" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Mosquito Ring Tone

mosquito_graphic2
The Mosquito လို့ခေါ်တဲ့ Mosquito Ringtone ဆိုတာ လွန်ခဲ့တဲ့ ၂၀၀၆ လောက်ကတဲက ခေတ်စားတဲ့ ringtone ပေါ့.. အဲဒီတုန်းက ကျွန်တော့်မှာ ဖုန်းမရှိသေးတော့ သေသေချာချာ မစမ်းဖြစ်ဘူး။ ဒီနေ့မှ ပြန်သတိရလို့ ပြန်ရှာလိုက်တာ.. ဒီ ringtone က ခြင်နားနား လာပျံသလိုပဲ တ ၀ီ ၀ီ နဲ့ စိတ်ပျက်ဖို့ကောင်းတယ်.. တစ်ခုရှိတယ် အရမ်းကောင်းတာ.. ဖုန်းသံပေါ့ သူ့ အသံက 22khz ၀န်းကျင်လောက်ဆို အသက် ၅၀ ကျော် လူတွေ မကြားနိုင်တော့ဘူး။ သူ့ frequency လိုက်ပြီး သက်ကြီး ပိုင်းတွေ မကြားနိုင်ဘူး။
Can You Hear Me?
ဆိုတော့ ကျွန်တော်တို့ စာသင်ခန်းထဲမှာ အဲဒီ ringtone နဲ့ ဖုန်းလာရင် ဆရာမသိနိုင်ဘူး.. :P မိတ်ဆွေ အိမ်မှာ လူကြီးတွေက ညဘက်ဖုန်း ပြောလို့ ဆူရင် ဒီ ringtone သုံးပေါ့ (သိသွားလို့ ပြသနာတက်ရင်တော့ တာဝန်မယူ =D) အို.. Ringtone ပိတ်ထားပြီး vibrating alert ဖွင့်ထားလဲ ရတာပဲလို့ ပြောနေဦးမယ်.. သူက ညဘက်လို တိတ်နေတဲ့ အချိန်ဆို အထဲက မော်တာ သံက ကျယ်တာပါပဲ။ ဒီ ringtone က အခြေခံက Mosquito ဆိုတဲ့ စက်ကို အခြေခံထားတာ အဲဒါက UltraSound ကို အခြေခံတဲ့ နည်းကို သုံးပြီး ringtone လုပ်ထားတာ။ အသံက ပျင်းဖို့ ကောင်းပေမယ့် လူကြီးတွေ မကြားနိုင်တာမျိုးကတော့ စိတ်ချမ်းသာစရာကောင်းတယ်။
ကျွန်တော်က ringtone ဆို အဆန်းတွေသုံးတာများတယ် ရဲကား၊ မီးသတ်ကား အော်သံလိုမျိုးတွေပေါ့.. လူကြီးတွေကတော့ မကြိုက်ဘူး ကျက်သရေတုံးတယ်တဲ့ အဲဒီတော့လဲ မတတ်နိုင်ဘူး အဲဒီ မကြိုက်တဲ့ သူတွေဖုန်းတွေကိုပဲ အဲဒီ ringtone နဲ့ သတ်မှတ်ထားလိုက်တယ် =D သူတို့ မသိတော့ဘူးပေါ့။ အခု ပြောတဲ့ Ringtone ကို Mosquito Ringtone လို့ ခေါ်ပါတယ် နောက်ထပ် TeenBuzz လို့လဲ ခေါ်ပါသေးတယ်။ အသက် အပိုင်းအခြားနဲ့ ကိုယ်လိုချင်တဲ့ frequency ကို download လုပ်ယူနိုင်ပါတယ် နောက် နှစ်သက်ရာ file format နဲ့ပေါ့။ iPhone အတွက်လဲ ရနိုင်ပါတယ်။ ကဲ ကိုယ့်လူတို့ တိုးတိုး တိတ်တိတ်ပေါ့ =D

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...