" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စိတ်ညှို့ ပညာ အဝေးရောက် မိတ်ဆွေများကို စိတ်ညှို့ နည်း Well Power Study

ယနေ့ တော့ စိတ်ပညာကိုလေ့လာလိုက်စားနေတဲ့ သူများအတွက် ပို့ စ်အသစ်ကိုတင်ဆက်ပေးပါမည်။အမှန်တကယ်အားဖြင့် စိတ်ပညာရှင်တစ်ယောက်၏ အဓိကအရေးကြီးဆုံးမှာ “စိတ်”ပင်ဖြစ်သည်။စိတ်ကိုနိုင်လျှင် အရာရာအောင်မြင်နိုင်ပါသည်။ကျွန်တော်သည်လည်း အမှန်စင်စစ်ပညာရှင်မဟုတ်ပါ။လေ့လာနေဆဲ လူတစ်ယောက်သာဖြစ်ပါသည်။
စိတ်ကြောင့်ပင် လူတွေဒုက္ခရောက်ကြသည်။ထို့ အတူစိတ်ကြောင့်ပင် သုခချမ်းသာရ၍ နိဗာန်သို့ တက်လှမ်းနိုင်သည်။ကျွန်တော်တို့ စိတ်ပညာလောကမှာ နှစ်မျိုးနှစ်စားရှိပါတယ်။
အဲဒါကတော့ “အဝေးညှို့ နည်း”နှင့် ”အနီးညှို့ နည်း”ဟူ၍ဖြစ်ပါသည်။ဒါက သာမန်မျှကျသောနည်းလမ်းသာဖြစ်သည်ဟုဆိုနိုင်သည်။ကျွန်တော်  အဝေးညှို့ နည်းဆိုတဲ့ “Tele Phiosophy”အကြောင်းကိုရှင်းပြချင်ပါတယ်။ဒီနည်းဟာ ယခုလက်ရှိ မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံများ ၊ အမေရိကန် ၊ တရုတ် ၊ ရုရှား နဲ့ ဂျပန်နိုင်ငံများရှိ စိတ်ပညာများ
အသုံးပြုနေကြသောနည်းဖြစ်သည်ဟုလေ့လာမှတ်သားရပါသည်။သာမန်အားဖြင့် အဝေးညှို့ သောလမ်းနည်းသည် ခက်မယောင်နှင့်လွယ် ၊ လွယ်မယောင်နှင့်ခက်သော နည်း
တစ်ခုသာဖြစ်သည်။သို့ သော် အခြေခံနည်းစနစ်ကျနစွာဆောင်ရွက်ပါက အထမြောက်အောင်မြင်ပါလိမ့်မည်။မိမိ အဝေးရှိညှို့ ယူမည့် သူသည် မိမိနှင့် ရင်းနှီးကျွမ်းဝင်ပြီးစကား
ပြောဖူးသူသာဖြစ်ရမည်။ထိုသူ၏ အရပ် ၊ မျက်နှာ ၊ အသံ နှင့် အမူအကျင့်များကိုပါ အသေးစိတ်မှတ်သားထားရမည်ဖြစ်သည်။
.
မိမိသည် ထိုသူအား စိတ်ပညာဖြင့် တစ်စုံတစ်ရာပြောကြားလိုသည့်အခါ ထိုနည်းကိုအသုံးပြူနိုင်သည်။ရှေးဦးစွာ ထိုသူ၏ ဓါတ်ပုံတစ်ပုံကို ရှိထားရမည်ဖြစ်ပါသည်။ထို့ နောက်တွင်
ညဘက် သန်းခေါင်ယံအချိန်၌ တိတ်ဆိတ်သော အခန်း (သို့ ) နေရာတွင် မတ်တပ်ထိုင်ခုံ၌ထိုင်၍ စားပွဲခုံပေါ်အား ဓါတ်ပုံတင်ကာထားရမည်။ စူးရှသော မျက်စိဖြင့် ယင်း ဓါတ်ပုံရှိ
လူ၏ပုံရိပ်အား ကြည့်ရှုရမည်ဖြစ်သည်။ကြည့်ရှုရာတွင် သာမန်မျှမကြည့်ဘဲ ထိုသူ၏ မျက်လုံးနှစ်လုံးကြား တည့်တည့်နေရာသို့ ကြည့်ရမည်။မိမိ မျက်လုံးသည် စူးရှထက်သန်ရမည်။
မိမိ မျက်စိသည် မစူးရှမထက်သန်ပါက ဘလော့ဂ်တစ်နေရာတွင်ဖော်ပြထားသော “ညှို့ မျက်လုံးကျင့်စဉ်” ကိုဖတ်၍လေ့ကျင့်နိုင်ပါသည်။
.
မိမိသည် ထိုဓါတ်ပုံအားကြည့်ရှု၍ စိတ်ထဲမှ – ” မောင် —– ဘယ်သူ။ကျွန်ုပ်၏ စိတ်စက်ကွင်း၌ မိနေပြီ။ ကျွနိုပ်ရှေ့ မှောက်တွင် သင်ရောက်ရှိနေပြီ ၊ သင် ကျွန်ုပ်၏ စကားကိုနားထောင်ပါ။ကျွန်ုပ်ခိုင်းသမျှပြုလုပ်ပေးပါစသည့်ဖြင့် ဆက်ဂျက်ရှင်းပေးရမည်။ထို့ နောက် မိမိအလိုရှိသမျှပြော၍စေခိုင်းနိုင်သည်။ စိတ်ထဲတွင် ထိုသူ အမှန်တစ်ကယ်
ပြုလုပ်သည်ဟုတွေးထင်ရမည်။စိတ်ကူးစူးရှထက်သန်လေ အောင်မြင်လေ ဖြစ်သည်။ထို့ နောက် ထိုသူအား မူလနေရာအတိုင်း ဓါတ်ပုံထဲသို့ ပြန်ရောက်သွားသည်ဟုတွေးထင်ရမည်။
သာမန်လူမျာအနေဖြင့် အဝေးညှို့ သောနည်းလမ်းသည် တစ်ကြိမ်တည်းဖြင့်မအောင်မြင်နိုင်ပါ။ထို့ ကြောင့် ဖန်ရေတလဲလဲ အခါခါလေ့ကျင့်နိုင်မှ အောင်မြင်မည်ဖြစ်သည်ဟုပြောကြား
ရင်း စေတနာကောင်းဖြင့် …….. ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...