" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

When start Virus ? What is virus ? Start Established Virus အစဟာသမှ (Virus အစ သမိုင်း)

ကွန်ပျူတာအသုံးပြုနေသူတွေအနေနဲ့ မိမိတို့ကို အန္တရာယ်ပြုတိုက်ခိုက်တတ်တဲ့ virus တွေ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတဲ့အပြင် တစ်ခါတစ်ရံမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ Personal Computer တွေကို တိုက်ခိုက်တဲ့ virus တွေဟာ 1982 ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ virus တွေရဲ့သက်တမ်း 25 နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ပေါ်ထွက်ခဲ့တဲ့ အရေးပါတဲ့ virus တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....။

Elk Cloner (1982)
ဒီ virus ဟာ personal computer တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး virus ဖြစ်ပြီး ကိုးတန်း ကျောင်းသားတစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Elk Cloner ဟာ Apple II Floppy disk တွေကတစ်ဆင့် ပျံ့နှံ့တာဖြစ်ပြီး computer ကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ စတဲ့ နောက်တဲ့သဘောနဲ့ ကျောင်းသားလေးက ရေးသားထားတဲ့ ကဗျာအဖြစ် Screen ပေါ်မှာ ပေါ်လာတာဖြစ်ပါတယ်...။

Brain (1986)
Microsoft ရဲ့ Operating System (DOS) သုံး computer တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ virus ကတော့ Brain ပဲဖြစ်ပါတယ်။ ဒီ virus ကို computer ပြင်ဆိုင်ဖွင့်ထားတဲ့ ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ဦးက ရေးသားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ computer တွေအတွင်း ၄င်းတို့ဆိုင်ရဲ့ ဖုန်းနံပါတ်ပေါ်လာအောင် လုပ်ဆောင်ထားတာလို့ သိရပါတယ်...။

Morris (1988)
ဒီ Morris virus ကိုတော့ အမေရိကန်ပြည်ထောင်စုအစိုးရ computer လုံခြုံရေးပညာရှင်တစ်ဦးရဲ့သားက ရေးသားခဲ့တာဖြစ်ပြီး internet နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်နဲ့စစ်ဘက်ဆိုင်ရာ computer ပေါင်း 6000 နီးပါး တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ Morris မတိုင်မီက ပေါ်ထွက်ခဲ့ဖူးတဲ့ virus တွေဟာလည်း internet ကွန်ယက်ကတစ်ဆင့် ပျံ့နှံ့ဖူးပေမယ့် Morris လောက် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်...။

Melissa (1999)
Melissa ကတော့ E-mail ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး virus ပဲဖြစ်ပါတယ်။ E-mail အသုံးပြုသူတွေ အနေနဲ့ Melissa ကပ်ငြိနေတဲ့ attachment ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် E-mail account ထဲ မှတ်သားထား တဲ့ ပထမဆုံးလိပ်စာရှင်အယောက် 50 ဆီ အလိုအလျောက် E-mail ပေးပို့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။

Love Bug (2000)
ဒီ virus ဟာလည်း E-mail ကနေတစ်ဆင့် ပျံ့နှံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပြီး ရည်းစားစာပုံစံမျိုး အယောင် ဆောင်ထားတာကြောင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။

Code Red (2001)
ဒီ virus ဟာ Microsoft ရဲ့ Software အတွင်းက အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာတဲ့ ပထမဆုံး network worm တစ်ခုဖြစ်ပါတယ်။ ဒီ Code Red ဟာ တခြား virus တွေလိုမျိုး လူကနေပြီး attachment ကိုဖွင့်မှကူးစက်တာမဟုတ်ပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ computer တွေဆီ အလိုအလျောက် ပျံ့နှံ့သွားတာဖြစ်ပါတယ်။ Microsoft အနေနဲ့ ဒီ software အားနည်းချက်ကို ဖာထေးဖို့အတွက် Patch တစ်ခု ပေးထားခဲ့ပေမယ့် အတော်များများက install မလုပ်ခဲ့ကြတာကြောင့် Code Red ရဲ့ ပျံ့နှံ့မှု ပိုပြီးကျယ်ပြန့်ခဲ့ရ တယ်လို့ ဆိုထားကြပါတယ်...။

Blaster (2003)
Blaster ကလည်း Code Red လိုမျိုးပဲ Microsoft ရဲ့ software အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်။ ဒီ virus ဟာ SoBig နဲ့ အတူပဲ computer တွေကို အကြီးအကျယ် အန္တရာယ်ပြုခဲ့တာကြောင့် Microsoft ကနေ virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်...။

Sasser (2004)
Sasser virus ကလည်း Microsoft software အားနည်းချက်ကို အခွင့်ကောင်းယူပြီး computer ကို အကြိမ် ကြိမ် reboot ပြုလုပ်ကာ crash ဖြစ်စေခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Sasser virus သမိုင်းတစ် လျှောက် နောက်ဆုံးထွက်ခဲ့တဲ့ အမျိုးအစားတစ်ခုမဟုတ်ပေမယ့် နောက်ပိုင်း virus တွေဟာ ကွန်ယက်လုံခြုံရေး စနစ်သစ်တွေကြောင့် Sasser လောက် ဖျက်ဆီးနိုင်စွမ်း မကြီးမားကြတော့တဲ့အပြင် virus ရေးသားသူတွေ ကလည်း အဖျက်စွမ်းအားကို အဓိကမထားဘဲ ငွေကြေးအကျိုးအမြတ်ဘက်လှည့်လာကြတာကြောင့် Sasser လောက် အာရုံစိုက်မှု မရှိခဲ့ကြတာဖြစ်ပါတယ်...။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...