" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

G-Talk မှာ လူအများကြီးနဲ့ တပြိုင်နက် စကားပြောနည်း မြန်မာ့ နည်းပညာ Myanmar Technology

ကျနော် တို့ပြောနေတဲ့  Gtalk ဟာ ပုံမှန်အားဖြင့် စကားပြောမယ် ဆိုရင် ၂ယောက်သာပြောလို့ ရပါတယ်။ အခု ဒီ နည်း လမ်းလေးကတော့ ကျနော် တို့  အကောင့်ထဲမှာရှိသမျှ လူအားလုံး နဲ့ စကားပြောနိုင်၊ စာရိုက်နိုင် တဲ့နည်းပါ။တစ်ချိန်တည်း ၊ တစ်ပြိုင်တည်း မှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ ၊ ဘယ်ဒေသကဖြစ်ဖြစ် ၊ ကိုယ့် အကောင့် ထဲမှာ ရှိတဲ့ သူတွေ အားလုံးနဲ့ ပါ။ဒီအတွက်ကျနော် နည်းလမ်း လေးတွေ ပေးပါမယ်။ ဂရုစိုက်ပြီး ဖတ်စေချင်ပါတယ်။ ပထမ ဦးဆုံး Gtalk မှာ ကျနော် တို့ ပုံမှန်Invite လုပ်တဲ့ နေရာ ၂ နေရာရှိပါတယ်။ ကြိုက်တဲ့ နေရာက Inviteလုပ်နိုင်ပါတယ်။ ရိုက်ရမယ့် စာသား ကတော့ service@gtalk2voip.comပဲဖြစ်ပါ
တယ်။ လုပ်ပြီးတာနဲ့  အဲဒီ အကောင့်လေးက ၀င်လာပါလိမ့်မယ်။နောက်ထပ်စာသား တစ်ခု ရိုက်ထည့် ပေးပါ။ conf ကို ရိုက်ထည့်ပေးပါ။်ပြီးတာနဲ့Google က အမျိုးသမီး တစ်ယောက်က ဖုန်းခေါ် ပါလိမ့်မယ်။ ကိုယ်က ဒီအကောင့်ရဲ့ Administrator ( ဒါမှမဟုတ် ) Master ဖြစ်သွားပါပြီ။ သူ ခေါ်တဲ့IncomingCall ကို ကိုင်လိုက်ပါ။ ပြီးတာနဲ့  Mouse က Scroll နဲ့ အပေါ်နားကိုပြန်ကြည့် ကြည့်ပါ။ ဥပမာ- ABCDK45KHFNARK ဆိုပြီး စသဖြင့်ကုဒ်လေးတွေ ကိုတွေ့ ရပါလိမ့်မယ်။ ဒါဆိုရင် အောင်မြင်သွားပါပြီ။ ဒီတော့ကျနော် တို့ အနည်းဆုံး စမ်းတဲ့  အနေနဲ့  လူ ( ၅ ) ယောက်နဲ့ တစ်ပြိုင်တည်းစကားပြောကြည့်ရအောင်။ ဒီနေရာမှာ တစ်ခု သတိထားရမှာ က ကိုယ်က ဒီ Serverကိုစထိုင်ထားတဲ့ အတွက် ကိုယ်က အရင် ၀င်ထားရပါလိမ့်မယ်။ပြီးမှကိုယ်ပြောချင်တဲ့ သူတွေ ကို ကုဒ်တွေ ပေးလိုက်ပါ။ စပါမယ်။ ကျနော့် အကောင့် ထဲမှာ လူ ၈၀ ရှိတယ်ဆိုပါစို့ ။ ဒီလူ ၈၀ လုံးကိုခုနက ကျနော် ပြောတဲ့ Invite လုပ်တဲ့ အဆင့်အထိ လုပ်ခိုင်းလိုက်ပါ။ confဆိုတဲ့ စာသား ကို တော့ မရိုက်ခိုင်းပါနဲ့ ။ဘာဖြစ်လို့ လဲ ဆိုတော့ ဒီ ChatServer ကို ကျနော် က ထောင်ထားလို့ဖြစ်ပါတယ်။ သူတို့ အားလုံးလုပ်ပြီးသွားပြီ ဆိုရင် တော့ Administrator (or ) Master လုပ်တဲ့ သူက ခုနက Google က ပေးတဲ့  Codes လေးကို အားလုံးကိုပေးလိုက်ပါ။ သူတို့ ဝင်လာရမယ့်နည်းလမ်း ကလည်း ရှင်းပါတယ်။ စာသားရိုက်တဲ့နေရာမှာ - join/ yourcodes ဆိုတာရိုက်ထည့်ပေးပါ။ ပြန်ပြောပါမယ်။ ပထမဦးဆုံး join ကို အရင် ရိုက်ပါ။ပြီးရင် / ကို ရိုက်ပါ။ ပြီးရင် Space Barခံပါ။ ပြီးသွားရင်တော့ ခုန ကAdministrator (or) Master က ပေးတဲ့  Codesလေးကို Paste လိုက်ပါ။ ဒါဆိုရင်Server ထောင်ထားတဲ့ သူဆီမှာ စပြီးဖုန်းဝင်လာ ပါပြီ။ နောက်တစ်ယောက်လုပ်ပြီးသွားရင်လည်း ထပ်ဝင်လာပါပြီ။ဒီလိုနဲ့  အယောက် ၈၀ ၊ ၁၀၀ ၊ ၁၀၀၀စသဖြင့် တစ်ချိန်တည်း ၊ တစ်ပြိုင်တည်းစကားပြော နိုင်ပါပြီ။ Serverထောင်တဲ့သူ ( Administrator / Master )အနေဖြင့် ဒီ Codes လေးကိုမှတ်ထားရန် မလိုအပ်ပါဘူး။ Google က အမြဲတမ်းအသစ်ပေးနေပါတယ်။ကိုယ်ပြောချင် နေတဲ့ သူတွေ ကိုသာ ဒီကုဒ်လေး ပေးလိုက်ရင်အယောက် ၈၀ စလုံးအခန်း တစ်ခန်းမှာ စကားပြော နေကြသလို ဖြစ်သွားပါပြီ။အားလုံး ကြားနေရပါမယ်။တစ်ယောက်နဲ့ တစ်ယောက် လည်း အလွယ် တကူ မိတ်ဆက်စကားပြောနိုင် သွားကြ ပြီဖြစ်ပါတယ်။ ဘယ်သူမဆို Server ထောင်နိုင်ပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ ၂ ချက်ရှိပါတယ်။စာမရိုက်ချင်တော့ တဲ့ အချိန် နဲ့ ပုဂ္ဂိုလ် ရေးရာ ဆွေးနွေး တိုင်ပင် စရာလူ ၄-၅ ယောက် ရှိလာ ပြီ ဆိုရင်တော့အရမ်း အသုံးတည့် တယ်လို့  ထင်ပါတယ်။မွေးရာပါ နားငြီး တတ်တယ် ဆိုရင်တော့မလုပ်စေချင်ပါဘူး။ နားငြီး တာကတော့အမှန်ပါပဲ။ ရင်တွေခုန်ပြီး စကားတွေပြောချင်နေလို့ ဖြစ်ပါတယ်။လူအများကြီးကို တစ်ချိန်တည်း ၊ တစ်ပြိုင်တည်းပြောရလို့ ဖြစ်ပါတယ်။အားလုံး ရဲ့ စကားသံတွေ ၊ ရယ်သံတွေ ၊ သီချင်းဆိုသံတွေစသဖြင့်ဆူညံမှုပေါင်း ၁၆၀၀၀ ကို ကြားရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အသုံးတည့်မယ် လို့ ထင်တဲ့သူတွေ အတွက် အကျိုးရှိရင် ကျနော်တင်ပေးရကျိုးနပ်ပါပြီ။

*====== AVAILABLE COMMANDS ======*
HELP - Display this message.
MYPAGE - Display URL to your personal account page.
WEBCALL - Display URL to your personal Web Call.
DICT word - Make a request to DICT.ORG for word definitions.
MSG to text - Send off-line message text to user to .
IM to text - Send Instant Message text to user to . Example: IM msn:billgates@hotmail.com Hello Billy!
VMLIST - Display content of your voice mail box.
VMPLAY id - Play voice mail message number id .
VMDEL id - Delete voice mail message number id
VMSEND user - Send voice mail to other gtalk user .
VMSET id - Set id as a default welcome message.
CONF - Create conference room for you. Room cookie will be sent back.
JOIN cookie - Join someone's else conference room using cookie .
COST phone - Display amount of credits charged for 1min unit while calling to phone . Example, to figure price for calling american 800 services type: COST 1-800
CREDITS - Go buy more credits.
CALL phone [via] - Make an outgoing voice call to telephone number phone which is represented in E.164 format. Example, to call Google type: CALL 1-650-253-0000 . You can also setup a registered service provider name in optional via parameter to place call throu.
CALL sipuser@sipprovider.com - Make an outgoing voice call to SIP phone sipuser@sipprovider.com . Example: CALL pbx@stalker.com .
DTMF_TONES : Type in any string of digits or Asterisk or # sign while talking to send DTMF tones.
SMS phone_number text - Send text an SMS message to phone . Example: SMS +1-234-5678901 Hello, just testing
 

Xara_3D_Maker_7.0.0.rar

  

3D နဲ့ စာလုံးလေးတွေ ရေးချင်တဲ့သူများအတွက် xara 3D maker v7 လေးပါ။ဖိုင်ဆိုဒ်က

21 MBပါ။အောက်မှာဒေါင်လိုက်နော်။

http://www.mediafire.com/?cztw856reyd30fv

http://ifile.it/qebds9t/Xara_3D_Maker_7.0.0.rar

http://www.zshare.net/download/86973163e3b4b743/

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...