" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စိတ်ပညာရပ် ညှို့ဓာတ်ပွါးအောင် လုပ်နည်း Well Power Study

မျက်စိတန်ခိုးတိုးအောင်ပြုလုပ်ပေးခြင်း ၊ မေတ္တာပို့ သခြင်း ၊မေတ္တာပွားများခြင်း ၊
စိတ်ကောင်းစိတ်မြတ်များထားရှိခြင်းများ ပြုလုပ်ပေးလျှင်ထိုသူအား ကျားမ ၊လူကြီး လူငယ်မရွေး ချစ်ခင်မြတ်နိုးကြ၏။ထိုကဲ့သို့ ချစ်မြတ်နိုးမှုကိုခံရလေ ၊မိမိမှာ ညှို့ ဓါတ်တိုးပွားလေဖြစ်သည်။
ထိုအခါတွင် မိမိက အခြားသူတစ်ဦးဦးအား ကာမစိတ် (၀ါ)တစ်ထောင့်ငါးရာ ကိလေသာစိတ်ဖြင့်မချစ်
မိအောင်တတ်နိုင်သမျှ ရှောင်ကြဉ်ရမည်ဖြစ်၏။
ညှို့ ဓါတ်တိုးနေသူသည် ကာမစိတ် ၊ထောင့်ငါးရာစိတ်စသော စိတ်ဆိုး စိတ်ညံ့များဝင်လာ
လျှင် ညှို့ ဓါတ်များပျောက်ပယ်သွားကာ မိမိအားချစ်ခင်သူများ လျော့ပါးယုတ်လျော့သွားတတ်၏။
သာဓကကား …  အငြိမ့်မင်းသမီးများ ၊ဇာတ်လိုက်မင်းသမီးများကို အများက ၀ိုင်းအုံချစ်ခင်ကြခြင်း၏
အကြောင်းရင်းကာ သီဆိုကပြမှုတွင်သာ အာရုံစူးစိုက်ကာတစ်ခုတည်းသော လုပ်ငန်းတာဝန်ကိုသာ
စွဲမြဲအားထုတ်နေမှုကြောင့် မင်းသမီးများမှာလည်း ညှို့ ဓါတ်တိုးပွားကြလေ၏။
မင်းသမီးများသည် အများ၏ချစ်ခင်ခြင်းခံရသည်ဟုဆိုရာတွင်ထိုမင်းသမီး၏အဆို
အကကောင်းမှု ၊ရုပ်ချောမှုကြောင့်ချစ်ကြသည်ဟုတစ်ထစ်ချမဆိုနိုင်ပေ။မင်းသမီးအများရှိကြသည့်
အနက်ပို၍ချောသော မင်းသမီးကို ပရိသတ်ကမစွဲဘဲ ရုပ်သင့်ရုံမင်းသမီးကိုစွဲကြသည်လည်းရှိ၏။
အဆိုအကမကောင်းပါဘဲလျက် အသဲစွဲဖြစ်နေကြသော မင်းသမီးများလည်းရှိ၏။ထိုသို့ ဖြစ်ရခြင်းမှာ
အထက်ပါဖော်ပြသော ညှို့ ဓါတ်၏အစွမ်းကြောင့်ဖြစ်လေ၏။
ဥပမာ – ကွယ်လွန်သူ ဇာတ်လိုက်မင်းသား ဦးဖိုးစိန် ငယ်စဉ်အခါက ရုပ်ကလည်း
ချော၏။အဆိုအကလည်းကောင်း၏။အပြောအဆိုကလည်းပိုင်နိုင်၏။လူအများအထင်ကြီးအောင်လည်း
စွမ်းဆောင်တတ်၏။ထို့ ကြောင့် ပရိသတ်အပေါင်းတို့ က အထူးချစ်ခင်စွဲမက်ကြရာထိုကဲ့သို့ ဦးဖိုးစိန်
ကြီး အချစ်ခံရ ၊အစွဲခံရ ၊မက်မောခံရခြင်းမှာ မိမိ၏ ကပြဖျော်ဖြေမှုတွင်သာ အာရုံစူးစိုက်ထားသော
ကြောင့် ညှို့ ဓါတ်တိုးသည်ထက်တိုးကာအများက ချစ်ခင်စွဲလန်းကြခြင်းဖြစ်၏။
ထို့ အတူ မိန်းမပျိုများ ၊ယောင်္ကျားပျိုများမှာလည်းအထက်တွင်းဖော်ပြခဲ့သည် ညှို့ 
ဓါတ်တိုးပွားနည်းများကို လေ့ကျင့်ပေးမှုကြောင့်ဖြစ်စေ ၊ အများဝိုင်ဝန်းကာ ရိုးရိုးချစ် ၊ဆန်းဆန်းချစ်
ရုံဖြင့် ၀ိုင်းအုံချစ်ခင်ကြပါက အထူးသတိပြုရမည့်အချက်မှာ မိမိထိုထိုချစ်ခင်နေသူများအား မေတ္တာစစ်
၊မေတ္တာမှန်ဖြင့် ပြန်၍ချစ်ပြီး ထောင့်ငါးရာကိလေသာစိတ်ဖြင့်မချစ်မိစေရန် အထူးသတိထားရ လေ
သည်။ကိလေသာစိတ်ဖြင့်  တစ်ဦးဦးကိုဖြစ်စေ ၊အများကိုဖြစ်စေချစ်မိပါက မိမိ၏ညှို့ ဓါတ်များ လျော့
ပျောက်ပယ်သွားတတ်ပါသည်။
ဤတွင် မေးဖွယ်ရှိ၏။လူအများ၏ ချစ်ခင်မှုကိုခံကြရကုန်သော မိန်းမပျို,
ယောင်္ကျားပျိုတို့ သည်အများ၏ချစ်ခင်စွဲလန်းမှုကိုခံကာ မိမိက ထောင့်ငါးရာစိတ်ဖြင့်မချစ်ဘဲ တစ်
သက်လုံးနေရမည်လော။မသေမချင်းပင် အပျိုကြီး,လူပျိုကြီးဘ၀ဖြင့် အရိုးထုတ်ရတော့မည်လောဟု
မေးဖွယ်ရှိ၏။
ဤသို့ တစ်သက်ပတ်လုံး အပျိုကြီး,လူပျိုကြီးလုပ်ရမည်ကိုမဆိုလိုပါ။အိမ်
ထောင်ပြုလိုသူ မိန်းမပျို,ယောင်္ကျားပျိုတို့ သည် သင့်လျော်သူများနှင့်လက်ထပ်ထိမ်းမြှားနိုင်ပါသည်။
ကောင်းသည်ထက်ကောင်းသော ၊တင်းပြည့်ကျပ်ပြည့်ရှိသောလူကိုသာအိမ်ထောင်ဖက်အဖြစ်ရွေး
ချယ်ပေါင်းသင်းနိုင်ပါသည်။ထို့ ကဲ့ သို့ အကောင်းဆုံးအိမ်ထောင်ဖက်ကို ရွေးချယ်ကောက်နုတ်ယူနိုင်
ရန်အတွက်ကြောင့်ပင် မိမိအားချစ်ခင်စွဲလမ်းသူပေါများအောင် နည်းနိဿယည်းကို လေ့ကျင့်ဆောင်
ရွက်ပေးရမည်ဖြစ်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...