" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Get free study Nuclear Energy

ကမ္ဘာ့လျှပ်စစ် စွမ်းအား ညှိနှိုင်း ဆွေးနွေးပွဲ နည်းပညာဆိုင်ရာ အဖွဲ့ရဲ့ ခန့်မှန်းချက်အရ လာမည့် အနှစ် (၂၀-၃၀) အတွင်းမှာ စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာပဲ အနုမြူ လျှပ်စစ် ဓါတ်အားပေး စက်ရုံများ ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပြီးတော့ ၄င်း စက်ရုံတွေရဲ့လျှပ်စစ် ဓါတ်အား ထုတ်လုပ်မှုနှုန်းမှာ ၂-၃ ဆ မြင့်တက်လာမယ် လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် စက်မှုဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်တဲ့ ဘရာဇီး၊ အိန္ဒိယ၊ တရုတ် စတဲ့ နိုင်ငံတွေမှာလည်း ပိုပြီး မြင့်မားတဲ့ အရှိန်အဟုန်နဲ့ အဦးဆုံး တိုးတက်ထွန်းကား လာလိမ့်မယ် လို့ ပညာရှင်တို့က ခန့်မှန်းခဲ့ကြပါတယ်။
အနုမြူလျှပ်စစ်စွမ်းအားဟာ တကယ့်ကိုပဲ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ထုတ်လွှတ်တဲ့ ပါဝါ အတူတူ အခြားသော လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ဧရိယာ အများကြီး အသုံးပြုဖို့ မလိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံး ဥပမာ တစ်ခုကို ပြရမယ်ဆိုရင် ပြင်သစ်က ပါလျူအယ် အနုမြူ လျှပ်စစ်ဓါတ်အားပေး စက်ရုံ(၄) ခုကို ဆိုရမှာပါပဲ။ ၄င်းစက်ရုံ (၄) ခုကနေ စက်ရုံတစ်ရုံကို (၁၃၀၀) မီဂါဝပ် ရှိတဲ့ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးလျက် ရှိပါတယ်။ အဲဒီ လျှပ်စစ်ဓါတ်အား ပမာဏဟာ ပြင်သစ် အရှေ့ပိုင်း Lorraine မြို့က ကျောက်မီးသွေးတွင်းအားလုံးကို မီးပုံရှို့ပြီးမှ ရရှိနိုင်တဲ့ လျှပ်စစ်ဓါတ်အား ပမာဏနဲ့ သွားပြီး ညီမျှနေတာကို တွေ့ရပါတယ်။
နောက်ထပ် အနုမြူလျှပ်စစ်စွမ်းအားရဲ့ အကျိုးရှိတဲ့ အချက်တစ်ခုကတော့ လေထု (atmosphere) ကို မညစ်နွမ်းစေဘူးဆိုတဲ့ အချက်ပါပဲ။ မှန်ပါတယ်။ ယနေ့အချိန်မှာ လူအတော်တော်များများ ပြောနေ၊ ရေးနေကြတဲ့ “ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေးစက်ရုံ (thermal power station) တွေရဲ့ စွန့်ပစ် အညစ်အကြေးတွေကြောင့် အက်စစ်မိုးတွေ ရွာတယ်ဆိုတဲ့ အန္တရာယ်” ဟာ လေထု ညစ်နွမ်းလို့ ဖြစ်ရတဲ့ အကျိုးဆက်ပါပဲ။
လေထုထဲမှာ Sulphur oxide နဲ့ hydrogen ဓါတ်တွေ မပါဘူးဆိုပေမယ့် carbonic acid တွေဟာ လေထုရဲ့ အပြင်ဘက်ဆုံးအလွှာမှာ သွားပြိး စုရုံးနေပါတယ်။ ၄င်း carbonic acid တွေဟာ လေထုရဲ့ အပြင်ဘက်ဆုံးအလွှာမှာ သွားပြီး စုရုံးနေတယ်။ အဲဒီကနေ အချိန်ကြာမြင့်လာတာနဲ့ အမျှ အောက်ဖေါ်ပြပါ အနုတ်လက္ခဏာ ဆောင်တဲ့ အကျိုးဆက်တွေ တွေ့လာရပါတယ်။
ကမ္ဘာမြေကြီး သိသိသာသာ ပူနွေးလာမှု (Global-warming) တွေ စတင် ဖြစ်ပေါ်လာ ပါတယ်။ အဲဒီလိုကမ္ဘာမြေကြီး ပူနွေးလာတဲ့ အတွက် ရေခဲတွေ အရေပျော်ပြီး ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်မှု လည်း ဖြစ်ပေါ်လာပါတယ်။ အဲဒီကနေ တိုက်တွေရဲ့ ကမ်းရိုးတန်းနေရာတွေကို ရေလွှမ်းမိုးမှုတွေ ဖြစ်လာပါတယ်။ ဒီ အဖြစ်အပျက်တွေကနေ လွတ်ကင်းဖို့ တစ်ခုတည်းသော လမ်းစဉ်ကတော့ carbonic gas တွေကို တားဆီးဖို့ ပါပဲ။ တစ်နည်းပြောရရင်တော့ ကျောက်မီးသွေး (coal) တို့၊ ရေနံ(petroleum) တို့၊ ဓါတ်ငွေ့ (gas) တို့ စတဲ့ ကာဗွန်ဓါတ်ကို မီးရှို့ခြင်းအား ရပ်တန့်ဖို့ လိုအပ်ပါတယ်။
သို့သော်လည်း မိမိတို့ဟာ အင်အားတွေ စိုက်ထုတ်၊ ငွေကြေးတွေ အကုန်အကျ ခံပြီး အခုလို ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေရဲ့အနုတ် လက္ခဏာဆောင်တဲ့ အခြေအနေတွေကို (နှစ်ဆ) လျှော့ချနိုင် ခဲ့မယ်ဆိုရင်တောင် မိမိတို့ဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှုအခြေအနေ (environmental conditions) အထိ မရောက်ရှိသေးပါဘူး။ Environmental conditions ရောက်ဖို့ကတော့ အနုမြူ လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေ အများကြီး ရှိလာလေလေ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေ ပပျောက်နိုင်လေလေ၊ လေထု ပိုပြီး သန့်စင်လေလေ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်လေလေ ဖြစ်ပါတယ်။
နေရောင်ခြည်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (Solar power stations) တွေနဲ့ လေအား လျှပ်စစ် ဓါတ်အားပေး စက်ရုံ (Wind power stations) တွေကလည်း လေထုထဲကို ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့တွေကို မထုတ်လွှတ်ပါဘူး။ ဒါပေမယ့် ဒီစက်ရုံတွေကို ပါဝါများများ ထွက်ရှိအောင် ဆိုရင် နယ်မြေ ဧရိယာ အကျယ်ကြီး အသုံးပြုရပါမယ်။
ယ္ခုလိုမျိုး အနုမြူ လျှပ်စစ်စွမ်းအင် ရဲ့ အနည်းနဲ့ အများဆိုသလို အသုံးဝင်မှုကို နိုင်ငံတော်တော်များများက နားမလည်ကြသေးပါဘူး။ နူကလီးယား လက်နက် ထုတ်လုပ်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး အကြောင်းပြချက်တွေ ရှိနေကြတယ်လေ။ ဒါပေမယ့် သိထားရမယ့် အချက်ကတော့ မိမိတို့ဟာ နူကလီးယား လက်နက် ကိစ္စ တစ်ခုတည်းအပေါ်မှာပဲ မူတည်ပြီး မစဉ်းစားသင့်ပါဘူး။ သေချာစဉ်းစားကြည့်ကြပါ။ ကမ္ဘာ့ငြိမ်းချမ်းရေး လမ်းစဉ်ကြီးကို လျှောက်လှမ်းနေကြတဲ့ အခုလို ကာလမျိုးမှာ နူကလီးယားလက်နက်ရှိနေတာနဲ့ နူကလီးယားနဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်လို့ ဖြစ်လာတဲ့ အန္တရာယ်ဟာ လူသားတွေ နေ့စဉ် နဲ့ အမျှ အသုံးပြုနေကြတဲ့ ဓါတုပစ္စည်းနဲ့ ဓါတုလက်နက် အသုံးပြုမှု တွေကြောင့် ဖြစ်တဲ့ အန္တရာယ်လောက် အများဘူးဆိုတာ အားလုံး မြင်သာမယ် ထင်ပါတယ်။
ယ္ခုလို အန္တရာယ် များလွန်းလှတဲ့ အနုမြူ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ရေဒီယို သတ္တိကြွ အညစ်အကြေး ပစ္စည်း (Radioactive waste) များကို လုံခြုံစွာ မြေမြုပ် သင်းဂြိုလ်ထားဦးတော့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေက ဆက်လက်ပြီး ထိန်းသိမ်းနိုင်ဖို့ ဆိုတာရော ဖြစ်နိုင်ပါ့မလား။ ထားဦးတော့ အကြောင်းပြချက်တစ်ခုကလည်း ရှိနေပြန်ပါတယ်။ ၄င်း ရေဒီယို သတ္တိကြွတယ် ဆိုတာ ကိုယ်တိုင်က သဘာဝ တရား တစ်ခုပဲလေ။ အဲဒီ သဘာဝကြီးရဲ့ သက်ရောက်မှုအောက်မှာပဲ ကျွန်တော်တိုပ အမြဲတမ်းနေ နေကြရတာကို သိစေချင်ပါတယ်။
နေ ကိုယ်တိုင်ကပဲ ကြီးမားတဲ့ အပူ နူကလီးယားဗုံး (Thermal nuclear-bomb) ကြီး တစ်လုံးလို့ ပြောရမှာ ဖြစ်ပါတယ်။ ၄င်းကနေပြီး ရေဒီယိုသတ္တိကြွ (radio activity) တွေကို ထုတ်လွှတ်နေပါတယ်။ ကမ္ဘာ့လေထုကြီးကနေပြီး အဲဒီ ရေဒီရေးရှင်း တွေကို ကာကွယ်ထားတယ်။ ကျွန်တော်တို့ ခြေထောက်အောက် ကမ္ဘာ့အတွင်းပိုင်းမှာလည်း ဆူပွက်နေတဲ့ မက်ဂ်မာ (magma) လို့ခေါ်တဲ့ အပူလုံးကြီးကလည်း ရေဒီယိုသတ္တိကြွ တွေကို ထုတ်လွှတ်ရာ အရင်းအမြစ်တစ်ခု ဖြစ်နေပါတယ်။ ပြင်သစ်က နယ်မြေတစ်ချို့မှာဆို သဘာဝအတိုင်း ဖြစ်နေတဲ့ ရေဒီယို သတ္တိကြွမှုတွေကနေ ထွက်လာတဲ့ ရောင်ခြည် (Radon radiatin) ထုတ်လွှတ်မှုဟာ အနုမြူလျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ အလုပ်သမားတွေအတွက် သတ်မှတ်ခွင့်ပြုသော စံနှုန်းတွေထက်ကို ပိုမိကျော်လွန်နေပါတယ်။
နောက်ထပ် ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုကို လေ့လာလို့ ရအောင် ထည့်ပေးလိုက်ပါတယ်။ ၀ီကီပီဒယ ကပါ။

Energy Watch Group reports show that we already cannot supply the demand for oil and that uranium resources will be exhausted within 70 years.
အဲဒီ အချက်တွေကို ချိန်ထိုးလေ့လာခြင်းဖြင့် နူကလီးယားစွမ်းအင်ဟာ မလွဲမရှောင်သာ သုံးကို သုံးရတော့မယ့် စွမ်းအင်တစ်ခုလို့ ကျွန်တော့်အနေနဲ့ ထင်မြင်မိပါကြောင်းခင်ဗျား။
ကျွန်တော့် ဘလော့ခ်လေးကို ခုလို Feed လုပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ စာဖတ်သူ အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမျာ ချမ်းသာကြပါစေခင်ဗျာ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...