" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စိတ်ညှို့ ပညာ အခြေခံ Basic Study Well Power

ဒီနေ့ တင်ပြမယ့် အကြောင်းအရာကတော့ “အခြေခံစိတ်ညှို့ နည်း” ဟုအမည်တပ်ထားပါတယ်။စိတ်ညှို့ ပညာကို အခြေခံက စတင်ပြီးတော့ သင်ကြားပေးပါမယ်။စိတ်ညှို့ ပညာကို တတ်မြောက်လိုပါက ကိုယ်လက်အင်္ဂါပြည့်စုံပြီး စိတ်ကူးလည်းထက်သန်ရပါမယ်။အထူးသဖြင့် မျက်နှာကို ကြည်လင်ရှင်းသန့်အောင်ထားရပါမည်။မျက်နှာတွင် ချေးညှော်များရှိနေပါကရှင်းလင်းပစ်ရပါမည်။စိတ်ညှို့ ပညာရှင်တစ်ယောက်ဖြစ်ရန်အတွက် ပထမဦးဆုံးအနေဖြင့် စိတ်တည်ငြိမ်ဖို့ လိုပါတယ်။စိတ်တည်ငြိမ်လျှင် ညှို့ ဓါတ်များတိုးပွား၍ အသုံးချရာမှာ ပိုမိုထိရောက်စေပါတယ်။
စိတ်ငြိမ်စေဖို့ အတွက် မလိုလားအပ်တဲ့ကိစ္စများဖြစ်သည့် မျက်တောင်ခဏခဏ ခတ်ခြင်း ၊ လက်သည်းများကို ကိုက်ခြင်း ၊ ဒူးလှုပ် ပေါင်လှုပ်ခြင်း နှင့် ခေါင်းခဏခဏ ညှိမ့်ခြင်းတို့ ကို
တတ်နိုင်သမျှ ချုပ်တီးထားရမည်။ဤသို့ ချုပ်တီးခြင်းဖြင့် သင့်ကိုယ်ထဲတွင် အလိုအလျောက်ညှို့ ဓါတ်များပွားများလာပြီး ဆန္ဒဓါတ်အရှိန်ဖြစ်စေနိုင်သည်။ဥပမာ -  ပွဲကြည့်လိုသော
စိတ်ဖြစ်ပေါ်လာလျှင် ငါပွဲမကြည့်ဘူးဟု ဆုံးဖြတ်ကာ ပွဲမကြည့်ဖြစ်အောင်ချုပ်တီးထားနိုင်ရမည်ဖြစ်သည်။ထို့ ကြောင့် လေ့ကျင့်ခန်းအစအနေဖြင့် ဤသို့  ချုပ်တီးနိုင်အောင်လေ့ကျင့်
ရမည်ဖြစ်သည်။
- * ဒုတိယလေ့ကျင့်ခန်းကတော့ မျက်စိထက်သန်အောင်ပြုလုပ်ရမယ့်လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ လူ့ မျက်စိသည်အလွန်တန်ခိုးကြီးမားသည်။ သားရဲတိရိစ္ဆာန်များသည် လူ့ မျက်စိ
ကို အလွန်ကြောက်ရွံကြသည်။ဆပ်ကပ်ပွဲများ၏ ဆရာလုပ်သူက ခြင်္သေ့အရိုင်းများကို မျက်စိဖြင့်ထိန်းချုပ်ကာ ကပြဖျော်ဖြေကြရ၏။ထို့ ကြောင့်လူ မျက်စိသည်လည်း အရှိန်အ၀ါကြီး
မားသည်ကို တွေ့ ရသည်။မိမိမျက်စိကို ထက်သန်အောင်ပြုလုပ်ပေးရမည်။ဤမျက်စိထက်သန်အောင်ပြုလုပ်နည်းကို ဒီဘလော့ဂ်စာမျက်နှာတစ်ခု၌ဖော်ပြထားပြီးဖြစ်သည်။ ထိုနည်း
အတိုင်းလေ့ကျင့်ပါ မိတ်ဆွေ။သင့် မျက်စိသည် ကျင့်ကြံသောအခါ တနင်္ဂနွေ(၅)ပတ်မြောက်၌ အလွန်ထူးခြားလာမည်ကိုတွေ့ ရမည်ဖြစ်သည်။မယုံမရှိနှင့် … ကိုယ်တွေ့ ဖြစ်ပါတယ်။
ယနေ့  ကမ္ဘာပေါ်တွင် နာမည်ကြီးပုဂ္ဂိုလ်များသည်လည်း မျက်စိတန်ခိုးအလွန်ကြီးမားကြသည်။ဥပမာပြရလျှင် ကျွန်ုပ်တို့  မြန်မာနိုင်ငံတွင်လည်း မျက်စိတန်ခိုးထက်သန်သော
ပုဂ္ဂိုလ်များ ၊ အနုပညာရှင်များရှိကြသည်။ထိုသူတို့ မှာ လေးဖြူ ၊ လူမင်း ၊ စိုးမြတ်သူဇာတို့ စသည့်သူများဖြစ်ကြလေသည်။ထိုသူတို့ သည် အထက်ပါနည်းကို သင့်ထက်
စောစီးစွာသိရှိပြီး၍ လေ့ကျင့်ကာ အောင်မြင်သောဘ၀များကိုပိုင်ဆိုင်ထားပြီးသူများဖြစ်ကြလေ၏။ကျွန်ုပ်လည်း အပါအ၀င် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ထားပါတော့ – သင်လည်း
ဤဘ၀မျိုးကို ကုသိုလ်ကံထူး၍ပိုင်နိုင်နေပြီဖြစ်လေသည်။သင့်ရှေ့ မှောက်သို့ ရောက်ရှိလာလေသော တန်ဖိုးမဖြတ်နိုင်တဲ့ကျင့်စဉ်ကို အဘယ်ကြောင့်မကျင့်နိုင်လေသနည်း?
-* တတိယနည်းကတော့ ကိုယ်ရောင်ကိုယ်ဝါတောက်ပလာအောင်ပြုလုပ်နည်းလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။လူ့ ခန္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒကိုယ်၌ ကိုယ်ရောင်များရှိကြလေသည်။ တရားကျင့်ကြံအားထုတ်
သော ရသေ့သူတော်စင်များ၏ကိုယ်ရောင်ကိုယ်ဝါသည် အဖြူရောင်ထွက်တတ်သည်။ယုတ်ညံ့သော သူများ၏ ကိုယ်ရောင်ကိုယ်ဝါသည် နီကျင့်ကျင့် အရောင်များထွက်တတ်သည်။
ဤအရောင်များကို သမာဓိရှိသော သူတော်စင်များသာ မြင်တွေ့ နိုင်လေသည်။သင့်၌ ကိုယ်ရောင်ကိုယ်ဝါထွက်လိုသောအခါ လေ့ကျင့်နည်းကတော့  ညအိပ်ယာဝင်ချိန်တွင် ပက်
လက်အနေအထားကိုပြင်ဆင်ပါ။ စိတ်ကိုဖြေလျှော့ပြီး ဘာမှမတွေးဘဲနေရမည်ဖြစ်သည်။ထို့ နောက် စိတ်ကူးထဲ၌ မိမိသည် စကြာဝဋာကြီးတစ်ခုထဲသို့ ရောက်ရှိနေပြီး မိမိအနားတွင်
ကြယ်များသာရှိသည်ဟုတွေးထင်ရမည်။ထို့ အတူ မိမိသည် အဖြူရောင်များဖြင့် ဖုံးလွှမ်းကာ တောက်ပနေသည်ဟုတွေးရမည်ဖြစ်သည်။သင့်စိတ်ကူးထက်သန်လေ အောင်မြင်လေ
ဖြစ်သည်။ဤကဲ့ သို့  တနဂ်နွေ (၅)ပတ်လေ့ကျင့်ရမည်။ထို့ နောက်တွင်သင်သည် လူထဲ၌ ထူးခြားသော အရောင်အဆင်းနှင့်ပြည့်စုံသောသူတစ်ယောက်ဖြစ်လာလိမ့်မည်။
-*အထက်ပါလေ့ကျင့်ခန်း (၃)ခုကိုလေ့ကျင့်တတ်မြောက်ပြည့်စုံလာပါက သင်သည် စိတ်ညှို့ ခြင်း၏ ပထမခြေလှမ်းသို့ စတင်ရောက်ရှိလာပြီဖြစ်သည်။ထို့ ကြောင့် ညှို့ ဓါတ်ပယ်ပြယ်
မသွားအောင် ဒူးလှုပ်ခြင်း ၊ မျက်တောင်ခဏခဏခတ်ခြင်းနှင့် ခေါင်းတညိမ့်ညိမ့်လုပ်ခြင်းတို့ ကိုရှောင်ကြဉ်ရမည်။ထို့ သို့ ပြုလုပ်ပါက သင်သည်ညှို့ ဓါတ်ပြယ်တတ်လေသည်။
သင်သည် လေ့ကျင့်ခန်းအနေဖြင့် အနီးအနားရှိသက်ရှိများကို စိတ်ဖြင့် ညှို့ ကြည့်ရမည်ဖြစ်သည်။ ဥပမာပြောရရင် – ကျွန်ုပ်သည် လက်တွေ့ လေ့ကျင့်ခန်းအဖြစ်  အိမ်မြှောင်တစ်
ကောင်အားညှို့ ကြည့်လေသည်။ကျွန်ုပ်သည် ထက်သန်သောမျက်လုံးဖြင့် အိမ်မြှောင်တစ်ကောင်အားစူးစိုက်၍ကြည့်လေသည်။ကျွန်ုပ်၏စိတ်ထဲတွင်လည်း အိမ်မြောင်တွယ်ကပ်
နေသော အုတ်နံရံသည် မီးကဲ့သို့ ပူလောင်လာနေသည်ဟုတွေးထင်မိလေ၏။များမကြာမီ (၅)မိနစ်ခန့်တွင် အိမ်မြောင်သည် “တ.တက်. တက်”ဟုအော်မြည်ကာ ကြမ်းပြင်ပေါ်သို့
ဖုတ်ခနဲ ပြုတ်ကျလာလေသည်။ကျွန်တော်သည် အမှန်တကယ်အားဖြင့် ထိုအချိန်၌များစွာ အံ့သြသင့်သွားလေသည်။တိုက်ဆိုင်မှုတစ်ခုဟု ထင်မှတ်မိသည်။သို့ သော် မယုံကြည်၍
နောက်တစ်နေ့ တွင်လည်း ထိုအတိုင်း ညှို့ ကြည့်သောအခါမှ ယုံကြည်လေတော့သည်။ဤနည်းသည် အပြင်ပန်းကြည့်ပါ အရူးတစ်ယောက်လို ဖြစ်နေပါလိမ့်မည်။မဖြစ်နိုင်ဘူးဟု
တချို့ က ယူဆကြသည်။မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး… မဖြစ်သေးတာပဲရှိပါတယ်။ မယုံမရှိကြပါနဲ့ လို့ ပြောချင်ပါတယ်။ တစ်ကယ်လုပ်ရင် အဟုတ်ကိုဖြစ်စေပါတယ်။ဒီနေ့ အတွက်
တော့ ဒီလောက်မျှနဲ့ ပဲရပ်နားပါရစေ။နောက်တနေ့ တွေမှာ စိတ်ဝင်စားဖွယ်ကြောင်းတဲ့အကြောင်းအရာများကိုလည်း တင်ဆက်ပေးပါဦးမည်။ဤဘလော့ဂ်နှင့်ပက်သက်၍ မရှင်းမ
လင်းသည်ရှိပါက comment box နေရာတွင် မေးမြန်းအကြံညဏ်ရယူနိုင်ပါတယ်။သို့ မဟုတ် htetaunghlaing.retina@gmail.com သို့ မေးလ်ပို့ ပြီး ရင်းနှီးစွာမေးမြန်းနိုင်ပါတယ်။
အသံဖြင့်ဆက်သွယ်မေးမြန်းခြင်းသီးခံပေးကြပါ။ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ personal ဖြစ်နေတဲ့အတွက်ကြောင့်ပါဗျာ။
စာဖတ်သူပရိသတ်များအားလုံးကျန်းမာချမ်းသာဘေးရန်းကင်းကွာကြပါစေသော်ဝ်…….

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...