" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Solar Sstem in Myanmar Today Technology in Myanmar မြန်မာ့ နည်းပညာ များ

ဆိုလာပြား အမျိုးအစား ၃ မျိုးရှိပါတယ် … ၁) မိုနို ၂) ပိုလီ ၃) အမ်ဖောရစ် ပါ… မိုနို အမျိုးအစားဟာ စွမ်းရည်အမြင့်ဆုံး ဖြစ်ဖြီး အမ်ဖောရစ် က အနိမ့်ဆုံးပါ …
မြန်မာပြည်ကို ၂ နှင့် ၃ နှစ်မျိုးသာဝင်တာ တွေ့ ရပါတယ် … ၁ အမျိုးအစားဟာ ဈေးနှုံးအလွန်ကြီးတဲ့အတွက် ဂြိုလ်တု စနစ် အစရှိတဲ့အရေးကြီး နေရာများမှာသာသုံးပါတယ် ..
အကြမ်းဖျဉ်း အရွယ်အစားတူ၇င် စွမ်းရည်က တ၀က်စီလောက်ကွာပါတယ် … ဥပမာ ၃ပေ၁ပေ အပြားတစ်ချပ်ကို အမ်ဖောရစ် က ၁၂ ၀တ်ထွက်ရင် ပိုလီက ၂၄ ၀တ်လောက်ထွက်ပါတယ် .. ၀ပ်များများလိုရင် အပြားများများ အပြိုင်တွဲပေးရမှာပါ …
တရုတ်ဘက်က ၀င်တဲ့ ၃ပေ၁ပေ အပြားတစ်ချပ်ကို ၅၀၀၀၀ိ လောက်ပေး၇ပါတယ် … အမ်ဖောရစ် ဖြစ်ပြီး ၁၂ ၀တ်လောက်ထွက် ပါတယ် ..စိတ်မချရတာက ၀ရန်တီမရှိပါ .. အချို့ အပြားများဟာ သက်တမ်းကြာလာရင် စွမ်းရည် ကျဆင်းလာတာတွေ့ရပါတယ် .. မန္တလေးဈေးကွက်မှာ အလွယ်တကူ၇ရှိ့နိုင်ပါတယ် ..
Myanmar Solar Energy System ကတင်သွင်းတာက ပိုလီအမျိုးအစားဖြစ်ပြီး ၁၀၀ ၀ပ်ထွက်တဲ့ အပြားတစ်ချပ်ကို ၉၀၀၀၀၀ိ လောက်ကျသင့်ပါတယ် Myanmar Solar Energy System ဟာ ယူအီးရဲ့အခွဲတစ်ခုပါ … ဂျာမနီမိတ် Siemen ဂျပန်မိတ် Mitsubishi အပြားများဖြစ်ပါတယ် …၀ရန်တီ ၂၅ နှစ်ပေးပါတယ် …

၁၀၀ ၀ပ်လောက်သုံးမယ်ဆိုရင် …

၁) တရုတ်ဘက် အပြားတစ်ချပ်ကို ၅၀၀၀၀ိ နှင့် ၈ ချပ် ၄၀၀၀၀၀ိ + ဘက်ထရီ ၇၀ အေအိတ် ၆၀၀၀၀ိ ကျသင့်ပါမယ်
၂) ပိုလီအမျိုးအစား ၁၀၀ ၀ပ်ထွက်တဲ့ အပြားတစ်ချပ်ကို ၉၀၀၀၀၀ိ + ဘက်ထရီ ၇၀ အေအိတ် ၆၀၀၀၀ိ ကျသင့်ပါမယ်
နောက်တစ်ခု သုံးစွဲသူတွေ မကွဲပြားကြတာက တိုက်ရိုက်သုံးမှာလား … ဘက်ထရီမှာ သိုလှောင်ပြီးမှ ပြန်ထုတ်သုံးမှာလား ဆိုတာပါ …
ဥပမာ ၈၀ ၀တ်ရှိတဲ့ အိုင်ပီစတား ဂြိုလ်တုဖုံး တစ်လုံးကို နေ့ခင်းဖက်မှာ ဆိုလာစနစ်နဲ့တိုက်ရိုက်ချိတ်ပြီးသုံးမယ် ဆိုပါစို့ ဒါ တိုက်ရိုက်သုံးမှာ ဖြစ်တဲ့အတွက် ပိုလီအမျိုးအစား ၁၀၀ ၀ပ်ထွက်တဲ့ အပြားတစ်ချပ် (သို့) တရုတ် ၁၂၀ပ် ပြား ၈ ချပ် လိုပါမယ် ..၁၀၀ ၀ပ်ထက်နည်းလို့မရပါ … နောက်တစ်ခုလိုမှာက ကွန်ထရိုလာပါ..အပြားကထွက်တဲ့ ဗို့အားဟာ အလင်းရောင်များရင် ၁၇ ဗို့လောက်ထွက်ပြီး နည်းရင် ၉ ၁၇ ဗို့လောက်ထွက်ပါတယ် ဒါကြောင့် ဗို့အားကို ၁၂ ဗို့မှာ ညိမ်အောင်ထိမ်းပေးမယ့် ကွန်ထရိုလာလိုပါတယ် … ၁၀၀ ၀ပ် ကွန်ထရိုလာ တစ်လုံး ကို ၆၀၀၀၀ မှ ၁၀၀၀၀၀ိ လောက်ရှီပါတယ် …
နေ့ခင်းဖက်မှာ ဘက်ထရီကိုအားသွင်းထား ပြီး ညဖက်ကျမှ ဘက်ထရီကတဆင့် မီးပြန်ထွန်းမယ်ဆိုရင် ၁၀၀ ၀ပ်ထွက်တဲ့ အပြား ၅၀ ၀ပ် နောက်ဆုံး ၁၂ ၀ပ် ကြိုက်ရာ သုံးနိုင်ပါတယ် ကွာသွားမှာက မီးပြန်ထွန်းလို့ရမယ့်အချိန်ပါ …
တီဗွီ(သို့)ကွန်ပျူတာ + မီးချောင်း ၂ ချောင်း လောက် တိုက်ရိုက်သုံးမယ်ဆိုရင် (ကွန်ပျူတာမော်နီတာကို LCD သာသုံးသင့်ပါတယ်) ၄၀၀ ၀တ်အတွက် ပိုလီအမျိုးအစား ၁၀၀ ၀ပ် ၄ ချပ်တွက် ၃၆၀၀၀၀၀ိ + ဘက်ထရီ ၁၂၀ အေအိတ် ၁၆၀၀၀၀ိ + ကွန်ထရိုလာ ၂၀၀၀၀၀ိ + အင်ဘတ်တာ ၅၀၀ ၀ပ် ၆၅၀၀၀၀ိ ခန့် ကျသင့်ပါမယ် (မှတ်ချက် ၊ နေ့ခင်းတိုက်၇ိုက် မသုံးတဲ့ အချိန်တွေမှာ ဘက်ထရီက်ုအားသွင်းထားပြီး ဘက်ထရီမှတဆင့် ပြန်သုံးနိုင်ပါတယ် … ဘက်ထရီ ၁၂၀ အေအိတ် ဟာ ဒီစစ်စတမ်နဲ့ ၈ နာရီအားသွင်းထားရင် ၆ နာရီလောက် အသုံးခံပါမယ်)
တီဗွီ(သို့)ကွန်ပျူတာ + မီးချောင်း ၂ ချောင်း လောက် ဘက်ထရီမှတဆင့် သုံးမယ်ဆိုရင် (ကွန်ပျူတာမော်နီတာကို LCD သာသုံးသင့်ပါတယ်) ၂၀၀ ၀တ်အတွက် ပိုလီအမျိုးအစား ၁၀၀ ၀ပ် ၂ ချပ်တွက် ၁၈၀၀၀၀၀ိ + ဘက်ထရီ ၁၂၀ အေအိတ် ၂ လုံး ၃၂၀၀၀၀ိ ( ဘက်ထရီမှတဆင့် သုံးမှာဖြစ်တဲ့အတွက် ၂ လုံးလောက်သုံးသင့်ပါတယ်) + ကွန်ထရိုလာ ၂၀၀၀၀၀ိ + အင်ဘတ်တာ ၅၀၀ ၀ပ် ၆၅၀၀၀၀ိ ခန့် ကျသင့်ပါမယ်… တိုက်ရိုက်သုံးမှာ မဟုတ်တဲ့အတွက် ကွန်ထရိုလာမပါပဲ သုံးလို့ရနိုင်ပေမယ့် ဘက်ထရီကို အိုဗာ ချာချင် ဖြစ်မှာစိုး၇တဲ့အတွက် ကွန်ထရိုလာ ပါရင် ပိုကောင်းပါတယ်.. ဒီစစ်စတမ်နဲ့ ၈ နာရီအားသွင်းထားရင် ၁၀ နာရီလောက် အသုံးခံပါမယ်…
ကျွန်တော့အမြင် ပိုလီအမျိုးအစား ၁၀၀ ၀ပ် တစ်ချပ် ကို ၉၀၀၀၀၀ိ ဆိုတဲ့ဈေးဟာ အပြင်ပေါက်ဈေးနဲ့ တွင်ရင် ၃ ဆ လောက်များနေပါတယ် … တခြား ရနိုင်မယ်နေရာ သွင်းနိုင်မယ့်သူရှိရင် တော်တော် အဆင်ပြေပါမယ် …
အခြားသိလိုသူများ၇ှိရင် ကျွန်တော်သိသလောက် မျှဝေ တွက်ချက်ပေးပါမယ် …
မှတ်ချက် ၊ ကျွန်တော် ဆပ်ပလိုင်ယာမဟုတ်ပါ ဆပ်ပလိုင်ယာများနဲလဲ မသက်ဆိုင်ပါ

2 comments:

  1. http://lifepages-of-sm.blogspot.com ကျနော်တို့ရဲ့ Solar Product လေးပါ

    ReplyDelete
  2. www.facebook.com/sunshinesolarmyanmar ဖေ့စ်င်္ဘွက် Page ပါ

    ReplyDelete

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...