" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စိတ်ပညာ သံလိုက်ဓာတ် Well Power Study

သံလိုက်ဓါတ်ဧ။် သဘောသဘာဝ
သံလိုက်ဓာတ်ဆိုသည်မှာ သံလိုက်ကျောက်တွင် သံကလေးများကို ဆွဲငင်နိုင်သော ဓာတ်ရှိသကဲ့သို့ လူတွင်လည်းအခြားသူများကို မိမိ၏အလိုသို့ ဆွဲငင် နိုင်သော ဓာတ်ရှိ၏။ ၎င်းဓာတ်ကို သံလိုက်ဓာတ် ဟုခေါ်ဆိုကြ၏။
ဤသံလိုက်ဓာတ် ဆိုသည်မှာ အခြားမဟုတ်။ လူတစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံ ကြုံကြိုက်သော အခါ တစ်ယောက်သောသူက တစ်ယောက်သူအား အလိုလို ရိုသေခန့်ညားခြင်း၊ ကြည်ညိုမြတ်နိုးခြင်း၊ ယုံကြည် အားကိုးခြင်း ၊ချစ်ခင်ကြင်နာခြင်း၊ အလိုသို့လိုက်လိုခြင်း စသည်တို့ကို ဖြစ်စေသော ဓာတ်ပင်တည်း။
ဤသံလိုက်ဓာတ်သည် ကျွန်ုပ်တို့ အများသိသော လျှပ်စစ်ဓာတ်နှင့် သဘာဝဓမ္မချင်းတူ၏။ လျှပ်စစ်ဓာတ်ကို ဓာတ်အိုးတွင် စုဆောင်းသိုလှောင်၍ အလိုရှိ တိုင်း အသုံးချနိုင်သကဲ့သို့ သံလိုက်ဓာတ်ကိုလည်း ကျွန်ုပ်တို့ ကိုယ်ခန္ဓာအိုးကြီးထဲတွင် မွေးမြူစုဆောင်းသိုလှောင်၍ အလိုရှိတိုင်း အသုံးချနိုင်၏။
လူတိုင်းသံလိုက်ဓာတ်ရှိသည်….
သံလိုက်ဓာတ်သည် လူတိုင်း၏ခန္ဓာကိုယ်တွင်ရှိ၏။ အချို့သူများမှာ များ၏။ အချို့မှာ နည်း၏။ အချို့သူများမှာ ပွင့်၏။ အချိုသူများမှာ ငုတ်၏။အချို့သူများမှာ သံလိုက်ဓာတ်ကိုအသုံးပြုမှန်းမသိ ပြု၍နေကြ၏။သံလိုက်ဓာတ်ကို
များများအသုံးချသော သူများသည် အစစအရာရာ၌ အထမြောက်အောင်မြင်၏။
ထိုသူများသည် ခေါင်းဆောင်လူကြီး များသာ ဖြစ်တတ်၏။ သံလိုက်ဓာတ်နည်းသောသူနှင့် အသုံးမချ တတ်သော သူများမှာ အထမမြောက်မအောင်မြင်သာများကြ၏။
မည်သည့်တိုင်းပြည် မည်သည့်လူမျိုး မဆို သြဇာတိက္ကမ ကြီးမားသော ခေါင်းဆောင်ကြီးများနှင့် အရာရာ၌ အောင်မြင် ထ မြောက်လေ့ရှိသောသူများ၌ ထူး ခြားသောအမူအရာများရှိ၏။
ထိုထူးခြားသောအမူအရာများကို စစ်ဆေးကြည့်ရှု ခြင်းဖြင့် ၎င်းတို့၏ ထမြောက်အောင်မြင်ခြင်း၏ အခြေခံဖြစ်သော သတ္တိထူးများကိုကောင်းမွန်စွာသိရှိရလေဧ။်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...