" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျန်းမာရေး အမျိုးသမီးစိတ် Myanmar Healthy

တစ်နေ့မှာ အစ်မရဲ့ယောက်ျားဟာ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ အစ်မနဲ့ အတူမနေတာ တစ်နှစ် ကျော်သွားပြီတဲ့။ အစ်မ ကိုယ်ဝန်ရကတည်းက အတူမနေက အခုထက်ထိပါပဲ။ အစ်မဟာ လိင်စိတ် နည်းပါးလာပါတယ်။ အစ်မက အသက် သုံးဆယ့်ရှစ်နှစ် ကျော်သွားပါပြီ။ အဲဒါ့ အတူနေရာအောင် မိန်းမ-ဟော်မုန်းဆေး တိုက်ရင် ကောင်းမလားလို့ တိုင်ပင်ကြည့်တာပါ။ ဆရာဝန်တချို့ပြောတာက "၄၃% သောအမျိုးသမီးတွေမှာ Female sexual arousal disorder (FSAD) အမျိုးသမီး လိင်စိတ်ဖြစ်ပေါ်မှု အားနည်းခြင်း နဲ့ Female sexual dysfunction (FSD) အမျိုးသမီး လိင်ကိစ္စ ချို့ယွင်းခြင်း ဆိုတဲ့ ၂ မျိုးခံစားနေကြရတယ်။"

အမျိုးသမီးတွေမှာ လိင်စိတ်က ပုံမှန်ရှိသင့်တာထက် နည်းလာတာက အကြောင်းတရား တပါးမကရှိတယ်။
• Hormone abnormalities ဟော်မုန်းနည်းခြင်း၊
• Tranquillizers စိတ်ငြိမ်ဆေးစတာ သုံးစွဲထားခြင်း၊
• Alcoholism အရက်၊
• Some illnesses ကျောက်ကပ်၊ရောဂါ၊ ဆီးချိုရောဂါ ရှိနေခြင်း၊
• Obesity and anorexia အဝလွန်ခြင်း၊ အလွန်ပိန်နေခြင်း၊
• Anemia သွေးအားနည်းခြင်း၊
• Pregnancy and recent childbirth ကိုယ်ဝန်ဆောင်နေခြင်း၊ ကလေးမီးဖွါးထားရခြင်း၊
• Menopause သွေးဆုံးသွားခြင်း၊
• Depression စိတ်ကျရောဂါ၊
• Fatigue အားယုတ်နေခြင်း၊
• Stress and overwork စိတ်ဖိအားများခြင်း၊ အလုပ်လုပ်ရတာများခြင်း၊
• Anxiety စိုးရိမ်စိတ်ကဲနေခြင်း၊
• Financial, job or family worries လူမှုရေး၊ စီးပွါးရေး အခက်အခဲဖြစ်နေခြင်း၊
• Past sexual abuse အရင်က လိင်စော်ကားမှုခံခဲ့ရဘူးခြင်း၊ ကြော်ညာပြီးရောင်းတဲ့ဆေးတွေလဲ ရှိသေးတယ်။ ကျွန်တော်တို့လို ဆေးပညာသင်ထားသူတွေက သိပ်နားမလည်ကြတာမျိုးတွေ ဖြစ်ပါတယ်။

Alura-Intimacy Creme (Mycreme, Viacreme) လိမ်းဆေး၊ သဘာဝပစည်းတွေကနေထုတ်လုပ်တာလို့ ဖတ်ရတယ်။ ထိရောက်တယ်လို့ ဆေးရောင်းသူတွေသာမက သတင်းစာတွေကလဲရေးကြတယ်။ (ဗဂျိုင်းနား) မှာ လိမ်းရတယ်။ ဆေးလိမ်းလိုက်ရင် Immediate intense warm and tingle of your genital tissues ချက်ချင်း ဆိုသလို ပူရှိန်းနွေးလာမယ်။ စကားလုံးရွေးတတ်သူတွေက Cool burning sensation အအေးပူလောင်တာတဲ့။ ၁ဝ-၃ဝ မိနစ်နေရင် အဆင်သင့်ဖြစ်သွားမယ်တဲ့။

HerSolution ဆိုတဲ့ဆေးက Herbal Female Viagra လို့ဆိုပါတယ်။ ဒီဆေးကလဲ လိင်အင်္ဂါနေရာတွေဆီ သွေးပိုလျှောက်စေတယ်လို့ ဖတ်ရပါတယ်။ ဆေးလုံးဖြစ်တယ်။ Natural libido enhancer သဘာဝ လိင်စိတ်အားပေးဖြစ်တယ်။ ၆ လ အာမခံဆိုပြီးကြော်ညာထားတယ်။

ဆရာဝန်တွေညွှန်တာက အမျိုးသမီးတွေကိုလဲ ယောက်ျားတွေသုံးတဲ့ Viagra ဒါမှမဟုတ် အလားတူဆေးကို ပေးနိုင်ပါတယ်။ Female Viagra ကို တရားဝင် မရောင်းသေးပါ။ ဒါပေမဲ့ ဆေး အရောင်က အပြာကနေ ပန်းရောင်သာဖြစ်မယ်၊အထဲမှာ Sildenafil citrate ဆေး အတူတူသာ ပါမယ်။ ဆေးနာမည် အမျိုးမျိုးရှိတယ်။ 1-2-3 tab, Aglowmed, 11PM tab, Khandelwal, Adams delite tab, Ind-swift, AIRBUS tab, ALLPINK-50 tab, ALSIGRA tab, ANDROZ tab, ASSURANS tab, CAVERTA tab, CIDAFIL tab, ECTILE tab, EDEGRA tab, EDEGRA tab, ERIX tab, ERIX tab, EUNICE tab, Intigra tab, Juan tab, Kamagra gold tab, Lifty tab, MANFORCE tab, MERIDAY tab, NYTE tab, PEFOMAX-50 tab, PENEGRA tab, PENEGRA tab, PROGRA tab, RATIGRA tab, RATIGRA tab, REZUM tab, ROCKY-50 tab, SEX-GRA jelly oral, SILAGRA tab, SILAGRA tab, STALLION tab, TARGET tab, TYGRA-50 tab, UPLIFT tab, VIGREKS tab, VIGREKS tab, WINGORA tab, ZERECT tab

Female Viagra ဆေးကိုသုံးရင် -
• Increased the level of testosterone in the blood သွေးထဲမှာ (တက်စတိုစတီရုမ်း) ဟော်မုန်း များလာစေမယ်၊
• Boosted libido in hundreds of women လိင်စိတ်ပိုလာစေမယ်၊
• Boosted sexual recall လိင်စိတ်နောက်တခါ ပြန်ဖြစ်တာ မြန်စေမယ်၊
• Extreme sensitivity to stimulation နိုးဆွမှု လုပ်ပေးတဲ့အခါ ပိုသိသာမယ်၊
• Extraordinary and multiple climaxes ပြီးဆုံးခြင်း အရည်အသွေးပိုကောင်းစေမယ်၊
• Effective in women with a hysterectomy and menopause before the age of 50 အသက်ရနေသူ၊ သားအိမ်ထုတ်ထားသူ၊ သွေးဆုံးသွားသူတွေအတွက်လဲ အရင်လိုစိတ်မျိုးပြန်ရစေမယ်။

Female Viagra ဆိုတာ သောက်ဆေးဖြစ်တယ်။ 50mg ထက်မလိုပါ။ ဆေးသောက်သူဟာ နှလုံး-သွေးကြောကျဉ်းရောဂါ မရှိရပါ။ ဆေးအစွမ်းကတော့ ယောက်ျားတွေမှာ ဖြစ်စေသလိုပါဘဲ။ လိင်အင်္ဂါ နေရာဆီမှာ သွေးတွေပိုပြီး စီးလျှောက်လာစေမယ်။ စိုစွပ်မှုလဲ ရလာမယ်။ ငါဆေးသောက်ထားတယ် ဆိုပြီး စိတ်ကလဲ ဆောင်ပါလိမ့်မယ်။

ဆေးသောက်ပြီးနောက် ၃ဝ မိနစ်ကနေ ၁ နာရီအတွင်းမှာ လိင်စိတ် ဖြစ်ပေါ်လာလိမ့်မယ်။ ဆေးသောက်ပြီး ၄-၆ နာရီအထိ ဆေးအရှိန်ရှိနေမယ်။ တယောက်နဲ့ တယောက်၊ အခြေအနေတခါနဲ့တခါ မတူတတ်ပါ။ တလောက လူနာ အမျိုးသမီးတယောက်ကို ဒီဆေးမျိုး Vigora-50 ညွှန်းခဲ့တယ်။ Follow-up နောက်တကြိမ် ပြန်ပြတဲ့အခါ အခြေအနေကို မေးတယ်။ သူက မြန်မာစကား နည်းနည်းသာတတ်လို့ လက် ၅ ချောင်းထောင်ပြပြီး မိနစ် ၅ဝ တဲ့။ အဆင်ပြေကြောင်း (ဘော်ဒီ-လင်းဂွေ့ခ်ျ) နဲ့ ဖြေပါတယ်။

• Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း http://health-adult-reading.blogspot.com/2011/04/female-libido.html
• Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ) http://health-adult-reading.blogspot.com/2011/11/female-viagra.html
• Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ http://health-adult-reading.blogspot.com/2011/04/aphrodisiac.html
• Viagra သန်မာစေတဲ့ဆေး http://health-adult-reading.blogspot.com/2011/04/jan-8-2011-at-1154-am-viagra-viagra.html
တွေကိုလဲ ဖတ်နိုင်ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...