" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Suggestion Well Power စိတ်ပညာ

ဆပ်ဂျက်ရှင်းဆိုတဲ့ ဝေါဟာရကို အဘိဓာန်မှာ -  အကြံပြုတယ် ၊အကြံပေးတယ် လို့ ဆိုထားတယ်။အော်တို AUTO ဆိုတာက မိမိဘာသာ ၊ ကိုယ့်ကိုကိုယ်လို့ ဆိုလိုပါတယ်။အကြံပေး
တယ်ဆိုရင် အကြံပေးတဲ့သူနဲ့  အကြံအပေးခံရသူ နှစ်ဦးနှစ်ဖက်ရှိပါတယ်။ဒီဆာဂျက်ရှင်း ဆိုတဲ့စကားက ရေလဲအမျိုးမျိုးနဲ့ သုံးနိုင်တယ်။စိတ်ညှို့ ပညာမှာ စိတ်ကိုညှို့ ရာမှာလည်း ပြော
စရာရှိတာကို ပြောတာလည်းဆပ်ဂျက်ရှင်းလို့  ခေါ်တယ်။ဒီတော့ စိတ်ညှို့ ပညာမှာသုံးတဲ့ ဆပ်ဂျက်ရှင်းကို ညှို့ စကားပြောတယ်၊ ညှို့ ချက်သွင်းတယ်လို့ လည်းခေါ်နိုင်ပါတယ်။
ပထမဆုံး လန်းဆန်းတက်ကြွနေတဲ့စိတ်ကို ထုံထိုင်းငြီးငွေ့ သွားအောင်လုပ်ရာမှာလား ဆပ်ဂျက်ရှင်ကိုသုံးနိုင်တယ်။ ဥပမာ – အကြောတွေပြေလျော့သွားတော့ အိပ်ချင်သွားပြီး သိပ်အိပ်ချင်လာအောင် ဆက်ဂျက်ရှင်းလုပ်ပြီး မသိစိတ်ကိုပေါ်ပေါက်လာအောင်ပြုလုပ်နိုင်တယ်။ဆပ်ဂျက်ရှင်းကို သိစိတ်ပေါ်ပေါက်နေချိန်မှာ နည်းနည်းပဲ သုံးပြီး မသိစိတ်ပေါ်ပေါက်
ချိန်မှသာ အများဆုံးအသုံးရမှာဖြစ်ပါတယ်။ဥပမာ – မိမိသည် ပန်းနာရင်ကျပ်ရောဂါခံစားနေရပါက ဆက်ဂျက်ရှင်ကိုအသုံးပြုပြီး ငါသည်တစ်နေ့ တစ်ခြားကျန်းမာလာပြီ၊ ရောဂါများ
ယူပစ်သလိုသက်သာပျောက်ကင်းသွားသည်ဟုထင်မှတ်ရမည်။ထိုကဲ့ သို့ နေ့စဉ်ရက်ဆက်လုပ်ပေးပါက မိမိ၌ရှိသော ရောဂါဝေဒနာများထူးဆန်းအံ့ဘွယ်ပျောက်သွားပါလိမ့်မည်။
ဆက်ဂျင်ရှင်း သမိုင်းကြောင်းကို တစ်ချက်ပြန်လှန်ကြည့်မယ်ဆိုရင်  ဒီ ညှို့ စကားပြောတဲ့နည်းကို အီမလိကူးလ်ဆိုတဲ့ စိတ်ညှို့ ဆရာက တီထွင်ခဲ့ခြင်းဖြစ်တယ်။သူ့ နည်းက လွယ်
လည်းလွယ် ၊ရှင်းလည်းရှင်း၊ တန်ခိုးသိဒ္စိတွေမပေါတော့ (၂၀)ရာစု ခေတ်ပညာတတ်အနောက်တိုင်းသားတွေက လေ့လာကြတယ်။အသုံးပြုကြတယ်။ဒီမှာတင် အီမလိကူးလ်ရဲ့ 
ဆပ်ဂျက်ရှင်းနည်းက အရှေ့ တိုင်းထိရောက်လာတယ်။တစ်ကမ္ဘာလုံးရှိ စိတ်ညှို့ လောကကို ပြန့်နှံသွားတယ်လို့ ဆိုရမှာပေါ့။
ဆက်ဂျင်ရှင်းပေးတဲ့နည်းကို သာမန်လူတွေကို စမ်းသပ်အသုံးပြုနိုင်ပေမယ့် ကလေးသူငယ်တွေနဲ့ စိတ်ရောဂါဝေဒနာရှင်တွေကိုတော့ ကုသအသုံးပြုလို့ မရပါဘူး။ဘာဖြစ်လို့ လဲဆို
ရင် သူတို့ ဟာ မူမမှန်သောစိတ်ရှိသောကြောင့်ပဲဖြစ်ပါတယ်။ထို့ ကြောင့် နည်းလမ်းမှန်ကန်ဖို့ လိုအပ်ပါတယ်။ဆက်ဂျက်ရှင်းနည်းကို အသုံးပြုရာတွင် တစ်ကြိမ်တစ်ခါတည်းနဲ့ အထ
မြောက်မအောင်မြင်နိုင်သူများသည်။ အကြိမ်ကြိမ်ကြိုးစားအားထုတ်ကာမှ ရရှိနိုင်မည်ဖြစ်သည်။ဆက်ဂျင်ရှင်းပေးရာတွင် အကောင်းဆုံးအချိန်မှာ မနက်စောစောနဲ့ ည လိုမျိုးလူခြေ
တိတ်အချိန်မှာ ပြုလုပ်လျှင်သာ၌ပိုကောင်းပါသည်။အိပ်ယာထက်တွင် သက်တောင့်သက်သာအနေအထားအိပ်လျက် တစ်ကိုယ်လုံးရှိအကြောအခြင်များအား တတ်နိုင်သလောက်
ဖြေလျှော့ထားရမည်။မျက်ခွံများအား အကြောများလျော့လျက် နေရမည်။ ထိုအချိန်တွင် မိမိ သိစိတ်သည် ငိုက်မျဉ်းလာလိမ့်မည်။ အဲဒီအချိန်မှာ မိမိသည် မသိစိတ်အားရည်မှန်း၍
ဆက်ဂျင်ရှင်းပေးရမည်။မိမိဖြစ်ချင်သောဆန္ဒများအား ဆက်ဂျင်ရှင်းပေးရမည် ။ ဥပမာ – ရောဂါပျောက်လိုခြင်း ၊ တစ်စုံတစ်ခုအလိုရှိခြင်း ၊ အသံကောင်းလိုခြင်း စသည့်ဆန္ဒများကို
ဆက်ဂျင်ပေးရမည်။ထိုအခါ မသိစိတ်သည် မိမိဆန္ဒများအား ပြုလုပ်ဆောင်ရွက်ပေးသွားလိမ့်မည်။ မယုံမရှိကြပါနှင့် … မုချရရှိပေလိမ့်မည်။
နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောပြချင်တာက ဆက်ဂျင်ရှင်းကို နည်းလမ်းမှန်မှန်နဲ့  ယုံယုံကြည်ကြည်အသုံးပြုပါလို့  ပြောချင်ပါတယ်။လွယ်ကူ၍ အထင် မ small လိုက်ကြပါနဲ့ ဗျာ။
ဤနည်းသည်း ရှေးဆရာကြီးလက်ထက်တည်းက အခိုင်အမာ အသုံးပြုခဲ့ ကြသော နည်းတစ်နည်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်…….။
စာဖတ်သူပရိသတ်များအားလုံးကျန်းမာရွှင်လန်းနိုင်ကြပါစေသော်ဝ်…….

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...