Engineering မှတ်စုများ

မောင်ပေါ်ထွန်း ၁၉၃၅ မေလ ၅ရက်



မောင်ပေါ်ထွန်း
File:MgPawTun.JPG
မွေးသက္ကရာဇ် ၁၄၊ ၅၊ ၁၉၃၅
အမည်ရင်း ခင်မောင်စိုး
နိုင်ငံ မြန်မာ
မိဘအမည် ဦးမောင်ပု + ဒေါ်အေး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ
အလုပ်အကိုင် စာရေးဆရာ၊
မွေးဖွားရာဒေသ မာန်အောင်မြို့နယ်၊ ရခိုင်ပြည်နယ်
ထင်ရှားကျော်ကြားမှု

 မောင်ပေါ်ထွန်း (၁၉၃၅)
 

ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ရေမျက်ဝ ရွာတွင် အဖ ပန်းချီ ပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိ ဒေါ်အေး တို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မွေးဖွားသည်။ မူလတန်း ပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီး ကျောင်းနှင့် အထက်တန်း ကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပြီး အလွတ် ပညာကျောင်း တက်သည်။ လှကော်မာရှယ် ကောလိပ်မှ မြန်မာ လက်ရေးတို ပထမဆု ရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက် လက်ရေးတို စာရေး အဖြစ် စတင် အမှု ထမ်းခဲ့သည်။ ၁၉၆၇ -၆၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲကို အင်္ဂလိပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သတင်းစာ ပညာ အတတ်သင်ကျောင်း အပတ်စဉ် (၁) တွင် ပထမဆု ရရှိသည်။ ၁၉၇၃ ခုနှစ်တွင် လုပ်သားများ ကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့) ရ သည်။ ၁၉၇၈ ခုနှစ်တွင် စာပေဗိမာန် စာအုပ် အသင်း ကြီးကြပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

၁၉၅၈ ခုနှစ်တွင် စာပန်းချီ မဂ္ဂဇင်း၌ ခုနစ်နှစ် အရွယ် သမီးငယ် (Seven Year Old Girls) ရုရှား ပုံပြင် ဘာသာပြန်ဖြင့် စာပေ လောကသို့ စတင် ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဘာသာပြန် ဝတ္ထု၊ ဆောင်းပါးများ ကြိုကြား ကြိုကြား ရေးသားခဲ့သည်။ စာအုပ် လောက စာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီ မဂ္ဂဇင်းနှင့် စီးပွားရေး မဂ္ဂဇင်း တို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံ အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။
စာအုပ် ဟူသည် စာအုပ်ကို မောင်ဆုရှင်နှင့် လည်းကောင်း၊ စာနယ်ဇင်း ဟူသည် စာအုပ်ကို မောင်ဆုရှင်၊ သိန်းတင် (ဟံသာဝတီ) တို့နှင့် လည်းကောင်း တွဲဖက် ရေးသား ထုတ်ဝေခဲ့သည်။
နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေး၊ ကျွန်မချစ်တဲ့ ဆူကာနို၊ ပင်တဂွန်၊ ယက်ဖ်တူရှင်ကို၊ မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကဲ၊ ကျေရာကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြ အရောင်းသမား၊ ဟားဗတ် စီးပွားရေး တက္ကသိုလ်မှာ မသင်ခဲ့ရသမျှ၊ စံပြ ခေါင်းဆောင်မှု၊ ကိုယ်စွမ်း ကိုယ်စဖြင့် ကြီးပွားရေး၊ မဟာဒီလှိုင်း၊ အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ် သဒ္ဒါကျမ်း၊ ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ၊ ကန္တာရ စမ်းရေအိုင် စသည့် ဘာသာပြန် လုံးချင်း စာအုပ်ပေါင်း ၅ဝ ခန့် ပြန်ဆို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ အမည်ရင်းမှာ ဦးခင်မောင်စိုး ဖြစ်သည်။ ၃၄၉၊ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ) ရပ်ကွက်တွင် နေထိုင်လျက် ရှိသည်။

မောင်ပေါ်ထွန်း ရေးသား ခဲ့ပြုစုခဲ့သော စာအုပ်များ

  1. ကန္တာရ စမ်းရေအိုင်
  2. ကမ္ဘာ့ရန်
  3. ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး
  4. ကျားဘမ်း သူဌေးကြီး၏ စီးပွားရေး စွန့်စားခန်းများ
  5. ကျေရာကျေကြောင်း
  6. ကျွန်မချစ်တဲ့ ဆူကာနို
  7. ခေတ်သစ် ရောင်းဝယ်ရေးဗျူဟာ
  8. ငွေရှာနည်း ငွေသုံးနည်း
  9. စာနယ်ဇင်းဟူသည်
  10. စာအုပ်ဟူသည်
  11. စီးပွားရေး လုပ်ငန်းခေါင်းဆောင်တို့ လမ်းစဉ်
  12. စီးပွားရေး လုပ်ငန်းဆက်ဆံရေး ကျင့်ဝတ်များ
  13. စံပြ ခေါင်းဆောင်မှု
  14. စံပြ အရောင်းသမား
  15. နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေး
  16. ပီဒိုချီယို၏ စွန့်စားခန်းများ
  17. ပင်တဂွန်
  18. မဟာဒီလှိုင်း
  19. မာယာ
  20. မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ
  21. ယက်ဖ်တူရှင်ကို
  22. လုပ်ငန်းအောင်မြင်ခြင်း လျှို့ဝှက်ချက်များ
  23. ဟားဗတ်စီးပွားရေး တက္ကသိုလ်တွင် မသင်ခဲ့ရသမျှ
  24. အကြီးအကဲ
  25. အဆင့်မြင့် အောင်မြင်သူတို့၏ အလေ့အထများ
  26. အမြန်ဆုံး သူဌေးဖြစ်နည်း
  27. အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်စာ သဒ္ဒါကျမ်း 

ကိုးကား

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com