" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လူ့ အခွင့်အရေးလား ကုလားအရေးလား ၂

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၇) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
အပိုင်း (၈) မစခင် သုံးသပ်မိတာလေးတွေကို ဦးစွာတင်ပြချင်ပါတယ်။ UN အနေနဲ့ ဒေသခံရခိုင်တွေနဲ့ ဥပဒေအရ နေခွင့်ရနေသူ ဘင်္ဂလီတွေရဲ့ သဟဇာတဖြစ်ရေးကို လုပ်မလား၊ ဒါမှမဟုတ် ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး တတိယနိုင်ငံ (သို့မဟုတ်) တအားချစ်နေကြတဲ့ မူဆလင်နိုင်ငံတွေကို ပို့ပေးမလား၊ ဒါမှမဟုတ် ဘင်္ဂလီတွေ ခိုးဝင်ချင်သလောက်ဝင် မွေးချင်သလောက်မွေး UNHCR ကလည်း ဘူးသီးတောင်၊ မောင်တောမှာ တစ်သက်လုံး အခြေချပြီး ထောက်ပံ့ကျွေးမွေး၊ ဒီလို အကြံအစည်များ ရှိပါသလား ဆိုတာကို ဝေဖန် သုံးသပ်နေမိပါတယ်။ ဗြိတိန်ကလည်း ရခိုင်နယ်စပ်အရေးကို စိုးရိမ်ပူပန်ကြောင်း အကူအညီပေးလိုကြောင်း ပြောလာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ဗြိတိန်နိုင်ငံက တချို့အသံလွှင့်ဌာနရဲ့ မီဒီယာစည်းကမ်းမစောင့် လူ့စည်းကမ်းနဲ့ ကိုယ်ကျင့်တရားကို မစောင့်စည်းပဲ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော် သွေးထိုးပေးနေတာမျိုး နိုင်ငံနဲ့ လူမျိုးစုတစ်ခုလုံးအပေါ်ကို စော်ကားခဲ့တာမျိုးတွေကို အရင် အရေးယူဆောင်ရွက်ပေးရင် ပိုပြီး ဝမ်းသာစရာကောင်းမယ်လို့ သုံးသပ်မိပါတယ်။
သမ္မတဦးသိန်းစိန် (ယာ) နှင့် ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း (ဝဲ) (ဓါတ်ပုံ - VOA)
အသံလွှင့်ဌာနတွေ အနေနဲ့ ယခင်ကတည်းက အသံလွှင့်ပေါ်လစီလည်း မထိခိုက်အောင် အမှန်တရားကိုလည်း ဖေါ်ထုတ်ရာရောက်အောင် သတင်းအဖြစ်လည်း တင်နိုင်အောင် အမိမြန်မာပြည်အတွက်လည်း တနည်းတဖုံ အကျိုးဖြစ်အောင် နိုင်ငံတကာမှာ သတင်းအမှားတွေကို ဓါတ်ပုံအမှားတွေထည့်ပြီး သွေးထိုးလှုံ့ဆော်နေကြတာတွေကို သတင်းတစ်ခုအဖြစ် တင်ဆက်ခဲ့ရင် မြန်မာပရိသတ်က ဝမ်းပန်းတသာ ကြိုဆိုကြမှာပါ။ သမ္မတဦးသိန်းစိန်အနေနဲ့ VOA နဲ့ တစ်ဦးချင်း အင်တာဗျူးပေးတာဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေသလိုပါပဲ။ ဖြစ်သင့်ခဲ့တာက ပြဿနာတွေ စဖြစ်ကတည်းက သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပေးသင့်တာပါ။ ကြိုတင်ပြီး Preemptive မလုပ်နိုင် မပြင်ဆင်နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာကင်တာနား၊ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ အိုစီအိုင်ကိုတောင် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ လေ့လာတယ်ဆိုတဲ့ စကားထက် လာရောက် စစ်ဆေးကြည့်ရှုတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးတောင် အသုံးခံခဲ့ကြရတယ်။ အခုအချိန်မှာတော့ Diplomacy အရ မဖြစ်မနေ ဒီနည်းကိုပဲ ရွေးရတော့မှာပါ။ အကူအညီတွေပေးတာကို လက်သင့်ခံတာနဲ့ ကူညီမူနည်းလမ်းပိုင်းတွေမှာ အစိုးရရဲ့ကြီးကြပ်မူအောက် ကိုင်တွယ်မှုအောက်မှာပဲ ရှိသင့်ပါတယ်။ ဒုက္ခသည် အားလုံးအတွက် ရည်ရွယ်တဲ့ ကူညီထောက်ပံ့မှုမျိုးမှလည်း လက်ခံသင့်ပါတယ်။ နောက်ထပ်ပြီး ဒီရခိုင်နယ်စပ်ဒေသမှာ အဲဒီအစိုးရအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထပ်ဝင်လာရင် နယ်စပ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အခက်အခဲတွေ ပိုကြုံတွေ့လာနိုင်ပါတယ်။
Diplomacy အရ လုပ်ကြမှာဖြစ်ပေမယ့် အကျိုးနဲ့အပြစ် ဝေဖန်ကြည့်ရင် အပြစ်ကလည်း များပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘင်္ဂလီတွေဟာ တို့နောက်မှာ ကုလရှိတယ်။ မူဆလင်နိုင်ငံတွေရှိတယ်။ တို့ကို မြန်မာအစိုးရ မထိရဲဘူးဆိုတဲ့ စိတ်သဘောထားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပိုမို အတင့်ရဲလာနိုင်ပါတယ်။ ပြည်တွင်းရေးကိစ္စသာ ဖြစ်တယ်ဆိုတဲ့ သမ္မတရဲ့သဘောထားကိုတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားသင့်ပါတယ်။ မြန်မာနဲ့နိုင်ငံတကာ လှုပ်ရှားမှု ယှဉ်ပြိုင်နေရတဲ့ အနေအထားမှာ လာရောက်ထိတွေ့မှ တုန့်ပြန်နေတာထက် မြန်မာနိုင်ငံဘက်က ဦးဆောင်ပြီး ပြေုးနိုင်ဖို့ လိုကြောင်းလည်း သုံးသပ်မိပါတယ်။
ဘင်္ဂလီတွေဘက်ကလည်း အရှုံးမရှိတဲ့အလုပ်ကို လုပ်နေကြတာပါ။ မြန်မာပြည်တွင်းမှာ စိတ်တိုင်းကျနေနိုင်မလား တတိယနိုင်ငံပို့မလား ဘယ်လိုမှ အရှုံးမရှိတဲ့ အခြေအနေကို ဖန်တီးနေခဲ့ကြတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုတာနဲ့ အချိန်ကိုက် လက်ဦးမှုယူပြီး အခွင့်အရေးကို ဖန်တီးလိုက်တဲ့ အကြမ်းဖက် အဖွဲ့တွေနဲ့ဆက်နွယ်နေတဲ့ ဘင်္ဂလီအခွင့်အရေးသမားတွေရဲ့ လှုပ်ရှားမှုက ရောယှက် ပါဝင်လာတာပါ။ ယခု ပြဿနာဖြစ်မလာလည်း ဒီအခွင့်အလမ်းမျိုးကို ဖန်တီးဖို့ ကြံစည်ထားပြီးသား ဆိုတာကိုလည်း အားလုံးသဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလီတွေဘက်က ဆောင်ရွက်သမျှဟာ ဘင်္ဂလီအခွင့်အရေးအတွက်ပဲ ဖြစ်နေမှာပဲ ဆိုတာကို သုံးသပ်မိကြောင်းပါ။
Jamaat-e-Islami ၏ အကြီးအကဲ မဟာမက် ဟူစိန် မဟန်တီ
ဆောင်းပါးကို ဆက်ပါရစေ။ ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလားဆိုတော့ ဘင်္ဂလီတွေဟာ လူမဟုတ်လို့လားလို့ မေးခွန်းရှိလာနိုင်ပါတယ်။ လူသားဖြစ်နေတဲ့အတွက် လူပါပဲ။ ဒါဆိုရင် လူ့အခွင့်အရေးကို အခြေခံအားဖြင့် ရသင့်ပါတယ်လို့ စောဒကတက်ချင်ကောင်း တက်နိုင်ပါတယ်။ လူဆိုတာဟာ လူရယ်လို့ဖြစ်လာရုံနဲ့ လူလို့ပြောလို့မရသေးပါဘူး။ လူတွေရဲ့စောင့်စည်းအပ်တဲ့ လူကျင့်ဝတ်တရားတွေ အကျင့်စာရိတ္တတွေ လူ့စည်းကမ်းတွေနဲ့ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေတွေကို စောင့်ထိန်းကြပါမှ လူပီသမှ လူလို့ သတ်မှတ်ရပါမယ်။ လူဆိုပြီး လူ့အခြေခံအခွင့်အရေးကိုတော့ အပြည့်အဝခံစားချင်ပေမယ့် လူတစ်ယောက်အနေနဲ့ မိမိပတ်ဝန်းကျင်နဲ့ အခြားလူသားများအပေါ်၊ နိုင်ငံအပေါ် ပေးဆပ်ရမယ့် တာဝန်ဝတ္တရားတွေ နားလည်မူပေးရမယ့် သိတတ်နားလည်မူတွေနဲ့ အခြားသူများရဲ့ ရရှိခံစားရမယ့် အခွင့်အရေးများအပေါ်ကို မသိတတ် နားမလည်တတ်ရင်တော့ လူမဟုတ်တဲ့လူပဲ ဖြစ်ပါလိမ့်မယ်။
လူ့အခွင့်အရေးကြေညာစာတမ်း( universal declaration of human rights ) မှာလည်း အပိုဒ် (၂၉) တွင် အခြားသူများ၏ လွတ်လပ်ခွင့်ကို မထိပါးဖို့ ကိုယ်ကျင့်တရားနှင့် ဥပဒေကို လေးစားလိုက်နာဖို့ သဘောထားကို ပြဌာန်းပေးထားတဲ့အပြင် အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်၎င်း အခြေခံမူများနှင့်၎င်း ဆန့်ကျင်မသုံးစွဲရဆိုပြီး ကန့်သတ် တားမြစ်ထားပြီးလည်း ဖြစ်ပါတယ်။ တကယ်တော့ ဘင်္ဂလီတွေဟာ လူ့အခွင့်အရေးဆိုတဲ့ ကာဗာကိုယူပြီး သူတို့အခွင့်အရေးအတွက် လှုပ်ရှားနေခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့တရားဥပဒေနဲ့ ဒေသခံရခိုင်လူမျိုးများရဲ့ အခွင့်အရေးတွေကို ရာဇဝတ်မှုမြောက် ကြိုတင်ကြံစည်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများဖြင့် ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလီ ဘာသာရေး အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ Jamaat-e-Islami က ရိုဟင်ဂျာတွေကို လက်နက်တွေ တပ်ဆင်ပေးနေပြီး မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mrs, Dipu Moni ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီသတင်းကို ဘင်္ဂလားဒေ့ရှ်တီိဗွီသတင်း Bangla News 24 မှာ အမြဲလွှင့်နေပါတယ်။
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၉) ကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဆက်လက် တင်ဆက်ပေးသွားပါမည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...