" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Serial Keys တွေ Crack File တွေ Cover တွေကို ယူကြရအောင်....

   ကျွန်တော်တို့တွေ အင်တာနက်ကနေပြီး software လေးတွေကို trail version တွေ ယူသုံးနေကြတဲ့အခါ ... ကောင်းတဲ့ software လေးတွေဆိုရင် အပြည့်အ၀သုံးချင်လာကြတယ် .. အဲဒီ့အခါမှာ register လုပ်ရတော့တဲ့အခါ user name တွေ keys တွေ လိုလာတော့တာပဲ .... ဒီအခက်အခဲကို ဖြေရှင်းပေးမဲ့ software လေးတစ်ခုကို ကျွန်တော် ကိုသံလုံငယ် ရဲ့ ၀က်ဆိုက်လေးကနေ ရထားတယ် ... အဲဒါသူငယ်ချင်းတွေ ကို သုံးလို့ရအောင် ကျွန်တော် ပြန်လည် ဝေမျှလိုက်တယ်ဗျာ ...

ပထမဆုံးသုံးမယ်ဆိုရင် ... ဒီကောင်က kaspersky ကို အရင်ပိတ်မှ ရတယ် .. မပိတ်ဘဲသုံးလိုက်ရင် ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ဘူး .. စက်က restart ဖြစ်သွားလိမ့်မယ် .. ဆိုးကျိုးဆက်တော့ မရှိပါဘူး ဒါပါပဲ .. ဒီကောင်ကို သုံးမယ်ဆိုရင် Anti Virus ကို ပိတ်ဖို့ မမေ့ကြနဲ့နော် ...

(ဒါ ဗိုင်းရပ်စ် မဟုတ်ပါ ... Anti Virus ကသာ ပိတ်တာပါ ... ဒီကောင်သုံးလို့ စက်အတွက် ဆိုးကျိုးမရှိပါဘူး)

ဒီကောင် ဒီကောင်နဲ့ ဘာကောင်မှန်းမသိဖြစ်နေမယ် ... သူနာမည်က Craagle တဲ့ဗျ သူ့အသက် (version) က တော့ 1.91 ရှိနေပြီ ... ကျွန်တော်လည်း သူနဲ့ဆုံတော့ သူ့အသက်က အဲလောက်ပဲရှိတာကို ...

သူ့နဲ့တွေ့ချင်တယ်ဆိုရင် သူငယ်ချင်းတို့လည်း ဒီမှာယူ လိုက်နော် .. မတွေ့မှာမပူနဲ့ သူရှိမှာပါ ...

အဲသူ့ကို သုံးတော့မယ်ဆိုရင် ... Anti Virus ကို အရင်ပိတ် ...
ပြီးရင် သူ့ကို rar ဖိုင် extract လုပ်ပြီး Craggle.exe လေးကို double click လုပ်လိုက် ... သူက portable ဗျ ...
အဲ .. သူပွင့်လာရင် .. အလွတ်နေရာမှာ right click လုပ်ပြီး option ကိုဝင်လိုက် ... ပြီးရင် ... ပေါ်လာတဲ့ box လေးမှာ .. use proxy ကို ရွေးပေးပြီး .... အောက်မှာ use ဆိုတဲ့ နေရာလေးကို အမှန်ခြစ်ပေးလိုက်
ပြီးရင် use ဆိုတဲ့ နေရာလေးမှာ ကိုယ့်ရဲ့ proxy နဲ့ port နံပါတ်ကို ကို ရိုက်ထည့်ပေးလိုက်လေ ... (ဥပမာ - 192.168.0.0:8080) 192.168.0.0 ဆိုတဲ့နေရာမှာ bold ပြထားတဲ့နေရာမှာ ကိုယ်သုံးနေတဲ့ gate way လေးရိုက်ထည့်လိုက်ပေါ့ ... ...
gate way ကို ဘယ်လိုကြည့်လဲဆိုတော့ ..
မိမိသုံးနေတဲ့ browser မှာ IE ဆိုရင် ... tools > Internet Option > Connection ကိုသွားလိုက် .. အဲဒီမှာ
gate way နံပါတ်နဲ့ port နံပါတ်တွေ့လိမ့်မယ် ...
Firefox ဆိုရင် Tools > Options > Advance > Network > Settings ကိုသွားလိုက် .. အဲဒီမှာ
gate way နံပါတ်နဲ့ port နံပါတ်တွေ့လိမ့်မယ် ...
အဲဒီ့ gate way နဲ့ port နံပါတ်ကို မှတ်ထားပြီး စောစောက ကျွန်တော်ပြောသလို Craagle ရဲ့ အလွတ်နေရာမှာ right click လုပ်ပြီး option ကိုဝင်လိုက် ... ပြီးရင် ... ပေါ်လာတဲ့ box လေးမှာ .. use proxy ကို ရွေးပေးပြီး .... အောက်မှာ use ဆိုတဲ့ နေရာလေးကို အမှန်ခြစ်ပေးလိုက် .. ပြီးရင် use ဆိုတဲ့ နေရာလေးမှာ ကိုယ့်ရဲ့ proxy နဲ့ port နံပါတ်ကို ကို
gate way:port ဆိုပြီးရိုက်ထည့်ပေးလိုက်လေ ...

ပြီးရင် What ဆိုတဲ့နေရာမှာ serials လား crack လား cover လား ရွေးပေးလိုက်
နောက် Where ဆိုတဲ့နေရာမှာ All သာရွေးပေးလိုက် ..
ပြီးတော့ Search ဆိုတဲ့နေရာမှာ ကိုရှာချင်တဲ့ software ကို ရိုက်ထည့်ပေးလိုက်ဗျာ ... ပေါ်လာပါလိမ့်မယ် တစ်ပြုံကြီး ...

သူရှာပြီးသွားရင် .... ကိုယ့် software နဲ့ version ကိုက်ညီတဲ့ တစ်ခုခုပေါ်မှာ right click လုပ်ပြီး Downloads ပေးလိုက်လေ .. ... ပေါ်လာလိမ့်မယ် ....။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...