Engineering မှတ်စုများ

မြန်မာ လိင်အမျိုးသမီးများ အဖမ်းခံရခြင်း In sex Myanmar Female in Yanaung Sexy Girl

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသော မြန်မာ မိန်းကလေး ၃၀ ခန့်ကို ထိုင်းအာဏာ ပိုင်များက စီမံချက်ဖြင့် ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ သည်။

ယမန်နေ့ညနေပိုင်းက ရနောင်းမြို့(၃)လမ်းတွင် အခန်းများငှါးကာ အဆက်အသွယ်များဖြင့် ပြည့်တန်ဆာ အလုပ် လုပ်ကိုင်နေကြသော ယင်းမိန်းကလေးများကို နယ်မြေလုံခြုံရေး တပ်က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ရနောင်းမြို့ ရှိ World Vision အဖွဲ့ မှ ၀န်ထမ်းတဦးက ပြောသည်။

“မနေ့ က ၀င်ဖမ်းတာ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်တွေက တံခါးတွေဘာတွေကို ချိုးပြီးဝင်တာ၊ ဒီနေ့ လည်း ထပ်ဖမ်း သေးတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်၊

ယခုအဖမ်းခံရသူများသည် အသက် (၁ရ)နှစ်နှင့် (၂၄)နှစ် ကြားရှိ မိန်းကလေးများ ဖြစ်ပြီး ရန်ကုန်နှင့် မော်လမြိုင် မြို့များဘက်မှ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို နယ်မြေခံ စစ်တပ်အတွင်း၌ ထိန်းသိမ်း ထားသည်ဟုလည်း ဆိုသည်။

ရနောင်းမြို့မှ ကျောင်းဆရာ ဦးစိုးကလည်း“ရနောင်းမှာ ဆွိုင်ဆမ်(၃လမ်း) ဆိုတာ ကိုယ်နဲ့ ရင်းပြီးလုပ်စားနေတဲ့ သူတွေ ကျက်စားတဲ့နေရာပါ၊ မနေ့ကတော့ အဲဒီမှာ မြန်မာ မိန်းကလေးတွေ အဖမ်းခံကြရတယ်၊ ထိုင်းတီဗွီမှာ လည်း ကြေညာသွားတယ်”ဟု ပြောသည်။

ယခုမြန်မာမိန်းကလေးများသည် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်မှ လူပွဲစားများ၏ ဝင်ငွေ များစွာ ရရှိမည်ဟု မက်လုံးပေး ဆွဲဆောင်မှုဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အလားတူ မိန်းကလေး ၃၉ ဦး အဖမ်းအဆီးခံခဲ့ရသေးသည်။

မြန်မာနှင့် ထိုင်းအစိုးရတို့သည် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို အဆိုပါ ဧပြီလ အတွင်းက ရေးထိုးထားပြီး ဖြစ်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com