" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ မင်းသမီးများ Myanmar Attress in Myanmar မိုးဟေကို Moe Hay Ko

ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာမှာ ဇာတ်လမ်းတွေကို သေချာ စိစစ်ရွေးချယ် တတ်တဲ့ မိုးဟေကိုက အခု နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးမှုတွေ ဆက်တိုက်ဆို  သလို လက်ခံ ထားပါတယ်။
ဇာတ်ကား ရိုက်ကူးမှုတွေ လုပ်ရင်း စီးရီးတစ်ခွေ စီစဉ် နေတယ်လို့ ပြောထားတဲ့ မိုးဟေကို ကို ၂၀၁၂ လှုပ်ရှားမှုအချို့ မေးမြန်း ဖြစ်ပါတယ်။

မိုးဟေကို အနေနဲ့ ၂၀၁၂ ခုနှစ်ထဲမှာ ရိုက်ဖို့ လက်ခံထားတဲ့ ရုပ်ရှင်ကားကြီး ဘယ်နှကား ရှိလဲ။

ရိုက်ဖို့ ပြောထားတာတွေ ရှိပေမယ့် မကျိန်းသေ သေးပါဘူး။ ဗီဒီယို ဇာတ်ကား တွေကတော့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း အထိတော့ လက်ခံထား ပါတယ်။

ရုပ်ရှင်ကားကြီး တွေထဲမှာ ရယ်စရာ မဟုတ်ဘဲနဲ့  နင့်နင့်နဲနဲ သရုပ်ဆောင် ရမယ့် ဇာတ်ကားတွေ ရိုက်ရမှာမျိုး ရှိဦးမလား။

အမှန်အတိုင်း ပြောရရင် ရုပ်ရှင် ကားကြီးမှာ နင့်နင့်နဲနဲ သရုပ်ဆောင် ရမယ့် ဇာတ်ကားမျိုး မရှိသေး ပါဘူး။ ဗီဒီယို စရိုက်ခါစ တုန်းကဆို ဦးမျိုးမင်းနဲ့ ရိုက်တဲ့ ကားတွေမှာ နင့်နင့် နဲနဲနဲ့ ငိုခဲ့ရတဲ့ ကားတွေ ရှိပါတယ်။ ရုပ်ရှင် ကားကြီးမှာ အဲဒီလိုမျိုး ရိုက်ချင်ပါတယ်။

အဲဒီလို ဇာတ်လမ်းမျိုး ရိုက်ရမယ် ဆိုရင် ဒါရိုက်တာပေါ် မူတည်မလား၊ ဇာတ်လမ်းပေါ် မူတည်မလား။


ခေတ်ရယ်၊ ဒါရိုက်တာရယ်၊ ဇာတ်လမ်းပေါ်ရယ် မူတည်ပါတယ်။ မိုးဟေတို့ ကြုံရတဲ့ အခြေ အနေက နင့်နင့်နဲနဲ သရုပ် ဆောင်ရတဲ့ ဇာတ်ကားတွေနဲ့ မကြုံရဘဲ ဖန်စီ၊ ဟာသတွေ နဲ့ပဲ ကြုံရတယ်။ ဒါပေမဲ့ တစ်ခေတ်ပြောင်း သွားတဲ့ အချိန်မှာတော့ နင့်နင့် နဲနဲလေး သရုပ်ဆောင်ခွင့် ရမယ်ဆိုရင် သရုပ်ဆောင် ချင်ပါသေးတယ်။ အခု လောလောဆယ်တော့ တိုက်ဆိုင်မှု ရှိလျှင် ရုပ်ရှင် ဇာတ်ကားမှာတော့ နင့်နင့် နဲနဲလေး သရုပ်ဆောင် ထားပါတယ်။

တော်တော်လေးလည်း မေ့နေပြီ ဖြစ်တဲ့ တစ်ကိုယ်တော် စီးရီး ကိစ္စကကော ဘယ်လို အခြေ အနေများ ရှိနေပြီလဲ။

ဟုတ်ပါတယ်။ စီးရီး ကိစ္စအတွက် တော်တော်လေးကို မေ့နေတာပါ။ ပရိသတ်ကလည်း မေ့နေသလို ကိုယ်ကိုယ်တိုင် ကလည်း မေ့နေပါတယ်။ စီးရီး ကိစ္စကို ခဏလေး နားထားတယ်။ ကားရိုက်ရက် တွေက နေ့ည မအားသလို အခုအချိန် ကလည်း ပြက္ခဒိန် ရာသီဆိုတော့ ဓာတ်ပုံရိုက်တွေ ကလည်း ရှိနေ သေးတယ်လေ။

ဒါဆိုရင် စီးရီး ကိစ္စကို ၂၀၁၂ ခုနှစ်မှာ ပြန်လုပ်ဖြစ်မလား။

ဟုတ်ပါတယ်။ ၂၀၁၂ ခုနှစ် ထဲမှာပဲ အစကနေ ပြန်ဖော် ပါတော့မယ်။ စီစဉ်သူ ကိုမိချော ကလည်း တော်တော်လေး စိတ်ပျက် နေလောက်ပြီ ထင်ပါတယ်။

ရွေးထားတဲ့ သီချင်းတွေ၊ စီစဉ်ထားတဲ့ သီချင်းတွေကို ပြောင်းလဲ ဦးမှာလား။

ဟုတ်ပါတယ်။ အပြောင်းအလဲ လေးတော့ နည်းနည်း ရှိမှာပါ။

၂၀၁၂ မှာ မိုးဟေကို အတွက် လျှောက်လှမ်းမယ့် လမ်းကြောင်းတွေက ဘယ်လို ပြောင်းလဲမှုတွေ ရှိလာမလဲ။


နဂို ကတည်းက ထူးထူးခြားခြား အနေနဲ့ မလုပ်ထား ပါဘူး။ လျှောက်ရိုးလျှောက်စဉ် လမ်းအတိုင်း လျှောက်ခဲ့တာ ပါပဲ။ ၂၀၁၂ ခုနှစ်မှာလည်း လျှောက်ရိုးလျှောက်စဉ် လမ်းအတိုင်း ဆက်လျှောက်မှာပါ။ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း အထိ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားတဲ့ မိုးဟေကိုက အဲဒီ အခြေအနေ၊ အချိန် အခါမှာ ပရိသတ်တွေ ဘယ်လို ဇာတ်ကားမျိုးကို ကြိုက်နိုင်တယ် ဆိုတာတွေ တွေးတော စဉ်းစားပြီး ဇာတ်ကား တွေကို လက်ခံရိုက်ကူး သွားမှာလို့ ဆိုပါသေးတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...