" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

facebook FC

faceBook Instant
ပထမဆုံး FaceBook ကနေ Service လုပ်ပေးလိုက်တဲ့ FaceBook Instant ဆိုတဲ့ Search Engine လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ Google နဲ့ Microsoft တို့ အားပြိုင်နေချိန်မှာ Google ကိုအန်တုမယ့် FaceBook ရဲ့ ခြေလှမ်းတစ်ခု ဆိုလည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ Facebook ထဲကို Login ၀င်စရာမလိုဘဲ FaceBook ထဲမှာရှိတဲ့ သူငယ်ချင်းတွေရဲ့ Comments, Events,Status အပြင် အခြားအရာတွေကိုလည်း Post အနေနဲ့ ဖော်ပြပေးထားတဲ့ အတွက် ရှာဖွေကြည့်ရူဖို့ အဆင်ပြေပါတယ်။ FaceBook ထဲမှာ ရှာချင်တဲ့ အရာကို Keyword လေး တစ်စွန်းတစ်စ ရိုက်ထည့်ပေးရုံနဲ့ အကုန်ဖော်ပြပေးတဲ့အတွက် FaceBook သုံးစွဲသူတွေ အတွက်ကတော့ အင်မတန် နှစ်ခြိုက်စေမည် ဆိုတာ ရဲရဲကြီး အာမခံပေးလိုက်ပါတယ်ဗျာ။ နောက်ထပ် ထွက်လာမယ့် FaceBook ရဲ့ Service တွေကိုလည်း စောင့်စားရင်ခုန် ကြည့်ရအောင်နော်။ အောက်ကလင့်လေးမှာ သွားရောက်ရှာဖွေ ကြည့်ရအောင်။


FaceBook Discovery

ကဲ…FaceBookကိုကို မမတွေအတွက် FaceBookရဲ့ စေတနာလေး တစ်ခုကို ကြည့်ကြရအောင်။ သူ့ကိုတော့ FacebookDiscovery လို့ခေါ်ပါတယ်။ ဘယ်နေရာမှာ သုံးရမလဲဆိုတော့ ကျွန်တော်တို့ တစ်ခါတစ်လေ နက်မကောင်းလို့ Facebook ၀င်မရတာမျိုး၊ တစ်ချို့ရုံးတွေ၊ ကျောင်းတွေမှာဆို Facebook ၀င်လို့မရအောင် ပိတ်ထားတာမျိုး တွေမှာ Facebook ထဲက မိမိရဲ့ ဘော်ဒါတွေ နဲ့ Chat ချင်တဲ့ အခါမျိုးမှာ သုံးလို့ရပါတယ်။ ပြောမယ်ဆိုရင် Gtalk Chat လိုပုံစံလေးပါပဲ။ ဒါပေမယ့် Eng လိုပဲ စာရိုက်ပြီး ချက်လို့ရပါတယ်။ ရုပ်ပြောင်လေးတွေထည်း တစ်ခါထည်း ထည့်ပေးထားပါသေးတယ်။ သူ့ရဲ့ Theme လေးတွေကိုလည်း မိမိစိတ်ကြိုက် အရောင်လေးတွေ ပြောင်းလို့ရသလို Message Alarm လေးတွေ ထည့်သွင်းပေးထားပါတယ်။ နောက်တစ်ခု ထူးခြားတာက FaceBook ထဲကို Login မ၀င်ဘဲနဲ့ FaceBook Discovery လေးက နေပြီး မိမိစိတ်ကြိုက် Home Message လေးကို English လို ပြောင်းတင်လို့ ရပါတယ်။ ကျန်တဲ့ တိုလီမိုလီ Tools လေးတွေကိုတော့ မိမိစိတ်ကြိုက်သာ ပြူလုပ်ခံစားကြည့် ကြပါ။ Window XP,7 & Vista အကုန်လုံးအတွက် အလုပ်လုပ်ပါတယ်။


ChitChat For FaceBook

နောက်တစ်ခုကတော့ ChitChat For FaceBook ဆိုတဲ့ Chat Software လေးတစ်ခုပါပဲ။ သူကလည်း အခုနပြောခဲ့တဲ့ FB Discovery လေးနဲ့သိပ်မကွာပါဘူး။ ဒါပေမယ့် သူက ဗမာလို မြင်ရတယ်ဗျ။ ဒါပေမယ့် မြန်မာလိုတော့ ရိုက်လို့တော့ မရဘူး။ မြန်မာလို မြင်ရတော့ မြန်မာတွေ အတွက်တော့ နည်းနည်းပို အဆင်ပြေတယ်လို့တော့ ပြောလို့ရပါတယ်။ မိမိကြိုက်နှစ်သက်ရာနဲ့ ချက်နိုင်စေဖို့ ဒီ Chitchat လေးပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေ ပျော်ရွင်ပါစေဗျာ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...