ကျော်သူ (မွေး: -၂ နိုဝင်ဘာ-၁၉၅၉) သည် မြန်မာ့ အကယ်ဒမီ ဆုရှင်တစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ၁၉၈၀နှစ်များမှစ၍ ၁၉၉၀ ဝန်းကျင်အထိ မြန်မာ့ ရုပ်ရှင်လောက၏ အကောင်းဆုံး သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့သည်။ ၂၀၀၀ ခုနှစ် အစော ပိုင်းမှစ၍ ကျော်သူသည် သူဘဝ၏ အဖိုးတန် အချိန်များအား လူမှုရေးလုပ်ငန်းများတွင် မြုပ်နှံခဲ့သည်။
အစောပိုင်း ဘဝ
ကျော်သူ၏ အမည်ရင်းမှာ ကျော်ဝင်းဖြစ်သည်။ ကျော်သူကို အဖဦးစိန်တင်နှင့် အမိ ဒေါ်မေသန်း တို့က ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ငယ်စဉ်က အ.ထ.က(၁) ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ် တွင် တက်ရောက်ခဲ့သော်လည်း ရုပ်ရှင်လုပ်ငန်ကို အားစိုက်လုပ်နိုင်ရန် နောက်ဆုံးနှစ်တွင် ကျောင်းမှထွက်ခဲ့သည်။အနုပညာ လှုပ်ရှားမှုများ
၁၉၈၄-ခုနှစ်တွင် "နှောင်ကြိုးလေး တစ်မျှင်" ဇာတ်ကားဖြင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သည်။ ၁၉၈၅-ခုနှစ် ကရိုက်ကူးခဲ့သော"နေရာချင်းတော့ မလဲနိုင်ပါ" ရုပ်ရှင်ဇာတ်ကားဖြင့် အောင်မြင်ခဲ့သည်။ ၁၉၉၄-ခုနှစ်တွင် “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သည်။ကျော်သူသည် ပန်းချီပညာကိုလည်း ၀ါသနာပါသဖြင့် ပန်းချီကားများ ရေးဆွဲပြီး ပြပွဲများ ပြုလုပ်ခဲ့သည်။ မိမိ ဘ၀တစ်လျောက် ကြုံခဲ့ရသော ခံစားမှုများကို ပန်းချီကားတွေအဖြစ် စူးစူးစိုက်စိုက် ဖန်တီးလာဖြစ်ခဲ့သည်။ အသက် ၅၀-ပြည့် ရွှေရတုမွေးနေ့အဖြစ် ၂၀၀၉-ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ တွင် သူ၏ အနုပညာလက်ရာများကို Kyaw Thu's Art Zone တကိုယ်တော် ပန်းချီပြပွဲ အဖြစ် သူ၏နေအိမ်၌ ခင်းကျင်းပြသခဲ့သည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com