" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Hack to User Account

ဒီ post လေးမှာတော့ Admin account,User account security ပိုင်းဆိုင်ရာများနဲ့ ပတ်သက်လို့ လက်လှမ်းမှီသလောက် လေးရှယ်ပါရစေ
အများသုံး ကွန်ပျူတာ တွေမှာ User account တွေ နှစ်ခု သုံးခု စသဖြင့်ရှိတက်ကြပါတယ် မိမိနဲ့ ကွန်ပျူတာ တစ်လုံးထဲမှာပဲ အသုံးပြုသူရဲ့
data တွေကို ၀င်ရောက်ကြည့်ရှု ချင်တယ် password လဲမသိဘူး ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါဗျာ..
(အခြားသူရဲ့ account ကို password ပြောင်းနိုင် Access လုပ်နိုင်တဲ့ နည်းလမ်းလေးပါ)
နည်းနည်း ပိုရှင်းသွားအောင် ကျွန်တော် ထပ်ပြောပါမယ် ဆိုကြပါစို့ ကျွန်တော် ရယ် အောင်အောင် ရယ်ဟာ ကွန်ပျူတာ တစ်လုံးထဲကို အသုံး
ပြုနေ တယ် ကျွန်တော်က အောင်အောင် ရဲ့ account ထဲဝင်ကြည့်ချင်တယ် ဆိုရင်ပေါ့ ဗျာ ( ဥပမာ ပြောပြနေတာနော် :P)
ပထမဆုံး ကျွန်တော် account ထဲ ကို ၀င် လိုက်ပါမယ် ပြီးရင် MY computer ကို right click ထောက်ပြီး Manage ကို ရွေးပါမယ်
အဲဒီအခါမှာတော့ Computer management ဆိုတဲ့ box လေးပေါ်လာပါမယ် Local user and group ကိုရွေးပါမယ် user , group နှစ်ခုရှိတဲ့
အထဲက user ကို double click လိုက်ပါမယ် အဲဒီမှာတော့ ကိုကိုအောင် ဆိုတဲ့ နာမည် နဲ့ description ကို တွေ့ ရမှာ ပါ ကိုကိုအောင် ဆိုတဲ့ item
လေးကို Right click ထောက်ပြီး set password ကို ရွေးပြီး proceed ကို click ပြီး password တစ်ခုခု ပြောင်းထည့်လိုက်မယ်ဗျာ
ပြီးရင်တော့ ထုံးစံအတိုင်း ok ပေးပြီး Start menu ကိုသွားပြီး log off ကို ရွေးပြီး switch user ကို click ပါ ပြီးရင် ကိုကိုအောင် ရဲ့ user log in မှာ
ကျွန်တော် အခုနက ပြောင်းထားတဲ့ password ကို ရိုက်ထည့်ပြီး ၀င်လိုက်ယုံပဲပေါ့
နောက်တစ်နည်းကတော့ ........
* start-->run တွင် control userpasswords2 ကိုရိုက်ထည့် ပါ..
* User Accounts dialog box ပေါ်လာပါမယ်..
* User for this computer : အောက်ကမိမိချိန်းချင်တဲ့ account ကိုရွေးပါ
*Reset Password ကို click နိုပ်ပါ..
*Reset Password box ပေါ်လာပါမည်
*New password : and Confirm new password : တွင် မိမိပေးလိုသော password ကိုထည့်ပါ..ok ကို နိုပ်ပါ.. user account တွင်လည်း Ok ကိုနိုပ်ပါ..
ဒါဆိုရင် အဆင်ပြေသွားပါပြီ လုပ်ချင်တာ ၀င်လုပ်ပေတော့...
အပေါ်ကလို Administrator Passwords ကို ဒီလိုလွယ်လွယ်လေးနဲ့တော့ Change လို့မရအောင်ကာကွယ်ထား ရန်လိုအပ်ပါတယ်
Start\Run ကနေ "secpol.msc" လို့ရိုက်ထည့်ပြီး Local security Settings ထဲကိုဝင်လိုက်ပါ။ အဲဒီအထဲက Account Policies\Passwords Policies ထဲကိုဝင်လိုက်ပါအုံး။ ညာဘက်က
"Passwords must meet complexity requirement" နဲ့ "Store passwords using reversible encryption for all users in the damain"
ကို Enable ပေးထားလိုက်ပါ။ Restart ချလိုက်ရင်ရပြီ။
ဝင်းဒိုးတင်ကတည်းက admin password ပေးမထားမိရင် login အ၀င်မှာ ctrl+shift+delete ၂ခါနှိပ်ပြီး user name နေရာမှာ
administrator ရိုက်ထည့်ပြီး ၀င်လို့ရတယ်ဆိုတာကို အားလုံးသိကြမှာပါ ဒီတော့ admin password ပေးထားသင့်တယ်ပါတယ်
Adminstrator password ကို လဲ ပြောင်းလို့ရပါသေးတယ်Commandpromptမှာဒီလိုလေးရိုက်ထည့်လိုက်ပါ…
net user administrator "NEW_PASSWORD"
Enter ခေါက် ဒါဆိုရင် အရင်သုံးခဲ့တဲ့ password ကို ရိုက်ပြစရာ မလိုပဲ changeနိုင်ပါပြီ နောက်တစ်နည်း
ကတော့ current user’s password ကို ပြောင်းတဲ့နည်းပါ
net user %username% "NEW_PASSWORD"
enter ခေါက် ဒါဆိုရင် အဆင်ပြေသွားပါပြီ old password ကို သိစရာ မလိုပါဘူး ဒီနည်းကတော့ run မှာ compmgmt.msc လို့ရိုက်ထည့်ပြီး
Local user and group\User မှ user name ကို right click ပေးပြီး Set password ခံပေးတာနဲ့ အတူတူပါပဲ
ဒီထက်လုံခြုံမှု့ရှိတာကတော့ BIOS မှာ password ခံထားတာပါ ဒါကိုလဲ ဒီ software နဲ့ reset လို့ရပါသေးတယ် CMOS က Battery ကို ၁၀ မိနစ်လောက် ဖြုတ်ထားရင်လဲ ပျက်ပါတယ်
နောက်တစ်ခုပြောပြချင်တာကတော့ မိမိက ဟိုနားဒီနားကို ခဏတစ်ဖြုတ် သွားစရာရှိတယ် ကွန်ပျူတာ ကို လဲ မပိတ်ခဲ့ ချင်ဘူး မိမိ ကွန်ပျူတာကို လဲ သူများဝင်မကိုင်စေချင်ဘူး ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါဗျာ
Run box မှာ control desktop ကို ရိုက်ထည့်ပါ Display properties ဆိုတဲ့ dialog box ကျလာပါမယ် Screen saver ကို ရွေးပါမယ် အလယ်နားလေးက
On resume ,display Welcome screen ဆိုတဲ့ စာကြောင်းလေးကို check လုပ်ပြီးတော့ Wait နေရာမှာ မိမိနှစ်သက်တဲ့ မိနစ်ကို ရွေးပြီး Apply , Ok
မိမိ accept ပေးထားတဲ့ မိနစ်ပြည့်သွားတာ နဲ့ Window က auto password ခံသွားမှာဖြစ်ပါတယ်..
(မှတ်ချက်။ password မှာ user account password အတိုင်းပင်ဖြစ်ပါတယ်၊ ကွန်ပျူတာမှာ user password ခံမထားဘူးဆိုရင်တော့ အကျိုးသက်ရောက် မှု့ မရှိပါဘူး)
မှတ်ချက် ။ ။ဖတ်မိ တွေ့မိထားတဲ့ အရာလေးတွေကို ရှာဖွေတင်ပြလိုက်တာ ပါ သိပြီးသူများ ရှိသလို မသိသေးသူများလည်း ရှိမှာပါ
ဘာပဲ ဖြစ်ဖြစ် တစ်စုံတစ်ယောက်အတွက် အသုံးတည့် သွားမယ်ဆိုရင် တင်ပြရကျိုး နပ်မယ်လို့ ခံယူမိပါတယ်......။
(သေးတိမ်တဲ့ ထောင့်တထောင့်က ဇီဇာ)

အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/forum/topics/admin-and-user-accounts#ixzz1qOz7A3M5

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...