Engineering မှတ်စုများ

Motor Insulation အကြောင်း ( အင်ဂျင်နီယာ ပညာရပ်များ )

Motor insulation
မော်တာများ ပျက်စီးရခြင်း၏ အဓိကအကြောင်းမှာ Operating Temperature မြင့်တက်လာမူကြောင့်ဖြစ်သည်။ မော်တာများသည် High Current ကြောင့်သော်၎င်း၊ Contamination ကြောင့်သော်၎င်း Operating Temperature မြင့်တက်လာတတ်သည်။ insulation Class သည် အသုံးပြုသည့် ပစ္စည်းအမျိုးအစားနှင့်တည်ဆောက်ထားပုံပေါ်တွင်မူတည်၍ကွဲပြားသည်။ မြင့်မားသည့် Operating Temperature တွင်မောင်းသည့်မော်တာများ၏ သက်တမ်းမှာ သတ်မှတ်ထားသည့် ထက်တိုလေ့ရှိသည်။
မော်တာများသည် insulation အမျိုးအစားပေါ်တွင်မူတည်၍ ခံနိုင်သည့်အပူချိန် (Winding Temp) ကွဲပြားခြားနားသည်။ Class A မော်တာ၏ အများဆုံးခံနိုင်သော အပူချိန်မှာ 105 C ဖြစ်သည်။
Motor insulation ၏ Standard များမှာ မတူညီကြပေ။ အထက်ပါဇယားသည် NEMA Standard အရသတ်မှတ်ထားသော Motor insulation Class များဖြစ်ကြသည်။
ACMV Equipment များအတွက် အသုံးသော မော်တာများ၏ Motor insulation Class F ဖြစ်သည်။
အထက်ပါ ဂရပ်သည် မော်တာ Insulation အမျိုးအစားနှင့် Winding Temp (C) နှင့် မော်တာ၏ သက်တမ်းတို့ကို ဖော်ပြသည် ဂရပ်ဖြစ်သည်။
Insulation F အမျိုးအစားမော်တာသည် Insulation B အမျိုးအစား မော်တာထက် ပို၍မြင့်သည့် အပူချိန်ကို ခံနိုင်သလို ပို၍လည်းကြာကြာခံနိုင်သည်။ မော်တာတစ်လုံး၏ Winding Temp အပူချိန်တက်လာ လာလေလေ ကြာကြာမခံလေလေဖြစ်သည်။ တနည်းသက်တမ်းတိုသည်။
Service Factor
မော်တာများကို Ambient Temp ထက်ပိုသည့် ခွင့်ပြုထားသော အပူချိန် အတွက် ဒီဇိုင်းပြုလုပ်ထားကြသည်။ Service Factor ဆိုသည်မှာ သတ်မှတ်ထားသည့် အခြေနေများ(အပူချိန်၊စိုထိုင်းဆ..) အတွင်းတွင် Rated Power ( သို့ Name Plater Power) ထက်ပို၍ အဆက်မပြတ် မောင်းနိုင်သည့် စွမ်းရည်ကို ဆိုလိုသည်။ မော်တာအများစု ၏ Service Factor မှာ 1.0 သို့ 1.15 ဖြစ်သည်။
ဥပမာ ၁၀ကောင်အားမော်တာတစ်လုံး၏ Service Factor မှာ 1.15 ဖြစ်သည်။ ထိုဆိုလိုချက်မှာ ယင်းမော်တာသည် ၁၁.၅ကောင်စွမ်းအားဖြင့် အဆက်မပြတ် မောင်းနိုင်သည့် စွမ်းရည်ကို ဆိုလိုသည်။သို့သော် NEMA Standard အရသတ်မှတ်ထားသော Motor insulation Class ၏ Allowable temperature raise 105C ( for Class F) ကို တော့ မကျော်လွန်ရပေ။
Motor insulation class F အမျိုးအစား ၁၀ကောင်အားမော်တာတစ်လုံး Allowable temperature raise 105C ဖြစ်သည်။
သို့သော် Service Factor 1.0 သာရှိသည့် ၁၀ကောင်အားမော်တာတစ်လုံးကို ၁၁.၅ကောင်ဝန်ဖြင့်မောင်းလျှင် ထိုမော်တာသည့် ကြာမြင့်စွာမခံနိုင်ပေ။
Motor Enclosures
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com