" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Bat Files သင်ခန်းစာ get free study bat file/format lesson

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

အများတောင်းဆိုလို့ ကျနော်ရေးပေးလိုက်ပါတယ်ခင်ဗျာ…
ကျနော်ကိုယ်တိုင်လည်း တအားနဲ့ မကျွမ်းကျင်သလို ၊ ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့ ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။ ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။ ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင် စရှင်းပြီးရေးရမယ်မသိလို့ပါ။
ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။
bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.
အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause
အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
Hello Welcome Back
Press any key to continue…
I am testing pause function
Press any key to continue…
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause
ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
Hello I am back
Press any key to continue…
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ…)
I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
Press any key to continue…
(ဆိုတာလေးလာမှာပါ)
နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…
နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause
ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။
We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if ‘%option%’==’1′ goto :math
if ‘%option%’==’2′ start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)
:math
echo 2+2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…
This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2+2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
Press any key to continue…
အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…
goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို ညွှန်းချင်ရင်သုံးပါတယ်။
(အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…
အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့ ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့ အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto အကြောင်းသိလောက်ပြီထင်ပါတယ်။
(မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော် အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း သတ်မှတ်လိုက်ပါ။)
ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာကြည့်ပေးပါ.
set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
set variable=[string] ဖြစ်ပါတယ်။
ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့ Variable ၀င်လာခွင့်ရှိပါတယ်။
Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်
ခုနက Program ကို ပြန်ဆက်ပါမယ်…
ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်… နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်
set choice
if ‘%choice%’==’1′ goto :math
ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်
ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
ခုလောလောဆယ်တော့ မနက် ၄ နာရီ ထိုးသွားပြီဖြစ်လို့ ဒီလောက်နဲ့ ခေတ္တရပ်နားပါရစေ… နောက်နေ့မှာ တော့ ဒီ့ထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လက်ရေးပေးပါ့မယ်။ မကြာမီလာမည်မျှော်….
>>>> ဤ tutorial သည် Bat အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ရည်ရွယ်ရေးသား ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင် ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊ ယခု ဆွေးနွေးထားသည် အထိထဲမှ သိလိုသည်များရှိလျှင် ၊ နားမလည်သည်များရှိလျှင် မေးပါ ၊ ကျနော် ကောင်းမွန်စွာ ပြန်လည်ဖြေကြားပေးပါမည်။ လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သော သူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားပါ။ စရေးကတည်းက ကျနော် ရေးချင်လွန်းလို့ အားနေလို့ ရေးရတာလည်း မဟုတ်ပါ။ တောင်းဆိုလာတဲ့ သူတော်တော် များပြီးတော့ တောင်းတဲ့သူတိုင်းက ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းတွေမို့ ရေးပေးဖြစ်သွားတာပါ။ ဆက်လက်ပြီးတော့ bat နဲ့ ပတ်သက်လို့ တော်တော်များများရေးပေးသွားပါ့မယ်။ အကုန်နီးပါးသိအောင် ဒီ tutorial တစ်ခုတည်းနဲ့ ရေးပေးနိုင်အောင် ကြိုးစားသွားမှာပါ။ ဆက်လက် စောင့်မျှော်ပေးကြပါ။ နောက်ပြီးတော့ ကြော်ငြာဝင်လိုက်ဦးမယ် VB.NET 2008 နဲ့ C#.Net 2008 တို့ကိုလည်း E-Book ဖြစ်ဖြစ် ၊ စာအုပ်ဖြစ်ဖြစ် ထုတ်လို့ရအောင် ကြိုးစားနေပါတယ်။ e-book ဆိုရင်တော့ အလကားပေးဖြစ်မယ်။ စာအုပ်ဆိုရင်တော့ ကျနော်လည်း သှူဌေးမဟုတ်တော့ အရင်းအတိုင်းတော့ ရောင်းပေးမယ်ဗျာ။ E-Book ဖြစ်အောင်တော့ အတတ်နိုင်ဆုံးလုပ်ပေးပါ့မယ်။

 Bat File သင်ခန်းစာ-၂

 Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

ဒီနေ့တော့ ကျနော် IF ERROR LEVEL နဲ့ CHOICE ကို ပေါင်းပြီးရေးသားနည်းကို ပြောပြပေးပါမယ်။
ပထမဦးစွာ ကျနော်တို့ဟာ CHOICE command က Error Level ကို ဘယ်လိုပုံစံမျိုးနဲ့ Return ပြန်ပေးတယ်ဆိုတာ သိထားဖို့လိုပါသေးတယ်။ CHOICE command ကတော့ ကျနော်တို့ Program Run နေတုန်းမှာ key တစ်ခုခုနှိပ်တဲ့အပေါ်မူတည်ပြီးတော့ ERROR LEVEL ကို return ပြန်ပေးသလို /C မှာ ပါတဲ့ ကြိုတင်သတ်မှတ်ထားတဲ့ Key တစ်ခုခုပေါ်မူတည်ပြီးတော့ လည်း return ပြန်ပေးပါတယ်။ အောက်က ဥပမာလေးကို ကြည့်ပြီးနားလည်မှာပါ…

CHOICE /C:SY12

Error Level တွေကို မလေ့လာခင်မှာ ကျနော်တို့အနေနဲ့ တစ်ခုသိထားရမှာက Error Level Code တွေရဲ့ တန်ဖိုးဟာ User ရိုက်ထည့်လိုက်တဲ့ keyပေါ်မူတည်ပြီးတော့ ပြောင်းလဲနေနိုင်ပါတယ်ဆိုတာပါ။ ဆိုလိုတာကတော့ အပေါ်က Code မှာဆိုရင် S ကို နှိပ်ရင် ရမယ့် Error Level က 1 , Y ကို နှိပ်ရင်တော့ 2 , 1 ကို နှိပ်မယ်ဆိုရင်တော့ 3 ဖြစ်ပြီးတော့ 2 ကို နှိပ်မယ်ဆိုရင်တော့ ရရှိမယ့် error level က 4 ဆိုပြီးရရှိလာမှာပါ။ ဒီလောက် ဆိုရင်တော့ ကျနော်တို့ဟာ CHOICE command အနေနဲ့ ဘယ်လိုဘယ်ပုံမျိုးနဲ့ ERROR Level တွေကို Return ပြန်တယ်ဆိုတာ သိသွားပါပြီ။
အခု ဆက်လက်ပြီးတော့ IF ERROR LEVEL command က ဘယ်လိုအလုပ်လုပ်တယ် ၊ သူ့ကို ဘယ်လိုသုံးတယ်ဆိုတာလေ့လာပါမယ်။ သူ့ရဲ့ ရေးသားပုံရေးသားနည်းကတော့…

IF [NOT] ERRORLEVEL number command

အဲဒီ့ကောင်ကတော့ လက်ရှိ Error ပေါ်မူတည်ပြီးတော့သာ အလုပ်လုပ်မှာဖြစ်ပါတယ်။ လက်ရှိ ပေးထားတဲ့(စစ်ထားတဲ့) အခြေအနေတစ်ခု (Error Level တစ်ခု) ဟာ မှန်တယ်ဆိုတော့မှ Program က အလုပ်လုပ်မှာပါ။ အဲဒါကို ဥပမာ နဲ့ လေ့လာကြည့်ရအောင်…

IF ERRORLEVEL 3 ECHO OK

အပေါ်က Code ကို run မယ်ဆိုရင်တော့ အကယ်လို့ ကျနော်တို့ရဲ့ လက်ရှိ Error Level ကသာ 3 ဖြစ်မယ်ဆိုရင် OK ဆိုတာကို အမဲရောင်စကရင်မှာ မြင်ရမှာပါ။

မှတ်ရန် ၊၊ ၊၊ အရေးအကြီးဆုံး တစ်ချက်ကတော့ Error Level ကို If နဲ့ စစ်တဲ့ အခါမှာ စစ်လိုက်တဲ့ error level နဲ့ ရလာမယ့် error level ဟာ တူရင်တူ ၊ မတူရင်ကြီးနေမှ Program အလုပ်လုပ်ပါမယ်။

အပေါ်က Code မှာ ဆိုရင် Error Level ဟာ 3 ထက်ကြီး၇င်ကြီး မကြီးရင်တူမှ Program အလုပ်လုပ်မှာဖြစ်ပါတယ်။
အခုဆိုရင်တော့ ကျနော်တို့ဟာ CHOICE နဲ့ IF ERROR LEVEL အကြောင်းနားလည်သွားပြီဖြစ်လို့ သူတို့ ၂ ခုကို ပေါင်းစပ်ကြည့်ဖို့ ကြိုးစားရပါတော့မယ်။ တကယ်တော့ ကြိုးစားစရာတောင်မလိုတော့ပါဘူး သူတို့ ၂ ခုကို တစ်ခုချင်းစီကို သေချာနားလည်နေပြီဆိုရင်ကို ပေါင်းစပ်ဖို့က တော်တော်လေး လွယ်သွားပါပြီ။
သူတို့ ၂ ခုကို အသေအချာ ပေါင်းစပ်တတ်မယ်ဆိုရင်တော့ ကျနော်တို့ဟာ Bat နဲ့ Menu Based Program တွေကို အလွယ်တကူ ရေးသားနိုင်တဲ့ အခြေအနေကို ရောက်လာပြီလို့ဆိုရပါလိမ့်မယ်။ အောက်က ဥပမာလေးကို လေ့လာကြည့်ရအောင်။ အဲဒီ့ ဥပမာဟာဆိုရင်တော့ User ဆီကနေပြီးတော့ အသုံးပြုဖို့ Browser တစ်ခုကို Menu အနေနဲ့ ရွေးခိုင်းတာပါ။
(ဒီနေရာမှာ ကျနော် တစ်ခုပြန်ပြောချင်တာကတော့ ကျနော် အရင်က Site Selection Batch ဆိုပြီးတော့ bat file တစ်ခု ဒီဖိုရမ်ထဲမှာ ရေးပေးခဲ့ဖူးပါသေးတယ်။ အဲဒါလေးနဲ့ အခုဥပမာ ပြမယ့်ဟာက သဘောတရားတူနေလို့ ကျနော် သတိရလို့ ပြန်ပြောတာပါ။ အခု Post ကို ဖတ်ပြီးရင် အဲဒီ့ site selection batch ကို မဖတ်ရသေးရင် သွားဖတ်ပြီးတော့ လေ့လာလိုက်ပါ။ Code တွေကို အလွယ်တကူ နားလည်ပါလိမ့်မယ်။)
ကဲ အောက်က ဥပမာ ဆီဆက်လိုက်ရအောင်….

@ECHO OFF
ECHO.
ECHO.
ECHO Welcome to Browser Selection Program
ECHO.
ECHO 1. Internet Explorer
ECHO 2. Mozilla Firefox
ECHO x. Exit Browser Selection Program
ECHO.
CHOICE “Please Choose Your Browser” /C:12x /N
IF ERRORLEVEL 3 GOTO END
IF ERRORLEVEL 2 START C:\progra~1\firefox.exe
IF ERRORLEVEL 1 start c:\progra~1\intern~1\iexplore.exe
:END

သတိပြုရန် >> အပေါ်က Code မှာ IF ERROR LEVEL ကို အများကနေ အနည်း (၃ ကနေ ၁) ကို ငယ်စဉ်ကြီးလိုက်စီထားတာကို သတိပြုမိစေချင်ပါတယ်။

ကျနော် ဒီနေ့တော့ ကျနော့် Tutorial ၊ ကျနော့် ရေးသားပုံ ၊ ဆွေးနွေးပုံ ဘယ်လောက်ထိရောက်တယ် ဆိုတာကို စမ်းသပ်တဲ့အနေနဲ့ အပေါ်က ဥပမာ ပြလိုက်တဲ့ Code ကို အစအဆုံးမရှင်းပြတော့ပါဘူး။
လွယ်လည်း လွယ်လို့ပါ။ ကြည့်လိုက်တာနဲ့ကို ဘာကဘယ်လိုဆိုတာ သိနိုင်ပါတယ်။ အရင်ကလို ကျနော် အစအဆုံး ရှင်းပြနေရင် အစ်ကို ၊ အစ်မ တို့အနေနဲ့လည်း တကယ်နားလည်မလည် ဆိုတာ ကိုယ်တိုင်မသိနိုင်ဘူးဖြစ်နေပါလိမ့်မယ်။ အဲဒီ့တော့ အခု ကျနော်ပေးတဲ့ ဥပမာကို မဖတ်ခင် အပေါ်က CHOICE နဲ့ IF ERROR LEVEL ဆိုတဲ့ Command အကြောင်းကို အရင်ဖတ်ပါ ၊ သူတို့ ၂ ခုကို နားလည်ပြီဆိုမှ ဒီ ဥပမာကို ဖတ်ပါ။ အကယ်လို့ CHOICE နဲ့ IF ERROR LEVEL command တွေကိုသာ တကယ်နားလည်သွားပြီ ဆိုရင် ဖတ်ရင်းနဲ့တင် ဒီဥပမာကို သဘောပေါက်နေပါပြီ။ အဲဒီ့လိုဆိုရင် ကျနော် ရေးပေးရကျိုးလည်းနပ်ပါပြီ။ အကယ်လို့ အဲလိုလုပ်တာတောင် နားမလည်ဘူးဆိုရင်တော့ ကျနော့်ရေးသားတင်ပြပုံ ၊ ဆွေးနွေးပုံတွေ တစ်ခုမှမကောင်းဘူးဟုသာ Feedback ပေးခဲ့ပါ။ ကျနော်လည်း ဘယ်သောအခါမှ Tutorial ဆိုတာတွေကို ကိုယ်တိုင်လည်း ဆက်မရေးတော့သလို ၊ ဘာသာပြန်ပြီးတော့တောင် မရေးတော့ပါဘူး။

အခုတော့ ကျနော် ကိုယ်တိုင် ဒီ Bat ပိုင်းကို ပြန်လည်စိတ်ပါလာပြီဖြစ်လို့ အစက IF နဲ့ တင်ရပ်လိုက်တော့မလို့ဟာ အခု CHOICE ရယ် Error Level အထိပါရောက်လာပါပြီ။ နောက်ရက်တွေလည်း bat နဲ့ ပတ်သက်လို့ ဆက်ရေးပေးဖို့ စာပြန်ဖတ်နေပါတယ်။ ရေးသင့်မရေးသင့်ကတော့ အခု Post တင်ပြီး ပြန်ဝင်လာတဲ့ Feedback တွေပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာပါ။ Feedback က အမျိုးမျိုးရနိုင်တော့ ကျနော် (၃) ရက် စောင့်မယ်လို့ မျှော်မှန်းထားပါတယ်။ အဲလိုစောင့်ရတာကတော့ ကျနော်က ဒီဖိုရမ်မှာတင်မဟုတ်ဘူး တခြားဖိုရမ်တွေမှာပါ လိုက်တင်ထားလို့ပါ။ (၃) ရက်ဟာ လုံလောက်တဲ့ Feedback ရနိုင်တဲ့ အချိန်လို့ထင်လို့စောင့်တာ ဖြစ်ပါတယ်။ အဲဒီ့ စောင့်နေတဲ့ (၃) ရက်တာ ကာလအတွင်းမှာတော့ ကျနော့်အနေနဲ့ Reversing Tutorial တွေ ရေးမယ်လို့ စိတ်ကူးထားပါတယ်။ Reverse Engineering နဲ့ ပတ်သက်လို့ကတော့ ကျနော်ကိုယ်တိုင်လည်း စတင်လေ့လာသူဆိုတော့ သိပ်မသိသေးလို့ လေ့လာမိသလောက် တွေကိုသာ ရေးဖြစ်ဦးမှာပါ။ ဒါပေမယ့် အခု bat file လိုတော့ ဖိုရမ်တွေမှာ လိုက်ပြီးတင်မှာ မဟုတ်ပါဘူး။ ကျနော် မနေ့ကမှ ဖွင့်လိုက်တဲ့ဘလော့လေး နဲ့ ကျနော့် ဖိုရမ်မှာ တင်ပြီးတော့ ၄ ခု ၊ ၅ ခုလောက်တစ်ခါ E-BOOK လုပ်ပြီးမှ ဖိုရမ်တွေမှာ ပြန်မျှဝေမယ်လို့လည်းစိတ်ကူးထားပါတယ်။ ဒီစိတ်ကူးတွေ လက်တွေ့ ဖြစ်မဖြစ်ကတော့ ကျနော် ကိုယ်တိုင်တောင် အသေအချာ မသိလို့ ကတိမပေးနိုင်ပါဘူး… အဲဒီ့တော့ စိတ်ကူးအနေနဲ့သာ ကြိုတင်ပြောထားရင်း ဒီနေ့တော့ ဒီလောက်နဲ့ နားပါရစေဦး…
Feedback များနှင့် ပတ်သက်၍ ကျနော်လက်ခံထားသော ဆောင်ပုဒ်…
“သင့်ကို လက်ခံတဲ့သူ အယောက် ၁ ထောင် ရှိနေပြီလား ၊ နည်းနေသေးပါတယ် ၊ ဆက်ကြိုးစားပါ။
သင့်ကို ကန့်ကွက်တဲ့သူ ၁ ယောက် ရှိနေပြီတဲ့လား ၊ များလွန်းနေပြီ ၊ ထိုသူ လက်ခံလာအောင် အချိန်မီ ပြုပြင်ပါတော့။”   
    
Bat File Lesson-3 

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။


ကျနော်တို့ရဲ့ TuT လေးကို ဆက်လက်ဆွေးနွေးလိုက်ကြရအောင်…
ကျနော် ဒီနေ့ ဆွေးနွေးကြည့်မှာကတော့ if နဲ့ parameter တွေကို နှိုင်းယှဉ်ပြီးတော့ program ကို အလုပ်လုပ်စေတဲ့ နည်းဖြစ်ပါတယ်။

IF နဲ့ parameter ကို ဘယ်လို တိုက်ဆိုင်စစ်ဆေးမလဲဆိုတာကိုတော့ အောက်က if ရဲ့ေ၇းပုံရေးနည်း (syntax) ကို ကြည့်ကြည့်ပေးပါ။
IF [NOT] string1==string2 Command
အပေါ်မှာပေးထားတဲ့ Code ကို အောက်ကဥပမာလေးနဲ့လေ့လာကြည့်ရအောင်။
@echo off
if %1==cp goto COPY
goto DEL

:COPY
Copy %2 C:\Users\Administrator\Desktop\
echo You have copied %2 to your desktop
goto :END

Description: :DEL
Del %2
echo Delete Process Completed.

:END
ဒီ ဥပမာလေးကတော့ ကျနော် ဟိုးအရင်ကစာအုပ်တစ်အုပ်ကနေတွေ့ထားတာလေးပါ။ စာဖတ်သူ ပိုမိုနားလည်စေဖို့အတွက် ကျနော် ပြန်ဖြည့်ရေးထားပါတယ်။ သူရေးသွားတဲ့ ပုံစံလေးကတော်တော် ကောင်းပါတယ်။ (အဲဒီ့စာအုပ်ထဲမှာကရေးသာရေးထားတယ် Code ကတိုကလည်းတိုသေးတယ် ရှင်းကမရှင်းပြထားဘူးဆိုတော့ ဘယ်လို ပြန်ရှင်းရင် အစ်ကိုတို့ အစ်မတို့ နားလည်မလဲဆိုတာကို စဉ်းစားလိုက်ရတာ ကျနော့်မှာ တော်တော် တိုင်ပတ်သွားသေးတယ်။ ခုတော့ အိုကေသွားပါပြီ။ သူ့မူရင်း Code လိုလည်း တိုနှံ့နှံ့ဟုတ်တော့ဘူး။ နည်းနည်းရှည်သွားဘီ။ နားလည်ဖို့လည်း လွယ်သွားပါပြီ။ Description: :DDescription: :DDescription: :D)
ဒီ Forum ထဲမှာ code ကို ဒီအတိုင်းကြည့်ရင်တောင် နားလည်နေတဲ့ အဆင့်ကို ရောက်နေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ နားမလည်သေးတဲ့သူတွေအတွက်လည်း ကျနော်ရှင်းပြပေးပါ့မယ်။ နားလည်ပြီးသားဆိုရင်လည်း ကျနော်ရှင်းတာ လိုသွားရင် ဖြည့်ပြောပေးကြပါဦး။

ဒီဥပမာမှာဆိုရင် ကျနော်တို့ဟာ parameter ၂ ခုကို သုံးသွားပါတယ်။ ပထမ parameter ကို သုံးထားတဲ့နေရာကတော့ IF statement နဲ့ cp ဆိုတဲ့ parameter တစ်ခုကို %1 ဆိုတဲ့ user ဆီက ၀င်လာမယ့် ကောင်နဲ့ တိုက်စစ်ပါတယ်။ အကယ်လို့ တူတယ်ဆိုရင်တော့ COPY ဆိုတဲ့ Function ဆီကို သွားပြီးတော့ copy အလုပ်ကို လုပ်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲနဲ့ မတူခဲ့ရင်တော့ DEL ဆိုတဲ့ Function ဆီကို ရောက်မှာ ဖြစ်ပါတယ်။
ဒုတိယ parameter ကတော့ %2 ပါ။ %2 ကိုတော့ file name ကို လက်ခံရန်အတွက် အသုံးပြုထားပါတယ်။ ကျနော်တို့ဟာ 1st parameter မှာ cp မရိုက်ထည့်ဘဲ တခြားဟာသာ ၀င်လာခဲ့ရင်တော့ DEL Function ဆီကို ရောက်လာမှာဖြစ်ပြီးတော့ %2 ဖြစ်တဲ့ ကျနော်တို့ သတ်မှတ်ပေးမယ့် file က ပျက်သွားမှာဖြစ်ပါတယ်။

အပေါ်က ဥပမာလေးကို run ရင် ဘယ်လို run ရတယ်ဆိုတာ ပြောပြပေးပါ့မယ်။ ကျနော် FOR Looping အကြောင်းရှင်းပြခဲ့တုန်းက တစ်ခါ ဒီလို ပုံစံမျိုးရေးပေးဖူးပါတယ်။ မေ့သွားတဲ့ သူတွေ အတွက် ပြန်ရှင်းပြပေးတာပါ။
Program Run ပုံ အဆင့်ဆင့်
Desktop ပေါ်မှာ Test ဆိုတဲ့ နာမည်နဲ့ Folder အသစ်တစ်ခု အရင်ဆောက်ပါ။
ပြီးရင် အပေါ်က Code လေးကို Notepad ထဲမှာေ၇းပြီးရင်တော့ အဲဒီ့ Folder ထဲမှာ if.bat နဲ့ သိမ်းလိုက်ပါ။
သူ့ရဲ့ လမ်းကြောင်းကတော့ (C:\Users\Administrator\Desktop\Test) ဆိုပြီးဖြစ်နေရပါမယ်။
အဲဒီ့ Test ဆိုတဲ့ Folder ထဲကိုဘဲ text file တစ်ခုခု ဒါမှမဟုတ်ကြိုက်တာ တစ်ခုခုထည့်ထားပါ။ နာမည်ကိုလည်း ကြိုက်တာပေးလို့ရပေမယ့် ကျနော် ပြောလို့ လွယ်သွားအောင် fortesting.txt နဲ့ သိမ်းထားပါ။
ပြီးရင် Start>>RUN>>cmd ကိုရိုက်ထည့်ပါ။
Command Prompt ပွင့်လာပြီဆိုရင်တော့ ခုနက if.bat ဖိုင်လမ်းကြောင်း(C:\Users\Administrator\Desktop\Test) ဆီကို cd Command သုံးပြီးပြောင်းပေးပါ။
cmd ထဲရောက်နေပြီး လမ်းကြောင်းလည်းပြောင်းပြီးသားဆိုပါက

မိမိ path လမ်းကြောင်း>if.bat cp fortesting.txt
Enter ခေါက်လိုက်ပါက You have copied fortesting.txt to your desktop ဆိုတဲ့ စာလေးပေါ်လာပြီးတော့ Desktop ပေါ်မှာ ကျနော်တို့ရဲ့ Test ဆိုတဲ့ folder ထဲက ဖိုင်လေးကို copy ကူးပြီးသားတွေ့ရပါလိမ့်မယ်။
အကယ်လို့များ cp ဆိုတဲ့နေရာမှာ တခြားတစ်ခုခု ရိုက်ထည့်လိုက်မယ်ဆိုရင်တော့ Delete Process Completed. ဆိုတဲ့ စာလေးပေါ်လာပြီးတော့ fortesting.txt ကို Test ဆိုတဲ့ folder ထဲမှာ ပျက်သွားတာတွေ့ရပါမယ်။
အထက်ပါ ဥပမာ ကို ကျနော်တို့ နောက်တစ်ဆင့်အနေနဲ့ ပိုမိုကောင်းမွန်အောင် ပြုပြင်ချင်ရင် ပြုပြင်လို့ရပါသေးတယ်။ ဥပမာ ကျနော်တို့ဟာ Program ထဲမှာဘာမှ မရိုက်ထည့်ဘဲနဲ့ parameter ကို အလွတ်ကြီးထည့်ပေးလိုက်ရင် error ပြအောင်ရေးလိုက်ဖို့ပါ။ ဘာမှ မခက်ခဲပါဘူး။ အောက်က Code လေးတစ်ခုလောက်ထည့်ပေးလိုက်ရုံပါဘဲ။
@echo off
IF “%1
==”" ECHO Parameter Error
အဲလိုဆိုရင်တော့ Parameter မပါတာနဲ့ Error Message ကို ပြပေးမှာပါ။ အဲလိုမျိုးပုံစံတူအနေနဲ့ ကျနော်တို့ဟာ ဒုတိယ parameter ဖြစ်တဲ့ File Name မှာ အလွတ်ဖြစ်နေမနေကို လည်း စစ်ဆေးပေးလို့ရတယ်ဆိုတာ စာဖတ်သူ အနေနဲ့ ကိုယ့်ဟာကို စဉ်းစားမိမယ်လို့ထင်ပါတယ်။
ပထမရေးပေးခဲ့တုန်းက file ၇ှိမရှိစစ်ဆေးသလိုဘဲ ဒီတစ်ခေါက် parameter စစ်တာမှာလည်း NOT ကို သုံးတာရှိပါတယ်။ သုံးပုံသုံးနည်း အတူတူ ဖြစ်လို့ မရေးပြတော့ဘူးနော်….
ဒီလောက်ဆိုရင် Batch File Programming နဲ့ ဘာတွေ သုံးလို့ရတယ်ဆိုတာ သဘောပေါက်လာလောက်ပြီလို့ထင်ပါတယ်။ ဥာဏ်ရှိ၇င် ရှိသလို ချဲ့ထွင် အသုံးပြုနိုင်လာပါလိမ့်မယ်။ bat ကို တအားကျွမ်းသွားရင် Windows တစ်ခုလုံးကို တောင် ပြောင်းပြန်လှန်လိုက်လို့ရသေးတယ်။ ဘယ်လိုလုပ်ရလဲဆိုတာတော့ ကိုယ့်ဟာကိုယ်စမ်းကြည့်ကြတော့ပေါ့။ ကျနော်ရှင်းပြတဲ့အထဲမှာတောင် အနည်းအကျင်းပါနေပြီ။ (ကျနော့်တုန်းကဆိုရင် Command Prompt ကနေ del လို့ရိုက်လိုက်၇င် copy လုပ်သွားတာတို့ copy ဆိုရင် del တာတို့ အမျိုးမျိုးကလိကြည့်ဖူးတယ်ဗျ။)
စကားမစပ် ကျနော် တစ်ခုလောက် ပြောချင်ပါသေးတယ်.. ဟိုနေ့က ကျနော့်ရဲ့ bat tutorial ကို MZ မှာ သွားတင်ကြည့်တာ အစ်ကိုတစ်ယောက်က သူက ကျနော်ရှင်းပြတာတွေ နားလည်ပါတယ်တဲ့။ ဘယ်မှာ သုံးရတာတယ်ဆိုတာကိုတော့ ခုချိန်ထိမသိသေးလို့ပါတဲ့။ Description: :DDescription: :DDescription: :Dအဲဒါ ကျနော် ဘယ်လို ပြန်ဖြေလိုက်ရင် ကောင်းမလဲဟင်။ ဘယ်လို ပြန်ဖြေရမှန်းတောင် မသိလို့ ခုထိ မဖြေပေးရသေးဘူး။ Description: :PDescription: :PDescription: :P
ဒီနေ့တော့ အချိန်မရတော့လို့ ဒီလောက်ပါဘဲ။ ဆက်ရန်ကျန်သေးသည်……..
 Bat File Lesson-4 
Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။
ကျနော် တို့ရဲ့ TuT ကို ဆက်လက်ဆွေးနွေးကြရအောင်….
ဒီနေ့မှာတော့ Condition စစ်ခြင်းကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ IF အကြောင်းကနေစတင်ဆွေးနွေးပါ့မယ်။ အရင်ရက်တွေက IF ကို Coding ထဲမှာ ထည့်သုံးခဲ့ဖူးပေမယ့် ကျနော် အသေးစိတ် ရှင်းပြခြင်းမရှိခဲ့ပါဘူး။ အဲဒီ့အတွက် If နဲ့ ပါတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် အခု ရှင်းပြပေးပါ့မယ်။ အရင်ရက်တွေက ကျနော်ရေးခဲ့တဲ့ ဟာတွေက Ref မရှိပေမယ့် ဒီတစ်ခါရေးတဲ့ဟာကတော့ ကျနော်ကိုယ်တိုင်လည်း ပြန်လည်စိတ်ပါလာပြီး IF နဲ့ ပါတ်သက်လို့ အသေးစိတ်ရေးပေးချင်တဲ့ စိတ်လည်း ရှိတာကြောင့် Google ကနေရှာဖွေပြီး Ref လုပ်ပေးလိုက်ပါတယ်။ ကျနော်တို့ရဲ့ Batch File Programs တွေကို Intel ရှိစေဖို့နဲ့ ပိုမို အသုံးတည့်စေလိုတဲ့ အခါတွေမှာ If statement တွေကိုအသုံးချနိုင်ပါတယ်။ သူ့ကို အသုံးချခြင်းအားဖြင့် ကျနော်တို့ သတ်မှတ်ထားတဲ့ parameter တွေ Variable တွေကို စစ်ပြီးတော့ သက်ဆိုင်ရာ Task တစ်ခုစီကို အလုပ်လုပ်စေတာမျိုးတွေ ကိုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး သူက ကျနော်တို့လိုချင်တဲ့ File ကို လိုချင်တဲ့နေရာမှာ ရှိမရှိကိုပါ စစ်ပေးနိုင်ပါသေးတယ်။ ခြုံငုံပြောရမယ်ဆိုရင်တော့ If ကို Variable တွေကို စစ်တဲ့ အခါမှာ သုံးတယ်လို့ အကြမ်းဖျင်းမှတ်နိုင်ပါတယ်။
IF ဖြင့် File ရှိမရှိကိုစစ်ဆေးခြင်း
File တစ်ခုကို ကျနော်တို့ လိုချင်တဲ့ နေရာမှာ ရှိမရှိကို စစ်ချင်တယ်ဆိုရင် အသုံးပြုလေ့ရှိတယ် If ရဲ့ ရေးပုံရေးနည်းကတော့…
IF EXIST FILENAME Command
ကျနော့် ရေးသားပုံအတိုင်း If ရဲ့ ရေးပုံရေးနည်းကို နားလည်လွယ်စေဖို့ ဥပမာနဲ့ ရှင်းပြပေးပါ့မယ်။ အောက်မှာ ပေးထားတဲ့ Code ကို Notepad ထဲမှာ ကူးထည့်လိုက်ပါ….
IF EXIST c:\autoexec.bat ECHO The File Exists at that place
အပေါ်က Code ရဲ့ အလုပ်လုပ်မယ့်ပုံစံကို လေ့လာကြည့်ရအောင်…
သူက c:\autoexec.bat ဆိုတဲ့ file ရှိမရှိကို စစ်ပါမယ် ၊ အကယ်လို့ရှိခဲ့မယ်ဆိုရင်တော့ echo နဲ့ ‘The File Exists at that place’ ဆိုပြီးတော့ ဖော်ပြပေးမှာဖြစ်ပြီးတော့ ၊ မရှိခဲ့ဘူးဆိုရင်တော့ ဘာအလုပ်မှဆက်လုပ်မှာ မဟုတ်ပါဘူး။
Code ကို မရှင်းပြတော့ ဘဲ Program အလုပ်လုပ်မယ့် ပုံစံကို ရှင်းပြလိုက်တာ နားလည်လွယ်မယ်ထင်လို့ ကျနော် ပုံစံပြောင်းပြီးရှင်းပြရတာပါ။ မနေ့က For Loop ကို ကျနော် code တွေကိုပါ ရှင်းပြတာ ၊ ကျနော့်သူငယ်ချင်းတွေက နားမလည်ဘူးဆိုလို့ ဒီနေ့လည်း အဲလိုထပ်မဖြစ်ရလေအောင် Program Flow ကို ဘဲရှင်းပြသွားတာပါ။ For Loop ကို တော့ အခွင့်အခါသင့်လျှင်ထပ်ရှင်းပြပေးပါ့မယ်။
အခုကျနော်တို့ အပေါ်က ဥပမာကို ပြန်ကြည့်လိုက်ပါ။ အကယ်လို့ File သာ မရှိတော့ရင် သူ အလုပ်မလုပ်တော့ပါဘူး။ အဲဒီ့လို မဖြစ်စေဖို့အတွက် ကျနော်တို့ဟာ else ပုံစံမျိုး အရေးအသားတစ်ခုထည့်ရေးလို့ရပါတယ်။ စဉ်းစားပုံကတော့ အကယ်လို့များ ကျနော်တို့ လိုချင်တဲ့ file ရှိမယ်ဆိုရင် အလုပ်တစ်ခု လုပ်ခိုင်းပြီးတော့ ၊ မရှိခဲ့ဘူးဆိုရင် နောက်အလုပ်တစ်ခုလုပ်ပါ ဆိုတာကို အရင်ရက်က ကျနော်ရေးပေးဖူးတဲ့ goto command ကို အသုံးပြုသွားမှာပါ။
ဘယ်လိုရေးကြမယ်ဆိုတာ နားလည်လွယ်စေဖို့ အောက်မှာ ရှိတဲ့ ဥပမာလေးကို လေ့လာကြည့်ရအောင်….
@echo off
IF EXIST C:\syko.txt goto SYKO
goto end
:SYKO
echo SYKO exists
pause
:end
echo SYKO doesn’t exist
pause
အပေါ်က ဥပမာကို Run လိုက်မယ်ဆိုရင် အလုပ်လုပ်မယ့် ပုံစံကတော့….
အကယ်လို့ C:\syko.txt သာရှိမယ်ဆိုရင် ကျနော်တို့ဟာ goto ကို သုံးပြီးတော့ SYKO ဆိုတဲ့ အပိုင်းတစ်ခုဆီလွှဲထားခဲ့ပါတယ်။ ဒါဆိုရင် File သာရှိရင် အဲဒီ့ SYKO ဆိုတာကို လုပ်မှာပါ။
အဲ.. အကယ်လို့များ file သာမရှိခဲ့ဘူးဆိုရင် စစချင်းရေးခဲ့တဲ့ Program မှာ လိုရပ်သွားမှာဆိုးတဲ့ အတွက် goto end ဆိုပြီးတော့ နောက်တစ်လိုင်းစစ်ခဲ့ပါတယ်။ ထိုသို့ စစ်ခြင်းအားဖြင့် File မရှိတော့ရင် Program ရပ်သွားချင်းမှ ရှောင်ဖယ်နိုင်မှာဖြစ်ပြီးတော့ Program က နောက်တစ်လိုင်းကို အလိုလိုဆင်းဖတ်ပြီးတော့ end ဆိုတဲ့ အပိုင်းကို ရောက်သွားမှာပါ။ ဒါဆိုရင် User အတွက်လည်း doesn’t exist ဆိုတဲ့ message ကို ပြန်လည်မြင်စေမှာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် IF နဲ့ ဖိုင်ရှိတာကို စစ်ပုံစစ်နည်းနားလည်ပြီလို့ ထင်ပါတယ်။
ဆက်လက်ပြီးတော့ File မရှိတာကို စစ်ကြည့်ကြရအောင်
ရေးသားပုံကတော့ ခုနကနဲ့ တူတူပါဘဲ။
IF NOT EXIST FILENAME Command
ဥပမာလေးရေးကြည့်ရအောင်
IF NOT EXIST c:\syko.txt ECHO It doesn’t Exist
Code အလုပ်လုပ်ပုံကို အပေါ်မှာရှိတဲ့ exist နဲ့ တူတဲ့အတွက်ထပ်မရှင်းပြတော့ပါဘူး။
ဒီလောက်ဆိုရင် NOT ထည့်သုံးတာလည်း သိလောက်ပြီလို့ထင်ပါတယ်။
****************************************************************************
သတိပြုရန်၊၊ ၊၊ ကျနော်တို့ဟာ တစ်ချိန်တည်းမှာပင် IF ကို အခါခါသုံးပြီးတော့ File ရှိမရှိစစ်လို့ရတယ်ဆိုတာကို သိစေလိုပါတယ်။ အသုံးပြုလို့ရအောင် တစ်ကြောင်းရေးပြပါ့မယ်။
>>> IF EXIST c:\autoexec.bat IF EXIST c:\autoexec.bak ECHO Both Exist <<< **************************************************************************** အပေါ်မှာကျနော် ရေးပြခဲ့တာတွေက File ရှိမရှိကိုဘဲ စစ်လို့ အဆင်ပြေတာပါ။ အကယ်လို့များ ကျနော်တို့ဟာ directories တစ်ခုရှိမရှိကို စစ်ချင်ပြီဆိုရင်တော့ အခက်တွေ့ပါပြီ။ အဲဒီ့လို အခြေအနေမျိုးမှာတော့ NULL ဆိုတာလေးက အသုံးတည့်ပြီပေါ့ဗျာ။ NULL ဆိုတာကတော့ ဘာမှမရှိတာပါ။ DOS ကနားလည်တာကတော့ Directory တစ်ခုမှာ NULL ဆိုတဲ့ Folder တစ်ခုရှိပါတယ်တဲ့။ (ကျနော်လည်းမသိဘူး Google ပြောတာ။ ) ဒါဆို ကျနော်တို့ c:\windows ဆိုတာများရှိလေမလားလို့ စစ်ဆေးကြည့်ရအောင်လားဗျာ။ အဲဒီ့လို စစ်ဆေးဖို့ကတော့ လွယ်လွယ်လေးပါ အပေါ်မှာ ကျနော်တို့ ရေးခဲ့သလို IF EXIST ကို ဖြည့်ရေးသွားရုံပါ။ အောက်က Code ကို ကြည့်လိုက်ပါ။ IF EXIST c:\windows\nul ECHO c:\windows exists အဲဒီ့လိုနည်းမျိုးနဲ့ဘဲ Drive တစ်ခုဟာ ခွင့်ပြုထားတဲ့ Drive ဟုတ်မဟုတ်စစ်နိုင်ပါသေးတယ်။ အောက်က Code ကို ကြည့်ကြည့်ပါ။ IF EXIST c:\io.sys ECHO Drive c: is valid ဒီလောက်ဆိုရင် File ရှိမရှိကို IF နဲ့ စစ်ခြင်းနဲ့ ပတ်သက်လို့ အားလုံး စုံသွားပြီဖြစ်လို့ နောက်တစ်ခန်းမှာ User ရိုက်လိုက်တဲ့ Parameter တွေကို စစ်ပြီးတော့ အလုပ်လုပ်သွားပုံကို ရှင်းပြပါ့မယ်။ ခုတော့ နားလိုက်ပါဦးမယ်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝေဖန် အကြံပေး ထောက်ပြမှုများကို လက်ခံလျက် Kyaw Htet Win 
Bat File Lesson  4
Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

သင်ခန်းစာလေး ဆက်လက်ဆွေးနွေးကြရအောင်
ကျနော် ဒီတစ်ခေါက် ပြောပြပေးမှာကတော့ For Loop အကြောင်းဆွေးနွေးပေးမှာဖြစ်ပါတယ်။ အဆင့် နည်းနည်း မြင့်လာပြီဖြစ်လို့ သေချာလေး လိုက်လုပ်ကြည့်စေချင်တယ်။ ၁ခေါက်နဲ့ နားမလည်ရင် အနည်းဆုံး ၂ ခေါက်လောက်ဖတ်ပေးပါ။ ကျနော်ရေးထားတာ နားမလည်ရင်တော့ ကျနော့်ကို ပြန်မေးပါ။ ဖြေပေးပါ့မယ်။ ဒါဆို ကျနော်တို့ For Loop အကြောင်းလေး စလိုက်ရအောင်

သူ့ကို ရေးမယ်ဆိုရင် ရေးပုံရေးနည်းကတော့
FOR %%PARAMETER IN(set) DO command
For Loop ရဲ့ Syntax ကိုတွေ့လို့ စိတ်မညစ်သွားပါနဲ့။ ကျနော် အတတ်နိုင်ဆုံး နားလည်လွယ်အောင်ရေးပေးပါ့မယ်။
ကျနော့် တုန်းက ဆိုရင် ဒီ Looping အပိုင်းလည်း ရောက်ရော သင်ပေးမယ့်သူလည်း မရှိ ၊ Google မှာရှာတော့ လည်း အပြည့်အစုံမရနဲ့ တော်တော် ဒုက္ခရောက်ခဲ့ရတာ။ အခုတော့ ကျနော်လည်း နားလည်သင့်သလောက် နားလည် ခဲ့ပြီးပြီမို့ မှတ်မိသလောက် ပြန်လည်မျှဝေတာပါ။
အစ်ကို တို့ ဒီအပိုင်းမှာ ဖတ်ရတာ နားမလည်တော့ လို့ စိတ်ညစ်ပြီးတော့ Bat ကို မလေ့လာတော့တာ မျိုးတော့ မလုပ်ပါနဲ့ လို့ တောင်းဆိုချင်ပါတယ်။ ကျနော့်တုန်းကလည်း အဲလို စိတ်မျိုးဖြစ်ဖူးလို့ပါ။ နားမလည်ရင် ကျနော့်ကို မေးပါ။ ကျနော်မသိရင်လည်း ကျနော့်ထက်တော်တဲ့ တတ်တဲ့သူတွေကို ပြန်မေးပေးပါ့မယ်။
အတတ်နိုင်ဆုံး နားလည်အောင်ရေးပေးမှာ ဖြစ်လို့ သေချာလိုက်လုပ်ပေးပါ။
ကဲဒါဆိုရင် ကျနော့် ရေးနည်း ထုံးစံအတိုင်း အောက်က ဥပမာလေးနဲ့ စလိုက်ရအောင်
@echo off
cls
for %%A in (abc,def,xyz) do echo %%A
အဲဒါလေးရဲ့ Code တွေကို ရှင်းပြပါ့မယ်။ cls ကတော့ သိပြီးသားဖြစ်မှာပါ။
For Loop ထဲမှာ Variable တစ်ခုဖြစ်တဲ့ %%A ကို ကြေငြာပါတယ်။ ပြီးတော့ သူ့ထဲကို မတူညီတဲ့ Value တွေကို (abc,def,xyz) ဆိုပြီတော့ ကွင်းထဲမှာကြိုထည့်ထားပါတယ်။ အဲဒီ့ ကွင်းထဲကကောင်တွေကို တော့ predefined set value လို့ခေါ်ပါတယ်။ အဲဒါက Looping တစ်ခါပတ်တိုင်း တစ်ခါသတ်မှတ်ထားမှာပါ။
နောက်ဆုံးက echo %%A ဆိုတာနဲ့ For Loop က Variable ရဲ့ တန်ဖိုးကို အသစ်ပြောင်းထည့်ပါတယ်။
%%A ဆိုတာကတော့ Variable တစ်ခုဖြစ်ပြီး သူက Looping တစ်ခါပတ်တိုင်း မတူညီတဲ့ Values တွေ ကို predefined set ထဲက တန်ဖိုးတွေနဲ့ လက်ခံပါတယ်။
0 ကနေ 9 ကလွဲရင် %% နောက်မှာ ကြိုက်တဲ့ character တစ်လုံးစီကို သုံးနိုင်ပါတယ်။
IN(abc,def,xyz) ဆိုတာကတော့ For Loop လုပ်ဆောင်မယ့် list တစ်မျိုးဖြစ်ပါတယ်။
ကျနော်တို့ Program က Looping တစ်ခါပတ်တိုင်းမှာ Variable ဖြစ်တဲ့ %%A ထဲကို () ကနေ အမျိုးမျိုးသော တန်ဖိုးတွေထည့်သွင်းနိုင်ပါတယ်။
() ထဲက တန်ဖိုးတွေကို တော့ comma,colon တွေနဲ့ space bar စတာတွေနဲ့ ပိုင်းခြားနိုင်ပါတယ်ဗျာ။
() ထဲက တန်ဖိုးမကုန်မချင်း For Loop ကအလုပ်လုပ်နေစေပါတယ်။
DO ကတော့ Looping တစ်ခါပတ် တိုင်း ဘာအလုပ်လုပ်ချင်တယ်ဆိုတာပြောတာပါ။
ခုနက ကျနော်တို့ ရေးခဲ့တဲ့ Program မှာဆိုရင်တော့ ECHO %%A နဲ့ အဖြေကို ရိုက်ထုတ်ထားပါတယ်။
ထိုသို့ ရိုက်ထုတ်ထားချင်းအားဖြင့် Loop တစ်ခါပတ်တိုင်း abc ဆိုတဲ့ Variable A ထဲက တန်ဖိုးကို Looping အတွက် Do သုံးပြီး Echo နဲ့ အဖြေကို User ကို ပြသပေးပါတယ်။
ကျနော် စာနဲ့ ပြောတာ နားမလည်ရင် ခုနက Program ကို Run ပြီးတော့ ကြည့်လိုက်ပါ။ အောက်ကပေးထားတဲ့ အဖြေအတိုင်းရပါလိမ့်မယ်။
abc
def
xyz
အဲလို တစ်ခုချင်းစီ Looping အတိုင်းထွက်လာမှာပါ။ Loop ၃ ခါပတ်ခဲ့ပါတယ်။ အဖြေကို do နဲ့ echo သုံးပြီးတော့ ၃ခါရိုက်ထုတ်ပါတယ်။ abc က A ထဲမှာ ပထမအကြိမ် Loop အတွက်ရှိမှာ ဖြစ်ပြီးတော့ ၊ def က ဒုတိယ loop ၊ xyz ကတော့ တတိယ loop မှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ခုနက ရေးခဲ့တဲ့ Bat File လေးကို နားလည်ပြီးတော့ Forr Loop ကို လည်း အခြေခံအနေနဲ့ နည်းနည်းလေး နားလည်သွားမယ်ထင်ပါတယ်။
For Loop က Parameter တွေနဲ့ တွဲပြီးသုံးတတ်ရင်သုံးတတ်သလို Powerful ဖြစ်ပါတယ်။
for Loop ကို လေ့လာဖို့ နောက်ထပ်ဥပမာတစ်ခုလောက်လုပ်ကြည့်ရအောင်။ နည်းနည်း ခက်တော့ခက်မယ်ဗျ. ဘာလို့လည်း ဆိုတော့ ကျနော် အပေါ်မှာ ရေးပြဖို့ ကျန်ခဲ့တာလေးတွေရှိနေလို့ပါ။ ကျနော် Parameter ကို define လုပ်တာနဲ့ Parameter တွေက ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မပြောခဲ့ရလို့ပါ။ အောက်က ဟာလေးကို Notepad မှာ ရေးကြည့်လိုက်ပါ။
@echo off
echo
echo I am going to delete the following files:
echo %1 %2
echo.
echo Press Ctrl+C to Abort process
pause
for %%a IN(%1 %2) do del %%a
echo Killed Files. Mission Accomplished.
ရေးပြီးပြီဆိုရင်တော့ သူ့ကို testfor.bat နဲ့ Save လိုက်ပါ။ ပြီးရင် ဒီတိုင်းထားပါ။ Program ကို မ Run လိုက်ပါနဲ့။
Start>>Run>>cmd>> ထဲရောက်သွားရင် ခုနက ကျနော်တို့ ရေးခဲ့တဲ့ testfor.bat ရဲ့ လမ်းကြောင်းကို ပြောင်းလိုက်ပါ။ Path ပြောင်းတာတော့ ကျနော်လည်း အသေးစိတ်မပြောပြတော့ဘူးနော်။ cd Command နဲ့ ပြောင်းတယ်ဆိုတာ အားလုံး သိပြီသားဖြစ်မှာပါ။
အဲဒီ့ လမ်းကြောင်းကို ပြောင်းပြီးရင်တော့ ခုနက save ခဲ့တဲ့ testfor.bat ကို ခေါ်လိုက်ပါ ပြီးရင် ဖျက်ချင်တဲ့ file name ကို အဲဒီ့နောက်မှာထပ်ရေးပါ။
စာနဲ့ရေးတာ နားမလည်မှာဆိုးလို့ ကျနော် ဥပမာ ရေးပြလိုက်ပါမယ်။
cmd ထဲရောက်နေပြီး လမ်းကြောင်းလည်းပြောင်းပြီးသားဆိုပါက
မိမိ path လမ်းကြောင်း>testfor.bat a.txt b.txt
အဲဒီ့မှာ a.txt နဲ့ b.txt ဆိုတာက ကျနော်ဖျက်ချင်တဲ့ ဖိုင်နာမည်ပါ။ အဲဒီ့နေရာမှာ ကြိုက်တာထားလို့ရပါတယ်။ *.txt , *.pdf အစရှိသဖြင့်ပေါ့။ အဲလိုရိုက်ပြီး enter ခေါက်လိုက်ရင်တော့ အဲဒီ့ file Name တွေပျက်သွားမှာ ဖြစ်ပါတယ်။ အပေါ်ကဥပမာလေးကတော့ For ကို Parameter တွေနဲ့ တွဲသုံးပြီးတော့ ဘယ်လောက် အသုံးတဲ့တယ်ဆိုတာကို သက်သေပြလိုက်တာပါ။
စာဖတ်သူတို့ အဆင်ပြေရင်ပြေသလို ဥာဏ်ရှိရင် ရှိသလို ချဲ့ထွင်ရေးနိုင်ကြပါတယ်။ကဲဒါဆို ကျနော် ခုနက ဥပမာ ရဲ့ အလုပ်လုပ်ပုံ လုပ်နည်းကို ရှင်းပြပြီးပြီ ဖြစ်လို့ Code တွေကို နည်းနည်း ပြန်ရှင်းပြပါမယ်။ မှတ်မိသွားအောင်ပေါ့။
4 လိုင်းမြောက်က echo %1 %2 ဆိုတာကတော့ For ထဲမှာ ကြေငြာထားတဲ့ a ဆိုတဲ့ Variable ထဲမှာ၇ှိမယ့် %1 နဲ့ %2 ထဲက Variable ကို ရိုက်ထုတ်တာပါ။
ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကျနော်တို့ဟာ ခုန Run ကြည့်တုန်းလိုမျိုး I am going to delete the following files: ဆိုတဲ့ စာသားအောက်မှာ ကျနော်တို့ ရိုက်ထည့်လိုက်တဲ့ a.txt နဲ့ b.txt ကို ဖော်ပြပေးတာပါ။ OK?
၅ လိုင်းမြောက်မှာတော့ ပုံမှန် echo နောက်မှာ . လေးကို ထည့်ထားတာပါ။ ထိုသို့ထည့်ထားခြင်းအားဖြင့် တစ်လိုင်းခြားတဲ့ ကိစ္စကို လုပ်ဆောင်ပေးပါတယ်။ (အရင်က မပြောခဲ့ရလို့ အခုမှ ဖြည့်ပြောပေးတာပါ)
ဒါဆို for looping ကို ရေးထားတဲ့ နေရာကို ရှင်းပြပေးပါ့မယ်။
ဖတ်ရ ခက်မှာ စိုးလို့ အပေါ်ကဥပမာထဲက For Loop အတွက် Code ကို ပြန်ရေးပေးလိုက်ပါတယ်။
for %%a IN(%1 %2) do del %%a
ဒါဆိုရင် Program လေးလဲ Run ပြီးသားဆိုတော့ For Loop ထဲက လုပ်ငန်းတွေကိုနည်းနည်းတော့ သဘောပေါက်နေပြီထင်ပါတယ်။
ပိုပြီးတော့ နားလည်သွားအောင် ကျနော် နည်းနည်း လျှာရှည်လိုက်ပါ့မယ်။
%%a ဆိုပြီးတော့ a ဆိုတဲ့ Variable လေးတစ်ခုကြေငြာပါတယ်။
အဲဒီ့ a ထဲကို IN(%1 %2) ဆိုပြီးတော့ a ထဲကို 1 နဲ့ 2 ကို ထည့်ထား သတ်မှတ်ထားပါတယ်။
ပြီးတော့ do ဆိုပြီး ခုနက a ထဲမှာ ရောက်နေမယ့် တန်ဖိုး ၂ ခုကို del ဆိုတဲ့ command နဲ့ ဖျက်လိုက်ပါတယ်။
ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။ For နဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြနိုင်တာ ဒီလောက်ပါဘဲ။ ပိုမိုကောင်းမွန်တဲ့ Looping တွေနဲ့ ပြီးပြည့်စုံသော bat တစ်ခုကို ဖန်တီးပြီး PC ကို အပြည့်အ၀ အန္တာရာယ် အကြီးအကျယ်ပေးလို့ရတဲ့ အတွက် အများကြီးမရှင်းပြတော့ပါဘူး။
နောက်နေ့တွေမှာ IF နဲ့ ပါတ်သက်လို့ အသေးစိတ်ဆွေးနွေးပေးပါ့မယ်။ အဲဒါပြီးရင်တော့ Bat အကြောင်းလည်း အခြေခံအနေနဲ့ တော်တော် စုံသွားလောက်ပြီဖြစ်လို့ ကျနော့် TuT ကို IF Statement အကြောင်းနဲ့ ပိတ်မယ်ဆိုတာ ကြိုတင် ပြောကြားပါရစေ။ ဒီ့ထက် bat အကြောင်းအသေးစိတ်သိချင်ရင်တော့ bat နဲ့ ပါတ်သက်တဲ့ site တစ်ချို့ရှိပါတယ်။ ဒီနေ့တော့ မပါလာလို့ ကျနော်ပြန်ရှာပြီး နောက်နေ့မှာ တင်ပေးပါ့မယ်။
စာဖတ်သူတို့ အနေနဲ့ bat ကို အသုံးပြုပြီး System တစ်ခုကို ကောင်းကောင်း ထိန်းချုပ်လို့ရပါတယ်ဆိုတာကို အနည်းငယ်သိသွားပြီဖြစ်လို့ အကယ်လို့များ ဒီ့ထက် ကျယ်ကျယ်ပြန့်ပြန့်သိချင်ရင်တော့ စာများများဖတ်ပါ.. Windows Command တွေကို ရှာဖွေပါ။ DoS ခေတ်ကို ခဏ ပြန်သွားပါ လို့တိုက်တွန်းပါရစေ။ (ကျနော်ကတော့ ဒါနဲ့ ပါတ်သက်လို့ စိတ်မ၀င်စားတော့လို့ ဆက်မလေ့လာတော့ဘူးဗျို့။ အခုတောင် ရေးလက်စမို့လို့ ၊ ပြန်စဉ်းစားရတာ တော်တော် ဦးနှောက်ခြောက်တယ်။ )
စောင့်ဆိုင်းဖတ်ရှုပေးသော သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ 
 Bat File Lesson-5 
Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

ကျနော်တို့ TuT ကို ပြန်စလိုက်ရအောင်….
ဒီတစ်ခါတော့ Features နည်းနည်း စုံစုံလင်လင်ကို တင်ပြပေးပါ့မယ်။ ကျနော်ရေးတာက အလွယ်အဆင့်ကနေ အခက်အဆင့် ကို သွားနေတာတော့ မဟုတ်ဘူးနော်။ ကျနော့် မှာ ကိုးကားစရာစာအုပ်က မရှိတော့လို့ ဟိုရောက်ဒီရောက်နဲ့ ကျနော် သတိရပြီးတော့ သိသေးသမျှတွေရေးပေးနေတာပါ။ ဖတ်ရတာ အခက်အခဲတော့ နည်းနည်းရှိမယ်လို့ထင်တယ်။ နားလည် ပေးမယ်လို့ထင်ပါတယ်။
ဟုတ်ကဲ့ပါ အခု ကျနော် ရေးပေးမှာကတော့ Windows Application တစ်ခုကို ဘယ်လို ခေါ် Run မလဲဆိုတာပါ
အောက်မှာပေးထားတဲ့ Code ကို Notepad မှာရိုက်ထည့်ကြည့်ပါ့မယ်…
@echo off
echo I am testing to call Notepad.exe
start /MIN notepad
pause
အဲဒါကို save ပြီးတော့ Run မယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်။
I am testing to call Notepad.exe
(အဲဒါလာပြီးရင် Notepad က minimized အနေအထားနဲ့ ပေါ်လာပါလိမ့်မယ်။ /MIN နေရာမှာ /MAX လို့ထားရင်တော့ maximized အနေအထားနဲ့ ပေါ်မှာပါ)
Press any key to continue…
နောက်တစ်ဆင့်အနေနဲ့ batfile ထဲကနေ ထွက်ဖို့ အချိန်သတ်မှတ်ပေးကြည့်ရအောင်
အောက်မှာပေးထားတဲ့ Code လေးတွေကို Notepad ထဲမှာရေးပေးပါ
@echo off
echo i am trying timeout
set wait=0
:pause1
set /a wait=%wait%+1
if %wait% leq 1000 goto pause1
echo IT WORKED!!!
pause
ဒီ Code တွေကို နားမလည်ဘူးဆိုရင်တော့ Copy Paste သာလုပ်ပြီးတော့ Notepad ထဲကို ထည့်လိုက်ပါတော့။
ကျနော် အပေါ်မှာရေးဖူးတဲ့ နှစ်ခုထဲမှာ set အကြောင်း အနည်းငယ်ပါပြီးတော့ if နဲ့ condition စစ်တာလည်း ပါသလို
:pause1 လိုမျိုး Function ခွဲရေးတာလည်း ဘာဆိုတာ ပါပါတယ်။ အဲဒီ့တော့ ဒါကို နားမလည်ရင်လည်း အဲဒါလေးတွေ ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းတော့ သဘောပေါက်မှာပါ။
% တွေ /a တွေနဲ့ ကျန်တဲ့ နားမလည်တာတွေကို ချန်ထားခဲ့ပါ။ အကယ်လို့ ကျနော် အချိန်ရရင် Parameter တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆွေးနွေးပေးပါ့မယ်။ ခုတော့ ဒီတိုင်း သဘောပေါက်ရုံလောက်လေး ထားပြီး အဲဒါလေးကို Save ပြီးရင် Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်…
I am trying timeout
(ပြီးရင်တော့ စက္ကန့် နည်းနည်းလောက်စောင့်ရပါလိမ့်မယ်) (အဲဒါကတော့ :pause1 ထဲမှာ ရေးထားတဲ့ Code ကြောင့်ပါ။)(အဲဒါကို စောင့်ပြီးရင်တော့ နောက်တစ်ကြောင်းလာပါလိမ့်မယ်)
IT WORKED!!!
Press any key to continue…
ဒါဆိုရင်တော့ စက္ကန့် ဖြစ်ဖြစ် မိနစ်ဖြစ်ဖြစ် သတ်မှတ်ပြီးတော့ batch file run တာကို ရပ်ခြင်းအား ကျနော်တို့ စမ်းသတ်ပြီးပါပြီ။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာလည်း နားလည်မယ်လို့ထင်ပါတယ်။
ကျနော် နောက်ထပ် တစ်ဆင့်အနေနဲ့ TIME ဆိုတဲ့ Command အကြောင်းကို ရှင်းပြပေးပါ့မယ်
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရေးလိုက်ပါ…
@echo off
echo Hello…. What time it is!!!
TIME 12:00
echo oHH it is 12:00
pause
အဲဒါကို Save ပြီး Run မယ်ဆိုရင်တော့ အောက်မှာ ပြထားသလို မြင်ရပါလိမ့်မယ်…
Hello…. What time it is!!!
oHH it is 12:00
ဒါဆိုရင် TIME က ဘာအလုပ်လုပ်လည်း ဆိုတာ သိပြီလို့ထင်ပါတယ်။ စက်ရဲ့ အချိန်ကို ပြောင်းပေးတာပါ။
နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ DOS ထဲမှာ ပြမယ့် စာသားတွေနဲ့ နောက်ခံတွေ ကို အရောင်လေးတွေနဲ့ အလှဆင်ကြည့်ကြပါမယ်။
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲကူးပြီး Save ပြီး Run လိုက်ပါ။
@echo off
echo I am trying the colors
pause
color 04
echo testing
pause
color f
echo again
pause
color 4f
echo DONE
pause
Run လိုက်ရင် ဘယ်လိုဖော်ပြတယ်ဆိုတာတော့ ကိုယ့်ဟာကိုယ် လုပ်ကြည့်လိုက်ပါ။ ကျနော် Code တွေကို ဘဲရှင်းပြပေးပါတော့မယ်။
color ဆိုတာကတော့ အရောင်သတ်မှတ်တယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ သူ့နောက်မှာ ထည့်တဲ့ Code တွေကို ရှင်းပြပါ့မယ်။
04= background black နဲ့ font ကို red ထားတာပါ
f = font ကို white ထားတာပါ
4f = background red နဲ့ f ကို white ထားတာပါ
ပိုပြီး အသေးစိတ်သိချင်ရင်တော့ Run>>cmd>>color /? ဆိုပြီးရိုက်လိုက်ပါ။
0=balck
1=blue
2=green
3=aqua
4=red
5=purple
6=yellow
7=white
8=gray
9=light blue
a=light green
b=light aqua
c=light red
d=light purple
e=light yellow
f=bright white
အဲဒီ့လိုဖော်ပြပါလိမ့်မယ်။ အဲဒါတွေကို ခုနက ကျနော်တို့ သုံးသလိုမျိုး color 9f စသည်ဖြင့် တွဲသုံးနိုင်ပါတယ်။
ရှေ့မှာထားတဲ့ ဟာက Back Color ဖြစ်ပြီးတော့ နောက်ကဟာက Font Color ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Color တွေ အကြောင်းသိနိုင်ပါပြီ။ ဥာဏ်ရှိသလို ချဲ့ထွင်အသုံးချ သွားနိုင်ပါတယ်။
အခုနောက်တစ်ဆင့်အနေနဲ့ Title ပြောင်းတာကို ပြောပြပေးပါ့မယ်
အောက်က Code တွေကို Notepad ထဲမှာရေးပြီး Save လိုက်ပါ။
@echo off
title Myanmar IT Resource
echo Trying to change the title
pause
အဲဒါကို Run လိုက်ရင်တော့ Title Bar မှာ Myanmar IT Resource ဆိုပြီးဖော်ပြပါလိမ့်မယ်
နောက်တစ်ဆင့် အနေနဲ့ Shutdown နဲ့ Restart ကို စမ်းကြည့်ကြပါမယ်။
@echo off
start C:\Windows\RUNDLL.EXE user.exe,exitwindowsexec
exit
အဲဒီ့ အပေါ်ကကောင်လေးကို save ပြီး Run မယ်ဆိုရင်တော့ Restart ကျသွားပါလိမ့်မယ်။
@echo off
start C:\Windows\RUNDLL32.EXE user,exitwindows
exit
အပေါ်ကဟာလေးကို Run ရင်တော့ Shutdown ပါ.
နောက်ထပ် နည်းတွေလည်း ရှိပါသေးတယ်။ တခြားနည်းတွေက လူတိုင်းသိပြီးသားတွေမို့လို့ ဒီနည်းလေးကို ဖော်ပြပေးလိုက်တာပါ။ code တွေကတော့ ရှင်းရှင်းလင်းလင်းတွေ မို့လို့ လူတိုင်းနားလည်မယ်ထင်လို့ ထပ် မရှင်းပြတော့ဘူးနော်။ နားမလည်လောက်စရာလည်း မပါဘူးလို့ထင်ပါတယ်။
ဒီနေ့တော့ ကျနော့် TuT ကို ဒီလောက်နဲ့ ရပ်နားပါရစေ။ နောက်နေ့တွေမှာ For နဲ့ Looping ပတ်တာကို အသေးစိတ်ရှင်းပြသွားပါမယ်။ လိုအပ်တာရှိရင်လည်း ဖြည့်စွက်ပြောပေးကြပါ။ သိချင်တာရှိရင် ၊ ကျနော့်ကို ရေးစေချင်တာရှိရင်လည်း မေးခဲ့ ၊ ပြောခဲ့ကြပါ။ ကျနော် တတ်နိုင်သလောက် လုပ်ပေးသွားပါ့မယ်။ ကျနော် သိရင်သိတယ် မသိရင်မသိဘူး ရှင်းရှင်းလင်းလင်းပြောပေးပါ့မယ်။
Bat File Lesson-6
                                           ကျော်ထက်ဝင်း-နည်းပညာတက္ကသိုလ်-ဘားအံ

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...