" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လူ့ အခွင့်အရေးလား ကုလားအရေးလား

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘင်္ဂလီအရေးလား လူ့အခွင့်အရေးလား - အပိုင်း (၈) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်။
လူ့အခွင့်အရေး ကြေညာချက်ဆိုတာ အခြေခံအားဖြင့် လူသားတိုင်းနဲ့ အကျုံးဝင်ပေမယ့် စင်စစ်တော့ လူသားတွေကို စစ်ဘေးစစ်ဒဏ်သင့်မှုက ကာကွယ်ပေးနိုင်ဖို့နဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး ( Civil rights ) နဲ့ နိုင်ငံရေးအခွင့်အရေး (Political rights) များရရှိနိုင်ဖို့သာ ဖြစ်ပါတယ်။ သူတို့ရဲ့မူလနိုင်ငံမှာ စစ်ဘေးစစ်ဒဏ် သင့်ခြင်းကြောင့်ဖြစ်ဖြစ် အသက်အန္တရာယ် အပေးခံရမှာ စိုးရိမ် ကြောင့်ကြရခြင်းကြောင့်ပဲဖြစ်ဖြစ် သူတပါးနိုင်ငံထဲကို ထွက်ပြေးလာတဲ့ တကယ့်ဘေးဒဏ်သင့် ဒုက္ခသည်များ မဟုတ်ပဲ ခိုးဝင်လာတဲ့သူများဖြစ်ခြင်း၊ မြန်မာနိုင်ငံရဲ့ နိုင်ငံသားများ မဟုတ်ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ လူဝင်မူကြီးကြပ်ရေးဥပဒေနဲ့ အခြားဥပဒေတွေကို လူ့အခွင့်အရေးဆိုတဲ့ စကားရပ်နဲ့ အကာအကွယ်လုပ်ယူလို့ မရပါဘူး။ ဒီလို ဒုက္ခသည်တွေ မဟုတ်ဘူးဆိုတာကိုလည်း မဟာမင်းကြီးဆိုသူက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း နရပရ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ဘင်္ဂလီ ဒုက္ခသည်များ ဆန္ဒပြနေပုံ
တနည်းအားဖြင့် နယ်စပ်က တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသူတွေ ဆိုတာကို အသိအမှတ်ပြုတဲ့ သဘောပါ။ လူ့အခွင့်အရေးဆိုတာကို အခွင့်အရေးသမားများ အနေနဲ့ အကာအကွယ် လုပ်ယူလို့ ရစတမ်းဆိုရင် ကုလသမဂ္ဂအနေနဲ့လည်း မျက်ကွယ်ပြုထားခဲ့ရင် နိုင်ငံတိုင်းအတွက် ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဥပမာ စီးပွားရေးအတွက် ဘင်္ဂလားဒေ့ရှ်က လူပွဲစားတွေက လူကုန်ကူးပြီး လှေနဲ့ခေါ်သွားတယ်။ ထိုင်းရေပိုင်နက်ထဲကို ရောက်သွားတယ်။ ဘင်္ဂလားနိုင်ငံသားတွေကလည်း ဒုက္ခသည်ရိုဟင်ဂျာပါဆိုပြီး အသံပေးပါတယ်။ ရိုဟင်ဂျာဆိုတာနဲ့ လူကုန်ကူးတယ်ဆိုတဲ့ ခေါင်းစဉ်က ထင်သာမြင်သာရှိပေမယ့် ပျောက်သွားခဲ့ပါတယ်။ ဒါဆို ထိုင်းက တာဝန်ယူရပါလိမ့်မယ်။ လှေကိုစက်ဖြုတ်ပြီး ပင်လယ်ထဲပြန်လွှတ်တယ်ဆိုရင် လူ့အခွင့်အရေးအရ ကုလသမဂ္ဂအနေနဲ့ လိုအပ်သလို ဆောင်ရွက်ပြီးဖြစ်ရပါမယ်။ ဒါမှမဟုတ် သူတို့ဟာ နိုင်ငံတစ်ခုခုရောက်သွားမယ်။ အဲဒီနိုင်ငံက တာဝန်ယူရပါလိမ့်မယ်။ ဒါမျိုးဟာ ဖြစ်သင့် မဖြစ်သင့်ကိုလည်း စဉ်းစားဖို့လိုပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ စကားကို အကာအကွယ်လုပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် ကစားနေကြသူတွေဟာ အခြားနိုင်ငံများအတွက် စိုးရိမ်စရာ အန္တရာယ်တစ်ခု ဖြစ်နေတာကိုလည်း သုံးသပ်ဖို့လိုပါတယ်။ ဒါကို လူ့အခွင့်အရေးဆိုပြီး ကုလသမဂ္ဂအနေနဲ့ ဝိတ်သုံးပြီး ဝင်စွက်ဖက်ဖို့ မသင့်ပါဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ တရားဥပဒေနဲ့ လုပ်ပိုင်ခွင့်ပါ။ ဒီလိုမှ မဟုတ်ရင် နိုင်ငံတိုင်းမှာ မိမိနိုင်ငံကို တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်လာမှုကို ကာကွယ်တဲ့ လူဝင်မူကြီးကြပ်ရေး တရားဥပဒေဟာ အဓိပ္ပါယ်မဲ့သွားမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတဲ့ စကားကို အသေကပ်ပြီး ပြောကြမယ်ဆိုရင် ဥပမာ ဘင်္ဂလားဒေ့ရှ်ကို နယ်စပ်က အရေးအခင်းကြောင့် အန္တရာယ်စိုးရိမ်လို့ မိန်းမနဲ့ကလေးတွေပါတဲ့ စက်လှေဝင်ကပ်တယ်။ အကပ်မခံပဲ ပြန်မောင်းလွှတ်တယ်။ ဒါမျိုးတွေကို အရင် အောင်မြင်အောင် ဆောင်ရွက်သင့်ပါတယ်။ ဆော်ဒီမှာ လူသူအကြား ခေါင်းဖြတ်အပြစ်ပေးတာမျိုး စကာင်္ပူမှာ ကြိမ်ဒဏ်ပေးတာမျိုး စသည်ဖြင့် အမျိုးမျိုးသော ကိစ္စရပ်တွေကို လူ့အခွင့်အရေးဆိုတာနဲ့ ကိုင်တွယ်ပြုပြင် နိုင်ခဲ့ပြီးလည်း ဖြစ်သင့်ပါတယ်။
ဒီလိုမဟုတ်ပဲ မြန်မာနိုင်ငံထဲ ခိုးဝင်ပြီးတဲ့အပြင် ရာဇဝတ်မှု ကျူးလွန်နေတဲ့သူတွေကိုမှ လူ့အခွင့်အရေးဆိုတဲ့ စကားနဲ့ အတင်းတွယ်ကပ်နေတာဟာ ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် မတရား အကျဉ်းအကျပ်ဖြစ်စေအောင် လုပ်တာလို့ပဲ ယူဆရပါတယ်။ ကုလသမဂ္ဂအနေနဲ့ တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်ဖို့ လိုသလို နိုင်ငံတကာဆိုင်ရာ တရားဥပဒေတွေကို မမှန်မကန် အသုံးမချသင့်ပါဘူး။ ဒါ့အပြင် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဟာ သမိုင်းကြောင်းအတုလုပ်ပြီး နိုင်ငံသားလုပ်ဖို့ ကြံစည်တဲ့ ရာဇဝတ်မှုအပြင် နယ်မြေဒေသသိမ်းပိုက်ရေး မူဆလင်ဒေသ ထူထောင်ရေး စတဲ့ရည်ရွယ်ချက်များနဲ့ အကြိမ်ကြိမ် ရာဇဝတ်မှု ကျူးလွန်ထားသူများ ဖြစ်နေပါတယ်။ အထောက်အထားများစွာလည်း သက်သေရှိနေပြီးသား ဖြစ်ပါတယ်။ သူတို့တတွေဟာ ဒေသခံရခိုင်လူမျိုးများရဲ့ အခွင့်အရေးများကိုလည်း မလေးစားခဲ့တဲ့အပြင် ဒုတ်ဒါးလက်နက်များ ကိုင်ဆောင်ပြီး လူစုလူဝေးနဲ့ သတ်ဖြတ်မူတွေကို ကျူးလွန်ခဲ့ကြပါတယ်။ လက်နက်ခဲယမ်းများကို ကျောက်လှိုဏ်ဂူတစ်ခုအတွင်း သိုဝှက်ပြီး နိုင်ငံတော်ရဲ့ တရားဥပဒေကို ဖေါက်ဖျက်ကာ ပုန်ကန်ဖို့အထိလည်း ကြံစည်ခဲ့ဖူးပါတယ်။
ယခုလည်း ရသေ့တောင်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ စက်လှေနဲ့ ဝင်ရောက်ပြီး ကင်းစခန်းတွေကို ပစ်ခတ်မှုပြုတာတွေ၊ ဘင်္ဂလီတွေက လူအုပ်နဲ့ဝိုင်းလို့ ရဲတောင်မှ ဆိုင်ကယ်ပစ်ပြီး ပြေးရတာတွေ၊ ဒေသခံရခိုင်တွေကို ရန်စခြင်း၊ အကြမ်းဖက်ဖို့ လုပ်ခြင်းတွေ ရှိနေဆဲပါပဲ။ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့လည်း ဆက်နွယ်လျက်ရှိတာကို သက်သေ သာဓကများနဲ့တကွ တွေ့ရှိနေကြတာကိုလည်း ကုလမှတာဝန်ရှိသူများ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်ပိုင်ခွင့် လုံးဝရှိပါတယ်။
ဘူးသီးတောင် မောင်တောနယ်စပ်က ဘင်္ဂလီတွေဟာ နေထိုင်ခွင့် ပေးထားသူရှိသလို ခိုးဝင်လာတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် နေထိုင်ခွင့်ရထားသူရော ခိုးဝင်လာသူရော သူတို့အားလုံးဟာ လူ့အခြေခံအခွင့်အရေး ရရှိနေကြတာကိုတော့ UNHCR ကြီးလည်း မငြင်းနိုင်ပါဘူး.။ သူတို့တတွေဟာ UNHCR, NGO တွေဆီကနေပြီး ရပ်ရွာဖွံ့ဖြိုးရေးတွေ စားနပ်ရိက္ခာ အကူအညီတွေကို ဒေသခံရခိုင်တွေ ၁% မှာ ၉၉ % ကို ရယူခံစားနိုင်ကြတယ်။ အဲဒီရိက္ခာစွမ်းအားနဲ့ ဘာသာရေး ဘန်းပြပြီး ဘင်္ဂလီယောင်္ကျားတစ်ယောက်ဟာ မိန်းမလေးယောက်ယူတယ်။ တစ်အိမ်တည်းမှာ ပြွတ်သိပ်ထားပြီး တစ်ဦးကို (ကလေးတွေအပါအဝင်) ဆန်နို့ဆီဗူးတစ်လုံး ကိုယ်တာ (quota) ပြန်ခွဲပေးထားတယ်။ ကလေးတွေကို ထွက်နိုင်သလောက် မွေးတယ်။ ဘာအတားအဆီးမှ မရှိဘူး။ ကိုယ်စားလှယ်တော်ကြီးများကလည်း ဒီအတွက် ဘာအစီအစဉ်မှ မရှိဘူး။ ထပ်ပြီး ထောက်ပံ့မယ့် အစီအစဉ်တော့ရှိတယ်။ သူတို့တတွေဟာ သူတို့ရွာတွေမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ကြတယ်။ အာရေဗျဘာသာ စကားသင်ကျောင်းတွေ ဗလီတွေနဲ့ ကောင်းကောင်း ဘာသာရေး လုပ်နိုင်ကြတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေတောင် တရားဟောတာ ပိတ်ပင်ခံရတာရှိပေမယ့် သူတို့မော်လဝီတွေ ရွာစဉ်လှည့်နိုင်ကြတယ်။ စီးပွားရေးကိုလည်း ကောင်းကောင်းလုပ်နိုင်လို့ သူဌေးတွေလည်း ဖြစ်နေကြတယ်။ ဒေသခံရခိုင်ရွာတွေထက် စည်ကားတိုးတက်ကြတယ်။ နိုင်ငံသားမဟုတ်ပဲ ခိုးဝင်လာပြီးတောင် အဲဒီလို အခွင့်အရေးတွေ ရနေတာကို လူ့အခွင့်အရေး အခြေခံမရှိဘူးလို့ ငြင်းမယ်ဆိုရင် ထပ်ရှင်းပြစရာ များစွာရှိပါတယ်။
အခုဆိုရင် လွှတ်တော်ထဲမှာ ရောက်နေတာကိုတောင် အံ့သြစရာ တွေ့နေရပါတယ်။

အဲဒီတော့ ဘင်္ဂလီတွေဘက်မှ UNHCR, NGO ဝန်ထမ်းတချို့တို့က ဝိုင်းဝန်းကူညီ လုပ်ဆောင်နေတယ် ဆိုတာဟာ လူ့အခွင့်အရေးဆိုတာထက် ဘင်္ဂလီအရေးကို ဦးစားပေးနေကြတာပဲ မဟုတ်ပါလား။
UN အနေနဲ့ ယခု မြန်မာပြည်တွင်းရေးကိစ္စမှာ လိုအပ်တာထက် ပိုပြီး လှုပ်ရှားမူ လျင်မြန်နေတာကို တွေ့ရပါတယ်။ တိုင်းရင်းသားနယ်မြေတွေက တိုက်ပွဲတွေ ၈၈ အရေးအခင်း၊ ရွှေဝါရောင်အရေးအခင်းမျိုးတွေမှာ Delay action လုပ်နေသလောက် ဘင်္ဂလီအရေးမှာတော့ Supersonic action ဖြစ်နေတာလည်း မြန်မာနိုင်ငံသားများအတွက် စိတ်မသက်သာစရာပါပဲ။ ကုလသမဂ္ဂကြီးအနေနဲ့ တကယ်တော့ ဒီနယ်မြေမှာ ဘင်္ဂလီတွေ တိုးပွားလာသလောက် ခိုးဝင်လာသလောက်ကို ကူညီစောင့်ရှောက်နေမယ့်အစား ဘင်္ဂလီတွေ ဆူပူသောင်းကျန်းမှုကို အားပေးမယ့်အစား မြန်မာနိုင်ငံရဲ့ ဥပဒေဘောင်တွင်းမှ နေထိုင်ခွင့်ရှိသူများကိုသာ ဒေသခံရခိုင်များနဲ့ သဟဇာတဖြစ်ရေး အစီအစဉ်ကို ပိုလုပ်ပေးသင့်ခဲ့ပါတယ်။ ဒေသခံ ရခိုင်လူမျိုးများကိုလည်း တန်းတူရည်တူ ကူညီ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဘင်္ဂလီဒုက္ခသည်ပါလို့ ပြောချင်ရင်တော့ ဒုက္ခသည်ပုံစံအတိုင်း ဒုက္ခသည်စခန်းများဆောက်ပေးပြီး စခန်းသွင်းခြင်း၊ တတိယနိုင်ငံများ အထူးသဖြင့် မူဆလင်နိုင်ငံများသို့ ပို့ဆောင်ပေးခြင်းတို့ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘင်္ဂလီများအနေနဲ့ လုံးဝ ငြင်းပယ်မှာ မဟုတ်တဲ့ အစီအစဉ်ပါ။ ဒုက္ခသည်များလို့ မမြင်ရင်လည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေကို လေးစားပေးရမှာ ဖြစ်ပါတယ်။
အပိုင်း (၁၀) နိဂုံးပိုင်းကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ ဆက်လက် တင်ပြသွားပါမယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...