နည်းပညာတက္ကသိုလ် ဘားအံကနေ ကြိုဆိုပါတယ်ဗျား..။ ဒီwebsite လေးထောင်ကိုရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသူ-ကျောင်းသားတိုင်း အတွက် Engineer ပညာရပ်ကို အတိုင်းအတာတစ်ခုအထိ လေ့လာနိုင်စေဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့  ထောင်ရခြင်း ဖြစ်ပါတယ်။ညီလေး-ညီမလေးတို့  ပညာတတ်တွေဖြစ်ပြီး လူတော်-လူကောင်းလေးတွေ ဖြစ်ရင် ထောင်ရကျိုးနပ်ပါပြီ။(ကျော်ထက်ဝင်း-နည်းပညာ တက္ကသိုလ် ဘားအံ နှင့် ဇွဲကပင်မြေ) email: sawya.xx@gmail.com မှတ်ချက်။ ။ ဒီ website သည် ကျော်ထက်ဝင်း၏ တစ်ဦးတည်း မူပိုင် Website ဖြစ်သည်။
csrcs.exe (OR) csrcs.exe virus အကြောင်း
ကျွန်တော် csrcs.exe or csrsc.exe virus အကြောင်းလေးပြောပြချင်ပါတယ်။ ကျွန် တော် သူငယ်ချင်းစက်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကွန်ပျူတာ စဖွင့်တာနဲ့ CSRSC.exe error message ဆိုပြီ Screen ပေါ်တက်တက်လာပါတယ်။ Virus စစ်တော့လည် မတွေ့ဘူး။ ဒါနဲ့ ကျွန်တော်လည် ဟိုကြည့် ဒီကြည့် ဟိုလုပ် ဒီလုပ်ရင် Task Manager မှာ ၀င်ကြည့်လိုက်မိတာ အဲဒီ Process ကို သွားတွေ့ပါတယ်။ ဒါနဲ့ End Process လုပ်လိုက်ပါတယ်။ သူက ကွန်ပျူတာ ဖွင့်ဖွင့်ချင်မှာဘဲ Error ပြတာဆိုတော့ msconfig မှာ ၀င်စစ်လိုက်ရင် ကောင်းမယ်လို့ ဘာ process တွေရှိနေလဲလို့ ၀င်ကြည့်လိုက်ပါတယ်။ csrcs.exe ကိုတွေ့ရတယ် ဒါနဲ့ Remove လုပ်လိုက်တယ်။ ကွန်ပျူတာကို Restart ချလိုက်တယ်။ ပထမအဆင့်ပြီတာနဲ့ မိမိ System ကို Clean ဖို့ အတွက် Registry ကို ၀င်ရှင်းဖို့ အတွက် အောက်ပါအတိုင်း HKEY_LOCAL_MACHNIE >> SOFTWARE >> Microsoft >> WindowsNT >> CurrtenVersion >> Winlogon >> Shell ကျွန်တော် သွားလိုက်ပါတယ်။ ပြီရင် Shell ကို Right click ထောက်ပြီ value ကို click လိုက်ရင် explorer.exe csrcs.exe ဆိုတာ တွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော် csrcs.exe ကို ကျွန်တော် Delete ပေးလိုက် ပါတယ်။ ( explorer.exe ကို Delete မပေးရပါ) ပြီရင် Computer ကို Restart ချလိုက်ပါတယ်။ တက်မလာတော့ပါဘူး။ Virus ကို ပြောတာနော်။ အခုလိုမျိုး ပြဿနာ မကြီးပေးမဲ့ ကွန်ပျူတာ ဖွင့်တိုင်း အခုလို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ virus မျိုး ကြုံခဲ့ရင် ဖြေရှင်းလို့ ရအောင် ကျွန်တော် တင်ပြပေးလိုက်တာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com