီးလျှင်- အမတ်ငကြမ်းတောကို အအုပ်အထိန်းခန့်ထားတော်မူခဲ့သည်။ ယင်းကမှ ရတနာဆင်ဖြူတော်ကို ခရီးရှေ့ညွှန်ထား၍ ချီသွားတော်မူပြန်ရာ ပန်းသင်းတောအရပ်သို့ရောက်လျှင် ဆင်တော်မသွား တန့်နားရပ်နေသည်နှင့် - ဆင်တော်ရပ်နေသောအရပ်သည် သာမညအားဖြင့် ရပ်နေသည်မဟုတ်၊ တစ်စုံတစ်ရာအကြောင်း၊ နတ်ကောင်းနတ်မြတ်တို့ စေ့စပ်ဆော်နှိုး၊ အကျိုးတော်ဆောင်၊ အောင်မြေကွက်ရပ်၊ နှင်းအပ်ကြသောအရာဟု၊ ကြည်ရွှင်စွာသောရွှေနှလုံးတော်မြတ်၊ ပြဌာန်းတော်မူပြီးလျှင်၊ မှူးတော်မတ်တော်တို့ကို ကြည့်ရှုစေရာ၊ တောတောင်မြေရေ၊ အခြေအမြစ်၊ ၀ါးသစ်ကြိမ်နွယ်၊ လယ်ပယ်ယာပယ်၊ တံဇယ်၊မုရင်း၊ လုပ်ခင်းဆောင်တာ၊ ရေလာရေစီးတို့ဖြင့် ကောင်းမြတ်ကြောင်း။ ထိုမှတပါးလည်း စတုရန်းတာ (၇၀၀)ကျော်အတွင်း၊ ပန်းသင်းပင်တို့သာပြွမ်းကြောင်း။ ကြိမ်နွယ်စသောသစ်ပင်တို့သည် လက်ျာရစ်နှင်နှင်သာ ပေါက်ရောက်တွေ့မြင်ကြောင်းများနှင့် တင်လျှောက်လျှင်…… အားရနှစ်သက်တော်မူသောကြောင့်မြို့ရွာထီင်္းနန်း တည်ဆောက်ရန်အခမ်းအနားများကို ပန်းသုံးမှတ်တိုင်စိုက်ပြစေလျှင်- စိုက်ပြသော ပန်းသုံးမှတ်တိုင်အတွင်းမှ ကြီးမားရှည်လျားသော၊မြွေတစ်ခုသည် တောင်အရပ်သို့ထွက်သွားသည်ကို တွေ့မြင်၍၊ ထိုမြွေသွားခြင်းသည် အချည်းအနှီးသောသွားခြင်းမဟုတ်။ မြို့နန်းတည်မည်ဟု ရွယ်ရည်စိုက်မှတ်သော ဤပန်းသုံးပနှက်ရာအရပ်သည် ထူးမြတ်သောအောင်မြေဇာတိ၊ ဘူမိသေဋ္ဌဖြစ်တန်ရာ၏ဟူ၍ူ ပညာရှိမှူးမတ်တို့ကို လိုက်ကြည့်စေရာ- တာ(၁၀၀၀) တစ်ထောင်ခန့်သို့ရောက်လျှင် ကြာအင်းတစ်ခုကို လက်ျာရစ်သုံးပတ်လှည့်ပြီးမှ ထိုကြာအင်းအတွင်းဆင်း၍ အတောင်သုံးဆယ်ခန့်မြင့်သော ကိုယ်ကိုဖော်ပြလျက် တောင်မြောက် လေးမျက်နှာ ကြည့်ပြီးလျှင် အစာကိုအန်၍ ထိုမြွေပျောက်သွားလေ၏။ ယင်းသို့သောအကြောင်းများကို၊ တင်လျှောက်သည့်ကာလ၊ ပန်းသင်းတောအရပ်မှ ချီတက်တော်မူ၍၊ ထိုကြာအင်းအရပ်၌ တိုင်းပြည်ထီးနန်း ပြုစုတည်ထောင်၍ သင့်မသင့် လျော်မလျော်များကို၊ သမ္မာဒေ၀စသောနတ်တို့အား တင်ကြားပသအိပ်မက်ယူကြရာ… မင်းကြီးသာဂရမြင်မက်တော်မူသည်ကား- ငရန့်တစ်ခု၊ ဗုဇွန်လုံးတစ်ခုတို့သည် မဟာသမုဒ္ဒ္ဒ္ဒရာမှတက်လှာ၍၊ ဤအရပ်ဒေသသို့ရောက်လျှင် နောက်သို့ပြန်သော-ဟူ၏။- ထိုသို့မြင်မက်တော်မူသတည်း။ ထိုနေ့ညသည်လည်း လဆန်း(၇)ရက်ဖြစ်လျက်၊ လသည် ပန္နက်ရာသီဖြစ်သော၊ ဆယ့်ငါးရက်နေ့ကဲ့သို့ ပြည့်ပြည့်ဝန်းဝန်း၊ ရှုမြင်ကြရ၏။ ယင်းသို့သောအကြောင်းများကို၊ မှူးမတ်ပညာရှိတို့အားမေးတော်မူရာ- အမတ်ကျော်လျောက်ထားသည်ကား--
အရှင်မင်းမြတ်လဆန်း(၇)ရက်နေ့၊လပြည့်ဝန်းသည်ကား၊- ပြည်တော်ကိုပုဏ္ဏ၀တီဟု သမုတ်တော်မူသင့်သော အကြောင်းဖြစ်ပါသည်။ မြွေအစာကိုအန်သည်မှာ ၀မ်းပြည့်၍ အန်ထုတ်သောအခြင်းအရာ ဖြစ်သောကြောင့် ၊ပြည်တော်တွင်၊ အရပ်လေးမျက်နှာမှ၊ လာရောက်နေထိုင်သောသူတို့သည် ရေစာစပါး၊ လွန်ပေါများ၍ သုံးစားမကုန်၊ လုံလုံလောက်လောက်၊ ကြွယ်ပင်ပေါက်သကဲ့သို့၊ ဖြစ်အံ့သောအကြောင်းရှိပါသည်။ ယင်းသို့သောအကြောင်းဖြင့် ၊ ဇေယျဝဍ္ဎဏတိုင်းဟု သမုတ်တော်မူရပါမည်။
အမတ်ကျော်လျှောက်သောစကားကို အားရနှစ်သက်တော်မူသည်ဖြစ်၍၊ အထက်ပန်းသုံးစိုက်မှတ်သော အရပ်တွင် ကျေးရွာတည်ထောင်ပြုစုစေပြီးလျှင်၊ ပန်းတွင်းရွာသမုတ်၍ ရေမြေနှင့်တကွ အစားအသနားတော်ခံစေသည်။ တိုင်းတော်ပြည်တော်ကိုလည်း "ပုဏ္ဏ၀တီပြည်၊ ဇေယျဝဍ္ဎဏတိုင်း"ဟု သမုတ်တော်မူပြီးလျှင်၊ မဟာသက္ကရာဇ် ၈၄၀၈* တွင် ငွေပန္နက်ချမှတ်ပြီး မြို့တော်၊ ထီးနန်းများကိုပြုစုတော်မူသည်။ ထိုသာဂရမင်းကြီးသည် မင်းကျင့်တရား ၁၀ပါး၊ အပရိဟာနိယတရား ၇ပါး၊ နာယကဂုဏ် ၆ပါး များနှင့်အညီ ပြည်သူဆင်းရဲသားတို့အား ရေချမ်းအိုးကို ပိုက်ရဘိသကဲ့သို့ အေးမြချမ်းသာအောင် ဆုံးမသြ၀ါဒပေး၍ မင်းလုပ်တော်မူသည်။ ထိုအခါ ဧရာဝတီမြစ်၏ အရှေ့ဘက်တလျှောက်တွင် ထိုကဲ့သို့ မြို့ရွာထီးနန်း မရှိကြသေး။ ကမ်းယံ၊ကချင်၊ ကရင်၊ပြူ၊ဓနု၊ ရှမ်း၊ကဒူး၊ သက်လူမျိုးတို့ ဘာသာဓလေ့၊ ကိုယ့်ရွာကိုယ်မင်းဆိုသကဲ့သို့၊ အသီးအသီး အုပ်ချုပ်နေထိုင်ကြလေသတည်း။
ထိုသာဂရမင်း ၏အဆက်အနွယ်တော်ကား……….
၁- သာဂရမင်း။
၂ - ၎င်းသားတော်-သာရနုမင်း။**
၃-- ၎င်းသားတော် -သာရထွဋ်မင်း။
၎-- ၎င်းသားတော် -ပိတ်ပြောင်မင်း။
၅--၎င်းသားတော်ပိတ်ရောင်မင်း။ ဟူ၍ မင်းအဆက်ဆက် အုပ်ချုပ်လာခဲ့ရာ၊
ပိတ်ေ၇ာင်မင်းလက်ထက်၌ မဇ္ဈိမဒေသ၊ သင်္ကဿနဂိုရ်ပြည်တွင်၊ မင်းမရှိသည်နှင့်၊ ကဿပမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေရှင်တော်ဓာတ်ကို၊ သိကြားမင်းဆောင်ယူလာပြီးလျှင်၊ " မဟလ"က ပုဏ္ဏားအယောင်ဆောင်ကာ၊ ပိတ်ရောင်မင်းအား၊ ပို့ရောက်လှာသည်။္ဏ္ဏ ထိုဥဏ္ဏ္ဏလုံမွေရှင်တော်ကို စေတီတည်ထားကိုးကွယ်တော်မူအံ့ဟု၊ ၀မ်းမြောက်ပီတိ၊ အလွန်ရှိတော်မူသည်ဖြစ်၍၊ ရွှေနန်းတော်မြောက်ဘက်တွင် စေတီတည်တော်မူသည်။ ထိုသို့စေတီတည်ဆဲ၊ ပစ္စယံသုံးဆင့်မြောက်၊ သုံးရက်ခန့်ရောက်လျှင် ၊ကျောက်ပေါက်ရောဂါ၊ သည်းထန်စွာဖြစ်ပြီး၊ မင်းကြီးပိတ်ရောင်မင်း နတ်ရွာစံတော်မူသည်။
ထိုမင်းမ၇ှိလျှင် သားတော်သံတော်မင်း၊ မင်းပြုတော်မူသည်။ ထိုမင်းလည်း ခမည်းတော်တည်ထားသောစေတီတော်ကို ဆက်လက်လုပ်ဆောင်ရာ သံတောင်အမြင့် (၃၀) ခန့်တည်ပြီးလျှင်၊ ဥဏ္ဏလုံမွေရှင်တော်ကို၊ ဌာပနာမည်ပြုရာ၊ မွေတော်ရှင်သည် ခုနစ်ကြိမ်မြောက်၊ကောင်းကင်သို့ပျံတက်ပြီးမှ ရွှေပန်းဆိုင်းသဏ္ဏာန်၊ ထက်ဝယ်ဖွဲ့ခွေကောင်းကင်၌စံနေသည်ကို၊ သံတောင်မင်းမှစ၍၊ မှူးမတ်ပြည်သူတို့သည်၊ ရွှေပေါက်ပေါက်ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့်၊ ပူဇော်ကန်တော့ပြီးမှ၊ ဌာပနာတိုက်သို့ကိန်းဝပ်တော်မူသည်။ ရတနာသုံးပါး၌၊ အလွန်တရာကြည်ညိုလေးမြတ်သော၊ သံတောင်မင်းသည် ကျောက်စာ၊ကမ္ဗ္ဗည်းများကို အသေအချာ ရေးသားမှတ်သား၍၊ ကျင့်အပ်သောတရား၊ မမှားစေရ။ ဆုံးမထိုက်သူ၊ ဒါဏ်ပေးထိုက်သူတို့ကို သေပြစ်သေဒါဏ်မရောက်စေဘဲ၊ သာယာသဖြင့် ၊ ဆုံးမဟောကြား၍၊ တရားနှင့်အညီ မင်းပြုတော်မူသည်။
ထိုမင်းမရှိလျှင် သားတော်-ဒုတ္တ္တသူမင်း။
ထိုမင်းသားတော်- သတိုးပြောင်၊
ထိုသတိုးပြောင်မင်းသည်၊ တိုင်းရေးပြည်မှု၌ ကြည့်ရှုစောင်မနည်းသဖြင့် ၊ အကျင့်ဆိုးသွမ်းသော မှူးမတ်တို့နှင့် သေစာသောက်စား၊ ပျော်ပါးကျူးလွန်သောကြောင့် ပျူ၊ သက်၊ ကဒူးလူမျိုးတို့၊ တိုက်ဖျက်၍၊ အသက်ကုန်ခြင်းသို့ရောက်လေသည်။ ထိုသတိုးပြောင်နောက်၊ မင်းဆက်မရှိ၊ ထီးနန်းပျောက်ကွယ်၍ နှစ်ပေါင်း(၁၃၀၀)ကျော် တောမြက်စည်ကား၊ ပပြား၊ချုံနွယ်၊ သက်ငယ်သမန်းတို့ဖြင့် မောက်လျှမ်း ပေါများလျက်၊ တောသား၊တောင်သူ၊မိလက္ခူ ချင်း၊ကရင်တို့သာ၊ လယ်ယာလုပ်စား၍၊ ရှည်လျားကာလ၊ နေထိုင်ကြလေသည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com