
သခင်အောင်ဆန်း အတွေး၊ သခင်အောင်ဆန်း အရေး
လူတွေကို
  ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။  
စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီး  
တစ်ရပ်ပင်ဖြစ်၏။ ထိုတရားကား..လောကီ နိဗ္ဗာန် ကို နောက်ဆုံး ရည်မှန်းပေ၏။
ကမ္ဘာလောကဓါတ်ကို  သူ့သဘာဝ သူ့မူ သူ့ကိန်းအလျှောက် သိလျှင်မူ မည်သူမျှ အာဏာရှင် မင်းလောင်းတို့ကို မျှော်နေမည်မဟုတ်။ ခေါင်းဆောင်ကောင်းကိုလည်း
  စောင့်စားနေမည် မဟုတ်။ မိမိဝတ္တရား အင်အားကိုသိလျှင် သိသည့်အလျှောက်  
လူတိုင်း ကြိုးစားကြမည်။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည်။  
လူတိုင်းလုပ်မှ ဖြစ်မည်။ မင်းလောင်းမျှော်နေစရာ မဟုတ်၊ ဘယ်နေရာကမှ  
မင်းလောင်းပေါ်လာမည်မဟုတ်။ 
စင်္ကြာမင်း ဆိုသော်လည်းမရှိ၊ လာမည်မဟုတ်။ ပေါ်လျှင်လည်း သူလိုငါလိုထဲမှ
  ရာဇဝင်ကိန်းခမ်းအလျှောက် (ဝါ) အရေးပေါ်သည့်အခါ၊ အခါအလျှောက် ဆောင်ရွတ်ရန် 
 စွမ်းရည်သတ္တိရှိသူသည်၊ မုချဆတ်ဆတ် တကယ့်ခေါင်းဆောင် ဖြစ်မည်။ ထိုသူသည် သင်လည်းဖြစ်နိုင်၏။ ငါလည်းဖြစ်နိုင်၏။ ထိုကြောင့် သင့်စိတ်ဝယ် ကိန်းအောင်းနေသော လူညံ့စိတ်ဖျောက်ပြီး၊ နိုင်ငံရေးကို လိုက်စားလိုက်စမ်းပါ။ “ယောင်္ကျားတံခွန် လူရည်ချွန်က၊ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း ရမြဲလမ်း” ဒါဟာဒါမျိုး ဆိုတာဘဲ။
သခင်အောင်ဆန်း ၏ “နီုင်ငံရေး အမျိုးမျိုး”  ဆောင်းပါးမှ…. 
General Aung San’s political thoughts
Men
  can and wish to reform. This desire for progress is obvious. Actually 
 politics is this drive for reform and progress. Its ultimate objective 
 is to create a heaven on earth.
If
  aware of the nature, principles and probabilities of this scientific  
world, no one will expect the arrival of dictatorial pretenders to the  
throne nor of the charismatic leaders. As much as one is conscious of  
one’s own duty and capability, everyone will strive his utmost. Politics concerns everybody and needs everyone’s participation. There
  is no need to awaits a pretender to the throne since none will emerge 
 from anywhere. By the same token, no chakravat will emerge because 
there  is none. If a so-called chakravat emerges, he will be someone 
from  among the crowd who rises to the historical occasion and leads the
  people with ability and courage. He could be you or me. So, get rid of your inferiority complex and go into politics. “Man is capable of reaching to the stars” , so the saying goes.   
Bogyoke  Aung San (1915-1947)
(from his article: Many Kind of Politics)
translated by Retired ambassador Thet Tun
ဘလော့ခ်ဂါ ဒီမိုဝေယံ၊ အလင်းဆက်၊ ခမိခဆဲ တို့မှ ဖန်တီးတင်ပြသည်။
ဒီဇိုင်းဆွဲပေးသူ ညီလေး ကောင်းကောင်း ကိုလည်း ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com